ထိုသိုးတို့ကို ဝယ်ယူထားသောသူတို့သည် ထိုသိုးတို့ကို သတ်ဖြတ်သော်လည်း အပြစ်ဒဏ်မခံရ။ ရောင်းသူတို့ကလည်း ‘ငါချမ်းသာပြီဖြစ်၍ ထာဝရဘုရားကို ချီးမွမ်းပါ၏’ဟု ဆိုကြ၏။ သိုးထိန်းတို့သည်လည်း ထိုသိုးတို့ကို မသနားကြ”ဟု မိန့်တော်မူ၏။
သိုးရှင်များသည်ထိုသိုးတို့ကိုသတ်ဖြတ် ကြသော်လည်း အဘယ်သို့မျှအပြစ်မသင့် ကြ။ သူတို့သည်သိုးသားကိုရောင်းပြီး လျှင်`ငါတို့ကားချမ်းသာကြွယ်ဝလာလေ ပြီ။ ထာဝရဘုရားသည်မင်္ဂလာရှိတော်မူ စေသတည်း။' သိုးထိန်းများပင်လျှင်မိမိ တို့၏သိုးများကိုသနားဖော်မရကြဟု ဆိုကြ၏'' ဟူ၍မိန့်တော်မူ၏။
ပိုင်သောသူတို့သည် သတ်၍ ကိုယ်အပြစ်ရှိသည်ကို မသိကြ။ ရောင်းစားသော သူတို့ကလည်း၊ ငါရတတ်သည်ဖြစ်၍ ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်းဟု ဆိုကြ၏။ သိုးထိန်းတို့သည်လည်း သနားခြင်း ကရုဏာမရှိကြ။
ပရောဖက်အဖွဲ့သားများ၏ဇနီးသည်များထဲမှ အမျိုးသမီးတစ်ယောက်က ဧလိရှဲအား “အရှင့်အစေအပါး အကျွန်ုပ်၏ခင်ပွန်း သေဆုံးသွားပါပြီ။ အရှင့်အစေအပါးသည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေကြောင်းကို အရှင်သိပါ၏။ ယခုမှာ ကြွေးရှင်က အကျွန်ုပ်၏သားနှစ်ဦးကို ကျွန်အဖြစ် သိမ်းယူဖို့ လာပါပြီ”ဟု အော်ဟစ်အကူအညီတောင်းလေ၏။
သူတို့အား “လူမျိုးခြားတို့ထံ အရောင်းစားခံလိုက်ရသော ငါတို့အမျိုးသားချင်းဂျူးလူမျိုးတို့ကို ငါတို့ မဖြစ်မနေပြန်ဝယ်ယူခဲ့ပြီးမှ သင်တို့သည် ကိုယ့်အမျိုးသားချင်းကို ပြန်ရောင်းစားပါပြီတကား။ ငါတို့ထံ ပြန်ရောင်းစားကြပါပြီတကား”ဟု ဆိုသောအခါ သူတို့သည် ဘာမျှပြန်မပြောဘဲ ဆိတ်ဆိတ်နေကြ၏။
အစ္စရေးလူမျိုးသည် ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုး၊ ကိုယ်တော်၏အသီးအနှံတို့တွင် အသီးဦးဖြစ်၏။ သူ့ကို ဝါးမျိုသောသူအပေါင်းတို့အပေါ် အပြစ်သက်ရောက်မည်၊ ဘေးအန္တရာယ်ကျရောက်မည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု မိန့်ဆို၏။
သူတို့ကိုတွေ့သူတိုင်း သူတို့ကိုဝါးမျိုကြပြီ။ သူတို့၏ရန်သူတို့က ‘ငါတို့၌အပြစ်မရှိ။ အကြောင်းမူကား သူတို့၏စစ်မှန်သောခိုလှုံရာထာဝရဘုရား၊ သူတို့ဘိုးဘေးတို့၏မျှော်လင့်ရာထာဝရဘုရားကို သူတို့ပြစ်မှားကြပြီ’ဟု ဆိုကြလေပြီ။
ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် သိုးထိန်းတို့ကိုဆန့်ကျင်၍ သူတို့ထံမှ ငါ့သိုးတို့ကို ပြန်တောင်းမည်။ သူတို့ကို သိုးထိန်းအဖြစ်မှ နုတ်ပယ်ပစ်မည်။ သိုးထိန်းတို့သည် သူတို့ကိုယ်ကို ကျွေးမွေးနိုင်တော့မည်မဟုတ်။ ငါ့သိုးများကို သူတို့နှုတ်မှကယ်နုတ်မည်၊ သူတို့အစာ မဖြစ်စေရ’ဟု မိန့်တော်မူ၏။
သင်တို့သည် အားနည်းသောသိုးတို့ကို နံစောင်း၊ ပခုံးတို့ဖြင့် တွန်းထုတ်သည်သာမက အဝေးသို့လွင့်ထွက်သွားသည့်တိုင်အောင် ချိုဖြင့်ဝှေ့သောကြောင့်
ငါ့သိုးတို့သည် တောင်တန်းရှိသမျှ၊ ကုန်းမြင့်ရှိသမျှတို့တွင် လှည့်လည်သွားလာနေရပြီ။ မြေတစ်ပြင်လုံးသို့ ကွဲလွင့်ကုန်ပြီ။ ငါ့သိုးတို့ကို လိုက်လံရှာဖွေသူ တစ်ယောက်မျှမရှိ’ဟု မိန့်တော်မူ၏။
ဧဖရိမ်က ‘ငါကိုယ်တိုင် ဥစ္စာဓနကို ရှာတွေ့၍ ချမ်းသာကြွယ်ဝပြီ။ ထိုဥစ္စာဓနတို့ကို ဒုစရိုက်ပြုခြင်းဖြင့် ရရှိသည်ဟု မည်သူမျှ ငါ့ကိုအပြစ်ဆိုစရာအကြောင်းမရှိ’ဟု ဆို၏။
သင်တို့ အီဂျစ်ပြည်၌ရှိစဉ်ကပင် ငါ ထာဝရဘုရားသည် သင်တို့၏ဘုရားသခင် ဖြစ်၏။ သတ်မှတ်ထားသောပွဲတော်အချိန်ကကဲ့သို့ သင်တို့ကို တဲထဲတွင် ပြန်နေစေမည်။
တစ်ဖန် ထာဝရဘုရားဤသို့မိန့်တော်မူပြီ။ ထာဝရဘုရားက “အစ္စရေးလူမျိုးတို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ငွေအတွက် ဖြောင့်မတ်သောသူကို ရောင်းစား၏။ ဖိနပ်တစ်ရံအတွက် နွမ်းပါးသူကို ရောင်းစား၏။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ကောင်းကင်နိုင်ငံတော်ကို လူတို့ရှေ့၌ပိတ်ထား၍ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်လိုသောသူများကိုလည်း ဝင်ခွင့်မပေးကြ။
သင်တို့အား ငါအမှန်အကန်ဆိုမည်။ သိုးခြံထဲသို့ တံခါးပေါက်မှမဝင်ဘဲ အခြားနည်းဖြင့်ကျော်ဝင်သောသူသည် သူခိုး၊ ဓားပြဖြစ်၏။
လူတို့သည် သင်တို့ကို ဝတ်ပြုစည်းဝေးကျောင်းမှ ထုတ်ပယ်ကြလိမ့်မည်။ ထိုမျှမက သင်တို့ကိုသတ်သောသူတိုင်း မိမိတို့သည် ဘုရားဝတ်ကိုပြုနေသည်ဟု ထင်မှတ်သောအချိန်ကာလရောက်လာတော့မည်။
သူတို့သည် လောဘစိတ်ဖြင့် လုပ်ကြံဖန်တီးသောစကားများကိုပြောဆိုလျက် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ သူတို့ခံရမည့် ပြစ်ဒဏ်စီရင်ခြင်းသည် ရှေးယခင်ကပင် ဖင့်နှေးခြင်းမရှိ။ သူတို့၏ပျက်စီးခြင်းသည်လည်း ငိုက်မျဉ်းခြင်းမရှိ။
သစ်ကြံပိုး၊ ဟင်းခတ်အမွှေးအကြိုင်၊ နံ့သာပေါင်း၊ ဆီမွှေး၊ လော်ဗန်၊ စပျစ်ဝိုင်၊ ဆီ၊ ဂျုံမှုန့်၊ ဂျုံဆန်၊ ကျွဲနွားတိရစ္ဆာန်၊ သိုး၊ မြင်း၊ မြင်းရထား၊ လူ့ကိုယ်ခန္ဓာနှင့် လူ၏အသက်တို့ပင်ဖြစ်ကြ၏။
သင်က ‘ငါသည် ချမ်းသာ၍ကြွယ်ဝသောကြောင့် မည်သည့်လိုအပ်ချက်မျှမရှိ’ဟု ဆိုနေ၏။ သို့သော် သင်သည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောသူ၊ သနားစရာကောင်းသောသူ၊ ဆင်းရဲသောသူ၊ မျက်စိမမြင်သောသူနှင့် အဝတ်မပါအချည်းစည်းဖြစ်သောသူဖြစ်ကြောင်းကို သင်မသိ။