အကျွန်ုပ်မမြင်သောအရာကို သွန်သင်ပြသပါ။ အမှားလုပ်မိလျှင်လည်း နောက်မလုပ်တော့ပါ’ဟု ဆိုပါလိမ့်မည်လော။
ဆာလံ 86:11 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အားသွန်သင်ပြသတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏သမ္မာတရား၌ လျှောက်လှမ်းပါမည်။ ကိုယ်တော်၏နာမတော်ကို ကြောက်ရွံ့မည့်အကြောင်း အကျွန်ုပ်၏စိတ်ကိုစုစည်းတော်မူပါ။ Common Language Bible အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားကိုယ်တော်ရှင်ပြုစေ တော်မူ လိုသည့်အတိုင်းညွှန်ကြားတော်မူပါ။ ကျွန်တော်မျိုးသည်သစ္စာနှင့်လိုက်နာဆောင် ရွက်ပါမည်။ ကိုယ်တော်ရှင်အမှုတော်ကိုမမှိတ်မသုန် ဆောင်ရွက်နိုင်ရန်သွန်သင်တော်မူပါ။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ နည်း လမ်း တော် ကို သွန် သင် တော် မူ ပါ။ သ စ္စာ တော် အ တိုင်း၊ လျှောက် လိုက် ပါ မည်။ နာ မ တော် ကို ရို သေ မည့် အ ကြောင်း၊ အ ကျွန်ုပ် စိတ် နှ လုံး ကို စေ့ စပ် စေ တော် မူ ပါ။ Judson Bible အို ထာဝရဘုရား၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အား ပြညွှန်တော်မူပါ။ ကိုယ်တော်၏သမ္မာတရားလမ်းသို့ လိုက်သွားပါမည်။ နာမတော်ကို ကြောက်ရွံ့မည်အကြောင်း၊ အကျွန်ုပ်၏နှလုံးကို စေ့စပ်စေတော်မူပါ။ |
အကျွန်ုပ်မမြင်သောအရာကို သွန်သင်ပြသပါ။ အမှားလုပ်မိလျှင်လည်း နောက်မလုပ်တော့ပါ’ဟု ဆိုပါလိမ့်မည်လော။
အကျွန်ုပ်သည် သစ္စာတရားလမ်းကို ရွေးချယ်ပါပြီ။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကို မျက်မှောက်ပြုပါပြီ။
အို ထာဝရဘုရား၊ ကိုယ်တော်၏ပြဋ္ဌာန်းချက်လမ်းကို အကျွန်ုပ်အား သွန်သင်ပြသတော်မူပါ။ အကျွန်ုပ်သည် ၎င်းကို အဆုံးတိုင်အောင် လိုက်နာကျင့်သုံးပါမည်။
ကိုယ်တော်၏လက်တော်သည် အကျွန်ုပ်ကိုဖန်ဆင်း၍ ပုံဖော်ဖြစ်တည်စေပါ၏။ ကိုယ်တော်၏ပညတ်တော်တို့ကိုသင်ယူနိုင်ရန် အကျွန်ုပ်အား အသိဉာဏ်ပေးတော်မူပါ။
ထာဝရဘုရားကိုကြောက်ရွံ့သောသူသည် မည်သူနည်း။ ကိုယ်တော်သည် ထိုသူရွေးချယ်ရမည့်လမ်းကို သူ့အားသွန်သင်ပြသတော်မူလိမ့်မည်။
အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အကျွန်ုပ်၏မျက်မှောက်တွင်ရှိပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏သမ္မာတရား၌ လျှောက်လှမ်းပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အားသွန်သင်ပြသတော်မူပါ။ အကျွန်ုပ်၏ရန်သူတို့ကြောင့် အကျွန်ုပ်ကိုညီညာသောလမ်း၌ပို့ဆောင်တော်မူပါ။
အို ထာဝရဘုရား၊ အကျွန်ုပ်၏ရန်သူတို့ကြောင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းထဲ၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။ ကိုယ်တော်၏လမ်းကို အကျွန်ုပ်ရှေ့မှာ ဖြောင့်တန်းစေတော်မူပါ။
သူတို့သည် စိတ်နှလုံးမိုက်မဲကြ၏။ ယခုမှာ အပြစ်ဒဏ်ခံရတော့မည်။ ကိုယ်တော်သည် သူတို့၏ယဇ်ပလ္လင်တို့ကို ဖြိုချပြီး အထွတ်အမြတ်ကျောက်တိုင်တို့ကို ဖျက်ဆီးတော်မူမည်။
ဧဖရိမ်က ‘ငါသည် ရုပ်တုတို့နှင့် မည်သို့ဆိုင်သေးသနည်း’ဟု ဆိုလိမ့်မည်။ ငါသည် သူ့စကားကိုကြား၍ သူ့ကိုကြည့်ရှုစောင်မမည်။ ငါသည် စိမ်းလန်းသောထင်းရှူးပင်ကဲ့သို့ ဖြစ်၍ သင်တို့သည် ငါ့ထံမှ အသီးကို ရရှိလိမ့်မည်။”
ခေါင်မိုးပြင်တွင် ကောင်းကင်တန်ဆာများကို ရှိခိုးကိုးကွယ်သောသူများ၊ ထာဝရဘုရားကို တိုင်တည်ကျိန်ဆိုလျက်နှင့် မိလကုံဘုရားကိုလည်း တိုင်တည်ကျိန်ဆိုပြီး ရှိခိုးကိုးကွယ်သောသူများ၊
သူ့နှုတ်၌ မှန်ကန်သောသွန်သင်ချက် ရှိ၏။ သူ့နှုတ်ခမ်း၌ မတရားမှု မရှိ။ သူသည် ငါနှင့်အတူ သင့်မြတ်တည်ကြည်စွာ သွားလာနေထိုင်ပြီး လူအများကို ဒုစရိုက်လမ်းမှ ပြန်လှည့်လာစေ၏။
သူတို့သည် နေ့တိုင်း တညီတညွတ်တည်းဖြင့် ဗိမာန်တော်၌ အစဉ်တစိုက်စုဝေးကြ၍ တစ်အိမ်ပြီးတစ်အိမ်မုန့်ဖဲ့ခြင်းအမှုကိုပြုလျက် စေတနာစိတ်နှင့်ရွှင်မြူးသောစိတ်တို့ဖြင့် အစားအစာကို ဝေမျှစားသောက်ကြကာ
သင်တို့သည် သခင်ဘုရား၏ခွက်ကိုသောက်လျှင် နတ်ဆိုးတို့၏ခွက်ကို သောက်၍မရနိုင်။ သခင်ဘုရား၏စားပွဲကို မျှဝေခံယူလျှင် နတ်ဆိုးတို့၏စားပွဲကို မျှဝေခံယူ၍မရနိုင်။
သို့သော် သခင်ဘုရားနှင့်ပေါင်းဖော်သောသူသည် သခင်ဘုရားနှင့်တစ်စိတ်တစ်ဝိညာဉ်တည်းဖြစ်၏။
သို့သော် မြွေသည် မိမိ၏ပရိယာယ်အားဖြင့် ဧဝကိုလှည့်ဖြားသကဲ့သို့ အကြောင်းတစ်စုံတစ်ခုကြောင့် သင်တို့၏စိတ်နှလုံးသည် ခရစ်တော်အပေါ်၌ထားရှိသော ရိုးသားဖြူစင်ခြင်းမှသွေဖည်သွားမည်ကို ငါစိုးရိမ်၏။
သင်တို့ပြုသမျှသောအရာတို့ကိုလည်း ပြောဆိုမှု၌ဖြစ်စေ၊ လုပ်ဆောင်မှု၌ဖြစ်စေ အရာခပ်သိမ်းတို့ကို သခင်ယေရှု၏နာမတော်၌ပြုလျက် ကိုယ်တော်အားဖြင့် ခမည်းတော်ဘုရားသခင်ကို ကျေးဇူးတင်ကြလော့။
သင်၏သားသမီးအချို့တို့သည် ခမည်းတော်ဘုရားထံမှ ငါတို့ခံယူရရှိသောပညတ်တော်အတိုင်း သမ္မာတရား၌ အသက်ရှင်လျှောက်လှမ်းနေကြသည်ကို တွေ့ရသဖြင့် ငါအလွန်ဝမ်းမြောက်၏။