ဓားပြတို့၏တဲသည် အေးချမ်းလျက်ရှိ၏။ ကိုယ့်လက်ဖြင့် ဘုရားကိုလုပ်၍ ဘုရားသခင်၏အမျက်တော်ကိုနှိုးဆွသောသူတို့သည် ဘေးကင်းလုံခြုံလျက်ရှိ၏။
ဆာလံ 92:7 - မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူတို့သည် မြက်ပင်ကဲ့သို့ ပွင့်လန်းဝေဆာ၍ အပြစ်ဒုစရိုက်ပြုသောသူ အပေါင်းတို့သည် ရှင်သန်ကြခြင်းမှာ ထာဝရဖျက်ဆီးခြင်းခံရရန်အတွက်ဖြစ်၏။ Common Language Bible ထိုအရာကား၊သူယုတ်မာတို့သည်ပေါင်းပင်များ သဖွယ် ကြီးပွားတိုးတက်၍ မကောင်းမှုပြုသူတို့သည်ကောင်းစားကြသော်လည်း ထိုသူတို့သည်လုံးဝသုတ်သင်ပယ်ရှင်းခြင်းကို ခံကြရမည်ဖြစ်၏။ Garrad Bible မြက် ပင် ကဲ့ သို့ လူ ဆိုး တို့ ပေါက် ပွား၍၊ ဒု စ ရိုက် ပြု ကျင့် သူ ရှိ သ မျှ တို့ ပွင့် လန်း ခြင်း မှာ၊ ကိုယ် တော် သည် ကာ လ အ စဉ် မြင့် မြတ် သော ထာ ဝ ရ ဘု ရား ဖြစ် သည့် အ လျောက်၊ ထာ ဝ ရ ပယ် ရှား ရာ ခံ ရ ခြင်း ငှာ တည်း။ Judson Bible မတရားသော သူတို့သည် မြက်ပင်ကဲ့သို့ပေါက်၍၊ အဓမ္မအမှုကို ပြုသောသူတို့သည် ပွင့်လန်းကြသောအခါ၊ ထာဝရပျက်စီးခြင်းသို့ရောက်ရသော အကြောင်းပေတည်း။ |
ဓားပြတို့၏တဲသည် အေးချမ်းလျက်ရှိ၏။ ကိုယ့်လက်ဖြင့် ဘုရားကိုလုပ်၍ ဘုရားသခင်၏အမျက်တော်ကိုနှိုးဆွသောသူတို့သည် ဘေးကင်းလုံခြုံလျက်ရှိ၏။
သို့သော် အပြစ်ကျူးလွန်သောသူတို့သည် အတူတကွဖျက်ဆီးခြင်းခံကြရလိမ့်မည်။ ဆိုးယုတ်သောသူတို့၏အနာဂတ်သည် ဖယ်ရှားခြင်းခံကြရလိမ့်မည်။
ကြည့်ရှုလော့။ ဤသည်ကား အစဉ်အမြဲအေးချမ်းစွာနေရသည့် ဆိုးယုတ်သောသူတို့ပေတည်း။ သူတို့သည် ဥစ္စာပစ္စည်းတိုးပွားတတ်ကြ၏။
အကျွန်ုပ်သည် အသိတရားမဲ့၍ မည်သည့်အရာမျှမသိ။ ကိုယ်တော်၏ရှေ့တော်၌ တိရစ္ဆာန်ကဲ့သို့ဖြစ်ခဲ့ပါ၏။
သူတို့သည် မောက်မာသောစကားများကို မြွက်ဟပြောဆိုကြပါ၏။ အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့သည် ဝါကြွားကြပါ၏။
အကြောင်းမူကား အသိဉာဏ်နည်းပါးသောသူတို့သည် မိမိ၏လမ်းလွဲဖောက်ပြန်မှုကြောင့် သေကြရ၏။ မိုက်မဲသောသူတို့သည်လည်း မိမိကိုယ်မိမိအားရကျေနပ်မှုကြောင့် ပျက်စီးကြရ၏။
ထိုမြို့သားတို့ အားလျော့စိတ်ပျက်ကြပြီ။ ရှက်ကြောက်ကြပြီ။ သူတို့သည် မကြီးမီညှိုးနွမ်းသွားသော တောမြက်ပင်ကဲ့သို့၊ မြက်နုစိမ်းကဲ့သို့၊ ခေါင်မိုးပေါ်မှမြက်ပင်ကဲ့သို့ ဖြစ်ကြပြီ။
ထို့ကြောင့် ယခုမှာ အကျွန်ုပ်တို့သည် မာနထောင်လွှားသောသူကို မင်္ဂလာရှိသောသူဟု မှတ်ယူ၏။ အကယ်စင်စစ် ဆိုးယုတ်သောသူတို့သည် ကြီးပွားတိုးတက်၏။ ဘုရားသခင်ကို စမ်းသပ်သောသူတို့သည်လည်း ဘေးဒုက္ခမရောက်”ဟု ဆိုကြပြီ။
“ကြည့်ရှုလော့။ မီးဖိုမှမီးတောက်လောင်သကဲ့သို့ မီးတောက်လောင်သောနေ့ရက်ရောက်လာ၍ မာနထောင်လွှားသောသူအပေါင်းတို့နှင့် ဆိုးယုတ်သောသူအပေါင်းတို့သည် ရိုးပြတ်ကဲ့သို့ လောင်ကျွမ်းခြင်းခံရမည်။ ရောက်လာမည့်ထိုနေ့ရက်သည် သူတို့ကို အကိုင်းအခက်မှစ၍ အမြစ်ပါမကျန် လောင်ကျွမ်းလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့သည် မြက်ပင်ကဲ့သို့ဖြစ်၍ သူတို့၏ဘုန်းအသရေရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းခြောက်သွေ့သွား၍ အပွင့်သည်လည်း ကြွေတတ်၏။