ဤသို့ဖြင့် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်တည်ဆောက်ခြင်းအမှုကို ရပ်ဆိုင်းလိုက်ရာ ပါးရှားဘုရင်ဒါရိမင်းကြီး နန်းစံသည့် ဒုတိယနှစ်တိုင်အောင် ရပ်ဆိုင်းလေ၏။
ဇာခရိ 1:1 - မြန်မာ့စံမီသမ္မာကျမ်း ဒါရိမင်းကြီးနန်းစံ ဒုတိယနှစ်၊ အဋ္ဌမလတွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဣဒေါ၏မြေး၊ ဗေရခိ၏သား ပရောဖက်ဇာခရိထံသို့ရောက်လာ၍ Common Language Bible ဤဗျာဒိတ်တော်သည်ပေရသိဧကရာဇ်ဘုရင် ဒါရိနန်းစံဒုတိယနှစ်၊ အဋ္ဌမလ၌ပရောဖက် ဇာခရိအားထာဝရဘုရားပေးတော်မူသော နှုတ်ကပတ်တော်ဖြစ်သည်။ ဇာခရိကားဣဒေါ ၏မြေး၊ ဗာရခိ၏သားဖြစ်သတည်း။- Garrad Bible ဒါ ရိ မင်း နန်း စံ နှစ် နှစ်၊ အ ဋ္ဌ မ လ တွင်၊ ဣ ဒေါ မြေး၊ ဗာ ရ ခိ သား ပ ရော ဖက် ဇာ ခ ရိ သို့ ရောက် လာ သော၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊ Judson Bible ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ အဋ္ဌမလတွင်၊ ဣဒေါသား ဗာရခိ၏သား ပရောဖက်ဇာခရိသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ |
ဤသို့ဖြင့် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်တည်ဆောက်ခြင်းအမှုကို ရပ်ဆိုင်းလိုက်ရာ ပါးရှားဘုရင်ဒါရိမင်းကြီး နန်းစံသည့် ဒုတိယနှစ်တိုင်အောင် ရပ်ဆိုင်းလေ၏။
ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါ၏သားပရောဖက်ဇာခရိတို့သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင်နာမတော်ကိုအမှီပြု၍ ယုဒပြည်၊ ဂျေရုဆလင်မြို့ရှိ ဂျူးလူမျိုးတို့အား ပရောဖက်ပြုဟောပြောလေ၏။
ဒါရိမင်းကြီးနန်းစံ ဒုတိယနှစ်၊ ဆဋ္ဌမလ၊ တစ်ရက်နေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ဟဂ္ဂဲမှတစ်ဆင့် ရှာလသေလ၏သား ယုဒဘုရင်ခံဇေရုဗဗေလနှင့် ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှုတို့ထံသို့ ရောက်လာသည်မှာ ဤသို့တည်း။
ထိုအချိန်သည် ဒါရိမင်းကြီးနန်းစံဒုတိယနှစ်၊ ဆဋ္ဌမလ၊ နှစ်ဆယ့်လေးရက်နေ့ ဖြစ်၏။
တစ်ဖန် ဒါရိမင်းကြီး နန်းစံ ဒုတိယနှစ်၊ နဝမလ၊ နှစ်ဆယ့်လေးရက်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ဟဂ္ဂဲထံသို့ ရောက်လာ၍
ထိုလ၊ နှစ်ဆယ့်လေးရက်နေ့တွင်ပင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဟဂ္ဂဲထံ ဒုတိယအကြိမ်ရောက်လာ၍
တစ်ဖန် ဒါရိမင်းကြီးနန်းစံ ဒုတိယနှစ်၊ ရှေဗတ်လဟုခေါ်သော တစ်ဆယ့်တစ်လ၊ နှစ်ဆယ့်လေးရက်နေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဣဒေါ၏မြေး၊ ဗေရခိ၏သား ပရောဖက်ဇာခရိထံသို့ရောက်လာ၏။
ဒါရိမင်းကြီးနန်းစံလေးနှစ်၊ ခိသလုလဟုခေါ်သော နဝမလ၊ လေးရက်နေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါဇာခရိထံသို့ ရောက်လာပြန်၏။
သို့ဖြစ်၍ ဖြောင့်မတ်သောသူ အာဗေလ၏သွေးမှစ၍ ဗိမာန်တော်နှင့်ယဇ်ပလ္လင်ကြားတွင် သင်တို့သတ်ခဲ့သော ဗာရခိ၏သား ဇာခရိ၏သွေးတိုင်အောင် မြေကြီးပေါ်၌ သွန်းလောင်းခြင်းခံရသည့် ဖြောင့်မတ်သောသူတို့၏သွေးကြွေးရှိသမျှသည် သင်တို့အပေါ်သို့ ကျရောက်လိမ့်မည်။