ဇာခရိ 1:1 - Common Language Bible1 ဤဗျာဒိတ်တော်သည်ပေရသိဧကရာဇ်ဘုရင် ဒါရိနန်းစံဒုတိယနှစ်၊ အဋ္ဌမလ၌ပရောဖက် ဇာခရိအားထာဝရဘုရားပေးတော်မူသော နှုတ်ကပတ်တော်ဖြစ်သည်။ ဇာခရိကားဣဒေါ ၏မြေး၊ ဗာရခိ၏သားဖြစ်သတည်း။- အခန်းကိုကြည့်ပါ။Garrad Bible1 ဒါ ရိ မင်း နန်း စံ နှစ် နှစ်၊ အ ဋ္ဌ မ လ တွင်၊ ဣ ဒေါ မြေး၊ ဗာ ရ ခိ သား ပ ရော ဖက် ဇာ ခ ရိ သို့ ရောက် လာ သော၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊ အခန်းကိုကြည့်ပါ။Judson Bible1 ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ အဋ္ဌမလတွင်၊ ဣဒေါသား ဗာရခိ၏သား ပရောဖက်ဇာခရိသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ဒါရိမင်းကြီးနန်းစံ ဒုတိယနှစ်၊ အဋ္ဌမလတွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဣဒေါ၏မြေး၊ ဗေရခိ၏သား ပရောဖက်ဇာခရိထံသို့ရောက်လာ၍ အခန်းကိုကြည့်ပါ။ |
ဧကရာဇ်မင်းဒါရိနန်းစံဒုတိယနှစ်၊ နဝမလ၊ နှစ်ဆယ့်လေးရက်နေ့၌အနန္တ တန်ခိုးရှင်ထာဝရဘုရား၏နှုတ်ကပတ် တော်သည်ပရောဖက်ဟ္ဂဲထံရောက်လာတော် မူပြန်၏။ ကိုယ်တော်က``အကယ်၍လူတစ် ဦးတစ်ယောက်သည် ဘုရားသခင်အား ပူဇော်ထားသည့်အမဲသားကို မိမိ၏ ဝတ်လုံအမြိတ်ဖြင့်ထုပ်၍ယူဆောင်ခဲ့ ပြီးနောက်၊ စပျစ်ရည်၊ သံလွင်ဆီသို့မဟုတ် မည်သည့်အစားအစာမျိုးကိုမဆိုဝတ် လုံနှင့်ထိမိလျှင် ထိုအစားအစာများ သည်လည်းဆက်ကပ်ပူဇော်ရာအစား အစာများဖြစ်သွားမည်မသွားမည် ကို ပညတ်တော်အရအဆုံးအဖြတ် ပေးရန်ယဇ်ပုရောဟိတ်တို့အားမေးမြန်း လော့'' ဟုမိန့်တော်မူပါ၏။ ထိုပြဿနာကိုတင်ပြသောအခါယဇ် ပုရောဟိတ်တို့က``ထိုအစားအစာများ သည်သန့်စင်၍မသွားပါ'' ဟုဖြေကြား ကြ၏။