အကျွန်ုပ်ကို ခြင်္သေ့၏ခံတွင်းမှလည်းကောင်း၊ နွားရိုင်းတို့၏ဦးချိုမှလည်းကောင်း ကယ်တင်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကိုထူးတော်မူပြီ။
ဇာခရိ 11:3 - မြန်မာ့စံမီသမ္မာကျမ်း အသရေဖျက်ဆီးခံရသောကြောင့် သိုးထိန်းတို့၏မြည်တမ်းသံကို ကြားရလေပြီ။ ဂျော်ဒန်တောအုပ်ကြီးဖျက်ဆီးခံရသောကြောင့် ခြင်္သေ့ပျိုတို့၏ဟိန်းသံကို ကြားရလေပြီ။ Common Language Bible ဘုရင်မင်းတို့သည်ဝမ်းနည်းကြေကွဲလျက် ငိုကြွေးကြ၏။ သူတို့၏ဘုန်းအသရေကားကွယ်ပျောက် သွားလေပြီ။ ခြင်္သေ့များ၏ဟောက်သံကိုနားထောင် ကြလော့။ သူတို့ခိုအောင်းရာယော်ဒန်မြစ်ဝှမ်းရှိ သစ်တောသည်ကားပျက်ပြုန်း၍သွားလေပြီ။ Garrad Bible စား ကျက် ပျက် စီး သည့် အ တွက်၊ အ ထိန်း အ ကျောင်း တို့ အော် ဟစ် သံ၊ ယော် ဒန် ပိတ် ပေါင်း ပျက် စီး သည့် အ တွက်၊ ခြင်္သေ့ ပျို တို့ ဟိန်း ဟောက် သံ ကို၊ ကြား ရ လေ စွ။ Judson Bible သိုးထိန်းတို့သည် မိမိတို့အသရေပျက်သောကြောင့်၊ မြည်တမ်းသောအသံကို ပြုကြ၏။ ယော်ဒန်မြစ်၏ ဂုဏ်အသရေပျက်သောကြောင့်၊ ခြင်္သေ့ပျိုဟောက်သောအသံကို ကြားရ၏။ |
အကျွန်ုပ်ကို ခြင်္သေ့၏ခံတွင်းမှလည်းကောင်း၊ နွားရိုင်းတို့၏ဦးချိုမှလည်းကောင်း ကယ်တင်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကိုထူးတော်မူပြီ။
သူတို့၏အော်ဟစ်သံသည် ခြင်္သေ့ဟိန်းဟောက်သံနှင့်တူ၏။ သူတို့သည် ခြင်္သေ့ပျိုကဲ့သို့ဟိန်းဟောက်မာန်ဖီလျက် သားကောင်ကိုဖမ်းပြီး ဆောင်ယူသွားလိမ့်မည်။ ကယ်မည့်သူမရှိ။
သင်တို့၏နာမည်သည် ငါရွေးချယ်သောသူတို့ ကျိန်ဆဲစရာအဖြစ် ကျန်ရစ်မည်။ အရှင်ထာဝရဘုရားသည် သင့်ကိုကွပ်မျက်တော်မူမည်။ မိမိ၏အစေအပါးများကိုကား အခြားနာမည်ဖြင့် ခေါ်တော်မူမည်။
သူ့ကို ခြင်္သေ့ပျိုတို့ ဟိန်းဟောက်ကြပြီ၊ မာန်ဖီကြပြီ။ သူ၏ပြည်ကို လူသူကင်းမဲ့ရာဖြစ်စေကြပြီ။ သူ၏မြို့တို့သည် ဖျက်ဆီးခြင်းခံရ၍ နေထိုင်သူမရှိတော့ပြီ။
“ငါသည် သင်တို့၏သားသမီးများကို ဆုံးမသော်လည်း အကျိုးမရှိ။ သူတို့သည် ဆုံးမပဲ့ပြင်ခြင်းကိုလက်မခံကြ။ သင်တို့၏ဓားသည် သွေးဆာနေသောခြင်္သေ့ကဲ့သို့ ပရောဖက်များကို ဝါးမျိုလေပြီ။
ဤအိမ်တော်ကို ရှိလောအရပ်ကဲ့သို့ ငါဖြစ်စေမည်။ ဤမြို့ကိုလည်း မြေကြီးပေါ်ရှိ လူမျိုးတကာတို့ ကျိန်ဆဲရာမြို့ဖြစ်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုလော့။
ကြည့်ရှုလော့။ ဂျော်ဒန်တောအုပ်မှ စိမ်းလန်းသောစားကျက်မြေသို့ ခြင်္သေ့တက်လာသောအခါ သားကောင်တို့ထွက်ပြေးရသကဲ့သို့ ထိုပြည်သားတို့ကို ထိုပြည်မှ ငါရုတ်ချည်းထွက်ပြေးစေမည်။ ငါရွေးချယ်သောသူကို ထိုပြည်၌ ငါခန့်ထားမည်။ မည်သူသည် ငါနှင့်တူသနည်း။ မည်သူသည် ငါ့ကိုစိန်ခေါ်ဝံ့သနည်း။ မည်သည့်သိုးထိန်းသည် ငါ့ကိုဆန့်ကျင်ပြီး ရပ်တည်နိုင်သနည်း”ဟု မိန့်တော်မူ၏။
ကြည့်ရှုလော့။ ရန်သူသည် ခြင်္သေ့ကဲ့သို့ ဂျော်ဒန်တောအုပ်မှ စိမ်းလန်းသောစားကျက်မြေသို့တက်လာသောအခါ ထိုပြည်သားတို့ကို ထိုပြည်မှ ငါရုတ်ချည်းထွက်ပြေးစေမည်။ ငါရွေးချယ်သောသူကို ထိုပြည်၌ ငါခန့်ထားမည်။ မည်သူသည် ငါနှင့်တူသနည်း။ မည်သူသည် ငါ့ကိုစိန်ခေါ်ဝံ့သနည်း။ မည်သည့်သိုးထိန်းသည် ငါ့ကိုဆန့်ကျင်ပြီး ရပ်တည်နိုင်သနည်း”ဟု မိန့်တော်မူ၏။
‘ဤသည်ကား ထာဝရဘုရား၏ဗိမာန်တော်၊ ထာဝရဘုရား၏ဗိမာန်တော်၊ ထာဝရဘုရား၏ဗိမာန်တော်ဖြစ်သည်’ဟု ဆိုတတ်သောသူတို့၏မုသားစကားကို သင်တို့မယုံကြနှင့်။
‘သင့်မိခင်ကား မည်သို့သောသူနည်း။ ခြင်္သေ့ပျိုတို့နှင့်အတူနေထိုင်၍ သားပေါက်တို့ကိုကျွေးမွေးသောခြင်္သေ့မ၊ ခြင်္သေ့များကြားမှ ခြင်္သေ့မဖြစ်သည်မဟုတ်လော။
ရှမာရိမြို့သားတို့သည် ဗေသဝင်နွားမတမ်းရုပ်တုကြောင့် ကြောက်ရွံ့နေကြ၏။ ထိုရုပ်တု၏ဘုန်းအသရေကွယ်ပျောက်သွားပြီဖြစ်၍ ရှမာရိမြို့သားများသည် ငိုကြွေး၍ ထိုရုပ်တု၌မွေ့လျော်သောယဇ်ပုရောဟိတ်များသည် မြည်တမ်းကြလိမ့်မည်။
အို ယဇ်ပုရောဟိတ်တို့၊ လျှော်တေအဝတ်ကိုဝတ်၍ မြည်တမ်းကြလော့။ ယဇ်ပလ္လင်၏အမှုထမ်းတို့၊ ညည်းတွားကြလော့။ ငါ၏ဘုရားသခင်အမှုတော်ကိုထမ်းဆောင်သောသူတို့၊ လာကြ။ တစ်ညလုံး လျှော်တေအဝတ်ကိုဝတ်အိပ်ကြလော့။ အကြောင်းမူကား သင်တို့ဘုရားသခင်၏အိမ်တော်တွင် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ ကုန်ခန်းလေပြီ။
ထိုအကြောင်းကြောင့် ပြည်သည် ထိတ်လန့်တုန်လှုပ်၍ ပြည်သားတို့လည်း ငိုကြွေးမြည်တမ်းရမည် မဟုတ်လော။ တစ်ပြည်လုံးသည် နိုင်းမြစ်ကဲ့သို့ လှိုင်းထပြီး အီဂျစ်မြစ်ရေကဲ့သို့ လှုပ်ခါ၍ ပြန်ဆုတ်သွားလိမ့်မည် မဟုတ်လော။
ထိုနေ့ရက်၌ ငါးတံခါးဝမှ ငိုကြွေးသံ၊ မြို့၏နေရာသစ်မှ မြည်တမ်းသံ၊ တောင်ကုန်းများပေါ်မှကျယ်လောင်သော အက်ကွဲသံတို့ကို ကြားရလိမ့်မည်။
ထိုနေ့ရက်တွင် ငါ့ကို သင်ပုန်ကန်ခဲ့သောအမှုအလုံးစုံကြောင့် သင်အရှက်ကွဲရလိမ့်မည်မဟုတ်။ သင့်အထဲရှိ အပျော်အပါးလိုက်စားခြင်း၊ မာနထောင်လွှားခြင်းတို့ကို ငါဖယ်ရှားပစ်မည်။ ထို့ကြောင့် ငါ၏သန့်ရှင်းရာတောင်တော်တွင် ဘဝင်မြင့်ခြင်းများ ရှိတော့မည်မဟုတ်။
ထိုမြို့၏အကြီးအကဲတို့သည် ဟိန်းဟောက်သောခြင်္သေ့များနှင့် တူ၏။ တရားသူကြီးတို့သည် နေဝင်ချိန်ရောက်မှ အစာရှာ၍ နံနက်တိုင်အောင် ဘာမျှမချန်ဘဲ စားတတ်သောဝံပုလွေများနှင့်တူ၏။
အို ထင်းရှူးပင်၊ ညည်းတွားလော့။ အကြောင်းမူကား သစ်ကတိုးပင် လဲကျ၍ ကျက်သရေဆောင်သစ်ပင်တို့ ပျက်စီးကုန်ပြီ။ အို ဗာရှန်ဝက်သစ်ချပင်တို့၊ ညည်းတွားကြလော့။ အကြောင်းမူကား ထူထပ်သောသစ်တောကြီး ပြုန်းတီးသွားလေပြီ။
တစ်လတည်းတွင် သိုးထိန်းသုံးဦးကို ငါဖယ်ရှားပစ်၏။ ငါသည် သူတို့ကို သည်းမခံနိုင်။ သူတို့သည်လည်း ငါ့ကို မုန်းကြ၏။
သူတို့ရှိကြပါလေစေ။ သူတို့သည် မျက်မမြင်တို့ကိုလမ်းပြသော မျက်မမြင်များဖြစ်ကြ၏။ မျက်မမြင်သည် မျက်မမြင်ကိုလမ်းပြလျှင် နှစ်ဦးစလုံး တွင်းထဲသို့ကျလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
သင်တို့ဘိုးဘေးများ မညှဉ်းဆဲခဲ့သောပရောဖက်တစ်ပါးပါးရှိသလော။ သူတို့သည် ဖြောင့်မတ်သောအရှင်ကြွလာမည့်အကြောင်း ကြိုတင်ဟောပြောသောသူများကိုသတ်ခဲ့ကြ၏။ ယခု သင်တို့သည် ထိုဖြောင့်မတ်သောအရှင်ကို သစ္စာဖောက်သောသူနှင့် သတ်ဖြတ်သောသူများဖြစ်ကြပြီ။