မြောက်ဘက်တွင် အလုပ်လုပ်တော်မူသည်ဟုဆိုသော်လည်း ငါမတွေ့ရ။ တောင်ဘက်သို့လှည့်တော်မူပြီဟုဆိုပြန်သော်လည်း ငါမမြင်ရပါတကား။
ဆာလံ 89:46 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ မည်သည့်အချိန်အထိနည်း။ ကိုယ်တော်သည် အစဉ်ပုန်းရှောင်လျက် နေတော်မူမည်လော။ ကိုယ်တော်၏အမျက်ဒေါသသည် မီးကဲ့သို့ တောက်လောင်လျက်နေတော်မူမည်လော။ Common Language Bible အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်မျက်နှာတော်ကိုအစဉ်ပင် ဖုံးကွယ်၍ထားတော်မူပါမည်လော။ ကိုယ်တော်ရှင်၏အမျက်တော်သည်အဘယ်မျှ ကြာအောင်မီးကဲ့သို့တောက်လောင်၍ နေတော်မူပါမည်နည်း။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် မည် မျှ ကြာ အ စဉ် လွှဲ ရှောင်၍ နေ တော် မူ မည် နည်း။ အ မျက် တော် သည် မီး ကဲ့ သို့ လောင် လျက် နေ မည် လော။ Judson Bible အို ထာဝရဘုရား၊ ကိုယ်တော်သည် အလျှင်းမထင်ရှားဘဲ၊ အဘယ်မျှကာလပတ်လုံးပုန်း၍ နေတော်မူမည်နည်း။ အမျက်တော်သည် အဘယ်မျှကာလပတ်လုံး မီးကဲ့သို့ လောင်ရပါမည်နည်း။ |
မြောက်ဘက်တွင် အလုပ်လုပ်တော်မူသည်ဟုဆိုသော်လည်း ငါမတွေ့ရ။ တောင်ဘက်သို့လှည့်တော်မူပြီဟုဆိုပြန်သော်လည်း ငါမမြင်ရပါတကား။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်ကြောင့် အဝေး၌ရပ်နေတော်မူသနည်း။ ဘေးဒုက္ခရောက်ချိန်၌ အဘယ်ကြောင့် ပုန်းကွယ်၍နေတော်မူသနည်း။
ငါကလည်း “အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်အသက်တာ၏ခရီးတစ်ဝက်တွင် အကျွန်ုပ်ကိုရုပ်သိမ်းတော်မမူပါနှင့်။ ကိုယ်တော်၏နှစ်ကာလတို့သည် မျိုးဆက်အစဉ်အဆက်တည်ပါ၏။
မီးသည် ကိုယ်တော်၏လူပျိုတို့ကိုလောင်ကျွမ်း၍ ကိုယ်တော်၏အပျိုကညာတို့သည် မင်္ဂလာသီချင်းများကို မဆိုရကြပေ။
အို ထာဝရဘုရား၊ မည်သည့်အချိန်အထိနည်း။ ကိုယ်တော်သည် အစဉ် အမျက်ထွက်တော်မူမည်လော။ ကိုယ်တော်၏သဝန်တိုခြင်းသည် မီးကဲ့သို့ တောက်လောင်လျက်နေမည်လော။
အကျွန်ုပ်တို့အပေါ် အစဉ်အမြဲအမျက်ထွက်တော်မူမည်လော။ ကိုယ်တော်၏အမျက်တော်ကို မျိုးဆက်အစဉ်အဆက် ကြာရှည်စေတော်မူမည်လော။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်ကြောင့် အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုစွန့်ပယ်၍ အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မူပါသနည်း။
အို ထာဝရဘုရား၊ ပြန်ကြွလာတော်မူပါ။ မည်မျှကြာပါမည်နည်း။ ကိုယ်တော်၏အစေအပါးအပေါ် သနားကရုဏာထားတော်မူပါ။
အို အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကယ်တင်ရှင်၊ အကယ်စင်စစ် ကိုယ်တော်သည် လျှို့ဝှက်နက်နဲသောဘုရား ဖြစ်တော်မူ၏။
ယာကုပ်အမျိုးအနွယ်ထံမှ မျက်နှာလွှဲတော်မူသောထာဝရဘုရားကို ငါမျှော်လင့်စောင့်စားမည်။
ထာဝရဘုရားက “အို ဒါဝိဒ်အမျိုးအနွယ်တို့၊ နံနက်တိုင်း တရားသဖြင့်စစ်ကြောစီရင်ကြလော့။ နှိပ်စက်ခံရသူကို နှိပ်စက်သောသူ၏လက်မှ ကယ်နုတ်လော့။ သို့မဟုတ်လျှင် သင်တို့၏ဆိုးညစ်သောလုပ်ရပ်ကြောင့် ငါ့အမျက်သည် မည်သူမျှမငြှိမ်းနိုင်အောင် မီးကဲ့သို့တောက်လောင်လိမ့်မည်”ဟု မိန့်တော်မူ၏။
ယုဒပြည်သူဂျေရုဆလင်မြို့သားတို့၊ အရေဖျားလှီးခြင်းကိုခံ၍ သင်တို့ကိုယ်သင်တို့ ထာဝရဘုရားထံဆက်ကပ်ကြလော့။ သင်တို့၏စိတ်နှလုံးအရေဖျားကို ဖယ်ရှားကြလော့။ သို့မဟုတ်လျှင် သင်တို့၏ဆိုးညစ်သောလုပ်ရပ်ကြောင့် ငါ့အမျက်သည် မီးကဲ့သို့ မည်သူမျှမငြှိမ်းနိုင်အောင် တောက်လောင်လိမ့်မည်။
ကဲ့ရဲ့ပြစ်တင်သံကို ကြားရသည်ဖြစ်၍ ငါတို့အရှက်ကွဲရပြီ။ ထာဝရဘုရား၏အိမ်တော်၊ သန့်ရှင်းရာဌာနတော်ထဲသို့ တစ်ပါးအမျိုးသားများ ဝင်ရောက်ကြပြီဖြစ်၍ ငါတို့အသရေပျက်ရပြီ။
သူတို့သည် ကိုယ့်အပြစ်ကိုမဝန်ခံမချင်း၊ ငါ့မျက်နှာကိုမရှာမချင်း စံမြန်းရာသို့ ငါပြန်သွားနေမည်။ သူတို့သည် ဆင်းရဲဒုက္ခရောက်သောအခါ ငါ့ကို ကြိုးစားရှာကြလိမ့်မည်။”
ထိုအခါ ကိုယ်တော်သည် ဘုရားသခင်ကိုမသိသောသူတို့နှင့် ငါတို့သခင်ယေရှု၏ကောင်းမြတ်သောသတင်းကို မနာခံသောသူတို့အား တရားသဖြင့်စီရင်တော်မူလိမ့်မည်။