ကိုယ်တော်ကိန်းဝပ်တော်မူရာတဲတော်သို့ သွားကြကုန်စို့။ ကိုယ်တော်၏ခြေတင်ခုံရှေ့၌ ပျပ်ဝပ်ကြကုန်စို့။
ဆာလံ 99:9 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့၏ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက်ကြလော့။ ကိုယ်တော်၏သန့်ရှင်းသောတောင်တော်၌ ရှိခိုးကိုးကွယ်ကြလော့။ အကြောင်းမူကား ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏။ Common Language Bible ငါတို့၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြုကြလော့။ သန့်ရှင်းမြင့်မြတ်သည့်တောင်တော်ပေါ်တွင် ကိုးကွယ်ဝတ်ပြုကြလော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သန့်ရှင်းမြင့်မြတ်တော်မူ၏။ Garrad Bible ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ဂုဏ် တော် ကို ချီး မြှောက် လျက်၊ သန့် ရှင်း သော တောင် တော့် ရှေ့၊ ရှိ ခိုး ကြ လော့။ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ သန့် ရှင်း တော် မူ ၏။ Judson Bible ငါတို့၏ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက်ကြလော့။ သန့်ရှင်းသောတောင်တော်မှာ ပျပ်ဝပ်ကိုးကွယ်ကြလော့။ အကြောင်းမူကား၊ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် သန့်ရှင်းတော်မူသတည်း။ |
ကိုယ်တော်ကိန်းဝပ်တော်မူရာတဲတော်သို့ သွားကြကုန်စို့။ ကိုယ်တော်၏ခြေတင်ခုံရှေ့၌ ပျပ်ဝပ်ကြကုန်စို့။
“ငါ၏သန့်ရှင်းသောဇိအုန်တောင်ပေါ်တွင် ငါ၏ရှင်ဘုရင်ကို ငါခန့်အပ်ထားပြီ”ဟု မိန့်တော်မူ၏။
ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသော ကိုယ်တော်၏နာမတော်ကို သူတို့ချီးမွမ်းကြပါစေ။ ကိုယ်တော်သည် သန့်ရှင်းတော်မူ၏။
ငါတို့၏ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက်ကြလော့။ ကိုယ်တော်၏ခြေတင်ခုံရှေ့၌ ပျပ်ဝပ်ကြလော့။ ကိုယ်တော်သည် သန့်ရှင်းတော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမူကား တရားမျှတခြင်းကြောင့် ချီးမြှောက်ခြင်းခံရမည်။ သန့်ရှင်းသောအရှင်သည် မိမိသန့်ရှင်းတော်မူကြောင်းကို ဖြောင့်မတ်ခြင်းအားဖြင့် ထင်ရှားစေတော်မူမည်။
မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။
ထို့နောက် သူတို့က “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ ကမ္ဘာမြေတစ်ခွင်လုံးသည် ကိုယ်တော်၏ဘုန်းအသရေနှင့်ပြည့်လျက်နေတော်မူ၏”ဟု တစ်ပါးကိုတစ်ပါး ကြွေးကြော်မြွက်ဆိုကြ၏။
အို အကျွန်ုပ်၏သန့်ရှင်းသောဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ရှေးကာလကပင် တည်ရှိတော်မူသည် မဟုတ်လော။ အကျွန်ုပ်တို့ သေရမည်မဟုတ်။ အို ထာဝရဘုရား၊ ကိုယ်တော်သည် ထိုသူတို့ကို တရားစီရင်ရန် ချမှတ်တော်မူပြီ။ အို ကျောက်ဆောင်၊ ကိုယ်တော်သည် သူတို့ကို ဆုံးမရန် စီရင်တော်မူပြီ။
အဘယ်ကြောင့်ဆိုသော် တန်ခိုးနှင့်ပြည့်စုံတော်မူသောအရှင်သည် ကြီးမားသောအမှုတို့ကို ငါ့အတွက်ပြုတော်မူပြီ။ ကိုယ်တော်၏နာမတော်သည် သန့်ရှင်းတော်မူ၏။
ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ သန့်ရှင်းသောသူ၊ ဖြောင့်မှန်သောသူ၊ ဒါဝိဒ်၏သော့ကိုကိုင်ထားသောသူ၊ မည်သူမျှမပိတ်နိုင်အောင်ဖွင့်သောသူ၊ မည်သူမျှမဖွင့်နိုင်အောင်ပိတ်သောသူက ဤသို့မိန့်တော်မူ၏။
ထိုသတ္တဝါလေးပါးအသီးသီးတို့တွင် တောင်ပံခြောက်ခုစီရှိ၍ ပတ်ပတ်လည်နှင့်အတွင်းဘက်၌ မျက်စိများဖြင့်ပြည့်လျက်ရှိကြ၏။ သူတို့သည် နေ့ရောညပါ ရပ်နားခြင်းမရှိဘဲ “ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏”ဟု ကြွေးကြော်နေကြ၏။
ထာဝရဘုရားကဲ့သို့ သန့်ရှင်းသောသူမရှိ။ အကယ်စင်စစ် ကိုယ်တော်မှတစ်ပါး အခြားသူမရှိပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ကဲ့သို့သောကျောက်ဆောင် မရှိပြီ။