ဆာလံ 99:9 - Common Language Bible9 ငါတို့၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြုကြလော့။ သန့်ရှင်းမြင့်မြတ်သည့်တောင်တော်ပေါ်တွင် ကိုးကွယ်ဝတ်ပြုကြလော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သန့်ရှင်းမြင့်မြတ်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible9 ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ဂုဏ် တော် ကို ချီး မြှောက် လျက်၊ သန့် ရှင်း သော တောင် တော့် ရှေ့၊ ရှိ ခိုး ကြ လော့။ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ သန့် ရှင်း တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible9 ငါတို့၏ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက်ကြလော့။ သန့်ရှင်းသောတောင်တော်မှာ ပျပ်ဝပ်ကိုးကွယ်ကြလော့။ အကြောင်းမူကား၊ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် သန့်ရှင်းတော်မူသတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ငါတို့၏ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက်ကြလော့။ ကိုယ်တော်၏သန့်ရှင်းသောတောင်တော်၌ ရှိခိုးကိုးကွယ်ကြလော့။ အကြောင်းမူကား ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏။ အခန်းကိုကြည့်ပါ။ |
``ငါသည်ထာဝရအသက်ရှင်သောဘုရား၊ ချီးမြှောက်ခြင်းကိုခံရ၍သန့်ရှင်းမြင့်မြတ် သောဘုရားဖြစ်တော်မူ၏။ ငါသည်သန့်ရှင်း မြင့်မြတ်ရာအထက်ဘုံတွင်စံနေတော်မူ သော်လည်းစိတ်နှလုံးကြေကွဲသူ၊ စိတ်နှိမ့်ချ သူတို့စိတ်ဝိညာဉ်ပြန်လည်လန်းဆန်းအား တက်လာကြစေရန်ထိုသူတို့ထံတွင်လည်း ကျိန်းဝပ်တော်မူ၏။-
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အစဦးကာလကပင်ဘုရားသခင်ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူပါ၏။ သန့်ရှင်းမြင့်မြတ်တော်မူလျက်ထာဝရကာလတည်ရှိတော်မူ၏။ အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဘုရားသခင်ကွယ်ကာရာကျောက်``ကိုယ်တော်ရှင်သည်ဗာဗုလုန်အမျိုးသားတို့ကိုရွေးချယ်တော်မူ၍ ကျွန်တော်မျိုးတို့အားအပြစ်ဒဏ်ခတ်နိုင်စေရန် သူတို့ကိုခွန်အားနှင့်ပြည့်စေတော်မူပြီ။-
``ဖိလဒေလဖိမြို့အသင်းတော်၏ကောင်းကင် တမန်ထံဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်မြင့်မြတ်သန့်ရှင်းသူ၊ သစ္စာ တော်အရှင်၏အထံမှဖြစ်၏။ ကိုယ်တော်သည် ဒါဝိဒ်မင်း၏တံခါးသော့ကိုပိုင်တော်မူ၏။ ထို တံခါးကိုကိုယ်တော်ဖွင့်တော်မူလျှင်အဘယ် သူမျှမပိတ်နိုင်ရာ။ ပိတ်တော်မူလျှင်လည်း အဘယ်သူမျှမဖွင့်နိုင်ရာ။-
ထိုသတ္တဝါလေးပါးစလုံးတွင်အတောင်ခြောက်ခု စီရှိ၏။ သူတို့၏ကိုယ်အတွင်းအပြင်၌မျက်စိ များဖြင့်ပြည့်နှက်လျက်နေ၏။ သူတို့သည်နေ့ ရောညဥ့်ပါမနားဘဲ၊ ``ထာဝရအရှင်ဘုရားသခင်သည် မြင့်မြတ်သန့်ရှင်းတော်မူ၏။ မြင့်မြတ်သန့်ရှင်းတော်မူ၏။ မြင့်မြတ် သန့်ရှင်းတော်မူ၏။ ကိုယ်တော်သည်အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်ကာလ အစဉ်ရှိနေတော်မူ၏။ ဟုမြွက်ဆိုကြ၏။-