အကယ်စင်စစ် ရန်သူသည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုလိုက်လံညှဉ်းဆဲပါ၏။ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို မြေပြင်အထိချိုးဖဲ့ခြေမွှပါ၏။ အကျွန်ုပ်ကို ကာလကြာမြင့်စွာကသေဆုံးသွားသူကဲ့သို့ မှောင်မိုက်သောအရပ်ထဲ၌နေစေပါ၏။
ဆာလံ 88:12 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ပြုတော်မူသောအံ့ဖွယ်သောအမှုတို့ကို အမှောင်ထဲ၌လည်းကောင်း၊ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို မေ့လျော့ရာပြည်၌လည်းကောင်း သိမှတ်ကြပါသလော။ Common Language Bible ကိုယ်တော်ရှင်၏ထူးဆန်းသောနိမိတ်လက္ခဏာ များကို ထိုမှောင်မိုက်ရာအရပ်၌လည်းကောင်း၊ ကိုယ်တော်၏ကောင်းမြတ်တော်မူခြင်းကို မေ့လျော့ရာအရပ်၌လည်းကောင်းသိမြင်ခြင်း ရှိပါသလော။ Garrad Bible အံ့ ဖွယ် ရာ အ မှု တော် များ ကို မှောင် ကျ ရာ အ ရပ်၌ လည်း ကောင်း၊ ဖြောင့် မတ် တော် မူ ခြင်း ကို မေ့ လျော့ ရာ တိုင်း ပြည် ၌ လည်း ကောင်း၊ သိ ကျွမ်း ခွင့်၊ ရ မည် လော။ Judson Bible အံ့ဖွယ်သောအမှုတော်တို့ကို မှောင်မိုက်သော အရပ်၌လည်းကောင်း၊ ဖြောင့်မတ်တော်မူခြင်းတရားကို မေ့လျော့ရာပြည်၌လည်းကောင်း သိရကြပါမည်လော။ |
အကယ်စင်စစ် ရန်သူသည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုလိုက်လံညှဉ်းဆဲပါ၏။ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို မြေပြင်အထိချိုးဖဲ့ခြေမွှပါ၏။ အကျွန်ုပ်ကို ကာလကြာမြင့်စွာကသေဆုံးသွားသူကဲ့သို့ မှောင်မိုက်သောအရပ်ထဲ၌နေစေပါ၏။
အကျွန်ုပ်သည် သေလွန်ပြီးသောသူကဲ့သို့ လူတို့၏စိတ်ထဲမှမေ့လျော့ခြင်းခံရ၍ ကွဲပျက်သောအိုးကဲ့သို့ဖြစ်ပါပြီ။
သတ်ဖြတ်ခြင်းခံရပြီး သင်္ချိုင်းတွင်း၌ လဲလျောင်းနေကြသူများတည်းဟူသော နောက်တစ်ဖန် ကိုယ်တော်၏အောက်မေ့ခြင်းကို မခံရဘဲ လက်တော်၏မစခြင်းမှ အဆက်ပြတ်နေသောသူများကဲ့သို့ သေသောသူတို့အလယ်တွင် ပစ်ထားခြင်းခံရပါ၏။
အမှန်စင်စစ် မိုက်မဲသောသူကဲ့သို့ပင် ပညာရှိသောသူသည်လည်း အစဉ်အမြဲအောက်မေ့ခြင်းခံရမည်မဟုတ်။ နောင်လာမည့်နေ့ရက်များတွင် အားလုံးသည် မေ့လျော့ခြင်းခံရလိမ့်မည်။ ပညာရှိသောသူသည် မိုက်မဲသောသူနည်းတူ သေတတ်ပါသည်တကား။
တစ်ဖန် သန့်ရှင်းသောနေရာ၌ ဝင်ထွက်သွားလာခဲ့သည့် ဆိုးယုတ်သောသူတို့သည် သင်္ဂြိုဟ်ခြင်းခံရသည်ကိုငါတွေ့မြင်၏။ သူတို့သည် ထိုသို့ပြုခဲ့ရာမြို့တွင် မေ့လျော့ခြင်းခံရကြ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။
အကြောင်းမူကား အသက်ရှင်သောသူတို့သည် မိမိတို့သေရမည်ကို သိကြ၏။ သေသောသူတို့မူကား မည်သည့်အရာကိုမျှမသိကြ။ သူတို့နှင့်ဆိုင်သောအောက်မေ့စရာများပင်လျှင် မေ့လျော့ခြင်းခံရသည်ဖြစ်၍ သူတို့အတွက် ဆုလာဘ်လည်း နောက်ထပ်မရှိတော့ပေ။
ကမ္ဘာမြေကြီးကိုကြည့်လျှင်ဖြစ်စေ ဆင်းရဲဒုက္ခနှင့် ဘေးဥပဒ်အရိပ်ဖြင့် မှောင်မည်းနေသည်ကိုသာမြင်ရ၍ မှောင်မိုက်ထဲသို့ နှင်ထုတ်ခြင်းခံရမည်။
နိုင်ငံတော်၏သားတို့မူကား အပြင်ဘက်အမှောင်ထဲသို့ နှင်ထုတ်ခြင်းခံရကြလိမ့်မည်။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိလိမ့်မည်”ဟု မိန့်တော်မူ၏။
မိမိတို့အရှက်ကို အမြှုပ်ကဲ့သို့ပေါ်စေသည့် ပြင်းထန်သောပင်လယ်လှိုင်းတံပိုးများ၊ လှည့်လည်သွားလာသော ကြယ်များဖြစ်ကြ၏။ သူတို့အတွက် မှောင်မည်းသောအမှောင်ကို ထာဝရထိန်းသိမ်းထားလျက်ရှိ၏။