တစ်ခါက ကိုယ်တော်သည် ကိုယ်တော်၏သန့်ရှင်းသူတို့အား ဗျာဒိတ်နိမိတ်အားဖြင့် မြွက်ဆိုတော်မူသည်မှာ “ငါသည် ခွန်အားကြီးသောသူတစ်ဦးကို ကူညီမစပြီ။ လူတို့ထဲမှ ရွေးချယ်ထားသောသူတစ်ဦးကို ချီးမြှောက်ပြီ။
လွန်လေပြီးသောအခါ၌ကိုယ်တော်ရှင်သည် သစ္စာရှိသူအစေခံများအား ဗျာဒိတ်ရူပါရုံတွင်``ထင်ရှားကျော်စောသူ စစ်သူရဲအားငါသည်ကူမတော်မူပြီ။ လူတို့အထဲမှရွေးချယ်ထားသူအားရာဇ ပလ္လင်ကို ငါအပ်နှင်းပြီ။
ကိုယ် တော် သည် ကြည် ညို သူ တို့ အား၊ ရူ ပါ ရုံ ဖြင့် ပေး တော် မူ ဖူး သော ဗျာ ဒိတ် တော် ကား၊ သူ ရဲ တစ် ဦး ပေါ် တွင်၊ မ စ ရန် အ ခွင့် ကို တင် လျက်၊ လက် ရွေး တစ် ဦး ကို လူ မျိုး ထဲ က ချီး မြှောက် လျက်၊
တစ်ရံရောအခါ ကိုယ်တော်၏သန့်ရှင်းသူတို့ကို ဗျာဒိတ်တော်အားဖြင့် မိန့်မြွက်တော်မူသည်ကား၊ အားကြီးသောသူသည် ကူမမည်အကြောင်း ငါခန့်ထားပြီ။ လူစုထဲက ရွေးကောက်သောသူ တစ်ယောက်ကို ငါချီးမြှောက်ပြီ။
ခြင်္သေ့ကဲ့သို့ရဲရင့်သောစိတ်နှလုံးရှိသူများပင် စိတ်ပျက်အားလျော့ကုန်ကြပါလိမ့်မည်။ အကြောင်းမူကား အရှင့်ခမည်းတော်သည် သူရဲကောင်းဖြစ်ကြောင်း၊ သူ့အမှုထမ်းတို့သည်လည်း ရဲစွမ်းသတ္တိရှိသူများဖြစ်ကြောင်းကို အစ္စရေးလူမျိုးအပေါင်းတို့ သိကြပါ၏။
သို့သော် ငါ၏ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို စောင့်ထိန်းသော၊ ငါရွေးချယ်သော ငါ့အစေအပါး ဒါဝိဒ်မင်းကြီးကိုထောက်ထား၍ သူ့လက်မှ နိုင်ငံတော်တစ်ခုလုံးကို မရုပ်သိမ်း။ သူအသက်ရှင်သမျှကာလပတ်လုံး သူ့ကိုအုပ်စိုးစေမည်။
ငါသည် အသံကိုလွှင့်၍ ထာဝရဘုရားကိုခေါ်သောအခါ ကိုယ်တော်သည် မိမိ၏သန့်ရှင်းသောတောင်တော်ပေါ်မှ ငါ့ကိုထူးတော်မူ၏။(စေလာ)
လူတို့က “သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း”ဟု ငါ့ကို တစ်နေ့လုံးပြောဆိုကြသောအခါ ငါ၏မျက်ရည်သည် နေ့ညမပြတ် ငါ့အတွက်စားစရာဖြစ်ရ၏။
“ငါရွေးချယ်သောသူနှင့် ငါပဋိညာဉ်ဖွဲ့ပြီ။ ငါ၏အစေအပါးဒါဝိဒ်အား ငါကျိန်ဆိုထားပြီ။
အကြောင်းမူကား သူငယ်သည် ငါတို့အဖို့ ဖွားမြင်တော်မူပြီ။ ငါတို့အား သားကိုပေးတော်မူပြီ။ သူ၏ပခုံးပေါ်၌ အာဏာစက်ရှိလိမ့်မည်။ နာမတော်ကို အံ့ဩဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဖ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်ကြလိမ့်မည်။
ထာဝရဘုရားက “သူ၏ခေါင်းဆောင်သည် သူ့အမျိုးထဲမှဖြစ်လိမ့်မည်။ သူ့ကိုအုပ်စိုးသောသူသည် သူ့အမျိုးထဲမှပေါ်ထွန်းလိမ့်မည်။ သူ့ကို ငါခေါ်၍ သူသည် ငါ့ထံချဉ်းကပ်လိမ့်မည်။ အဘယ်သူသည် ကိုယ့်အလိုအလျောက် ငါ့ထံချဉ်းကပ်ဝံ့သနည်း။
ထိုသူက “နာဇရက်မြို့သားယေရှု၊ ကိုယ်တော်နှင့်အကျွန်ုပ်တို့ မည်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကိုဖျက်ဆီးရန် ကြွလာတော်မူသလော။ ကိုယ်တော်မည်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းသူဖြစ်ပါ၏”ဟု အော်ဟစ်ပြောဆိုလေ၏။
အကြောင်းမူကား ပရောဖက်ပြုဟောပြောချက်သည် မည်သည့်အခါမျှ လူ၏အလိုဆန္ဒအရဖြစ်ပေါ်လာသည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ခြင်းကို ခံရသောသူတို့သည် ဘုရားသခင်ထံမှလာသောစကားကို ဟောပြောကြခြင်းဖြစ်၏။
ဤသည်ကား သန့်ရှင်းသောပရောဖက်များ ကြိုတင်ပြောထားသောစကားတို့ကိုလည်းကောင်း၊ သင်တို့၏တမန်တော်များမှတစ်ဆင့်ရရှိထားသည့် သခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသောအရှင်၏ပညတ်တော်ကိုလည်းကောင်း သင်တို့ပြန်လည်သတိရစေရန်ဖြစ်၏။
ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ သန့်ရှင်းသောသူ၊ ဖြောင့်မှန်သောသူ၊ ဒါဝိဒ်၏သော့ကိုကိုင်ထားသောသူ၊ မည်သူမျှမပိတ်နိုင်အောင်ဖွင့်သောသူ၊ မည်သူမျှမဖွင့်နိုင်အောင်ပိတ်သောသူက ဤသို့မိန့်တော်မူ၏။
တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။
ထိုအခါ အမှုထမ်းတို့ထဲမှ တစ်ယောက်က “ဗက်လင်မြို့သားယေရှဲ၏သားသည် စောင်းတီးကျွမ်းကျင်ကြောင်း သိရပါ၏။ သူသည် ရဲစွမ်းသတ္တိရှိသူ၊ တိုက်ရည်ခိုက်ရည်ရှိသူ၊ အပြောအဆိုလိမ္မာသူ၊ ရုပ်ရည်သန့်ပြန့်သူဖြစ်၏။ ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ၏”ဟု လျှောက်တင်လျှင်