သူတို့က “လာကြ၊ အစ္စရေးဟူသောအမည်နာမကို နောက်တစ်ဖန် အောက်မေ့စရာအကြောင်းမရှိစေရန် သူတို့ကို လူမျိုးတစ်မျိုးအဖြစ်မှ ပယ်ဖျက်ကြကုန်စို့”ဟု ဆိုကြပါ၏။
သူတို့က``လာကြ၊ဣသရေလမျိုးရိုးသည် ထာဝစဉ်တိမ်ကော၍သွားစေရန်သူတို့ လူမျိုးကို သုတ်သင်ချေမှုန်းကြကုန်အံ့'' ဟုဆိုကြ၏။
ဣ သ ရေ လ၏ နာ မ ကို နောက် နောင် အ မှတ် မ ရ သည့် တိုင် အောင်၊ ထို လူ မျိုး ကို တိမ် ကော စေ ကြ ကုန် အံ့ ဟူ၍ ဆို ကြ သည် တ ကား။
ဣသရေလ၏နာမကို နောက်တစ်ဖန် အောက်မေ့စရာမရှိစေခြင်းငှာ လာကြ၊ သူတို့အမျိုးကို ပယ်ဖြတ်ကြကုန်အံ့ဟု ဆိုကြပါ၏။
သူ့ညီအစ်ကိုများ၊ ရှမာရိစစ်သည်များရှေ့တွင် “ချည့်နဲ့နေသောဂျူးလူမျိုးများက မည်သို့ပြုကြမည်နည်း။ ကိုယ့်ဘာသာ မြို့ရိုးပြန်တည်ဆောက်ကြမည်လော။ ယဇ်ပူဇော်ကြမည်လော။ တစ်နေ့ချင်းအပြီး လုပ်နိုင်မည်လော။ မီးလောင်ကျွမ်းထားသောကျောက်တုံးများကို အမှိုက်ပုံထဲမှထုတ်၍ ပြန်လည်အသက်သွင်းမည်လော”ဟု ဆိုလေ၏။
“သူတို့ကို အပြီးတိုင်ချေမှုန်းကြမည်”ဟု မိမိတို့စိတ်ထဲ၌ ဆိုကြပါ၏။ ပြည်တော်အတွင်းရှိ ဘုရားသခင်၏တွေ့ဆုံစည်းဝေးရာနေရာရှိသမျှတို့ကို မီးရှို့ကြပါ၏။
လာကြ။ သူတို့ကို လိမ္မာပါးနပ်စွာပြုကြစို့။ သို့မဟုတ်လျှင် သူတို့သည် များပြားလာကြလိမ့်မည်။ စစ်ဖြစ်လျှင် သူတို့သည် ငါတို့၏ရန်သူတို့နှင့်ပေါင်း၍ ငါတို့ကိုတိုက်ခိုက်ပြီး ဤပြည်မှ ထွက်သွားကြလိမ့်မည်”ဟု ဆိုလေ၏။
မရဏာနိုင်ငံကဲ့သို့ သူတို့ကို အရှင်လတ်လတ်ဝါးမျိုလျက် သေတွင်းထဲသို့ တစ်ကိုယ်လုံးဆင်းသွားရသူများကဲ့သို့ ဖြစ်စေကြစို့။
ငါသည် သတ်ရန်ခေါ်ဆောင်သွားသည့် နူးညံ့သောသိုးသငယ်ကဲ့သို့ဖြစ်၏။ “သူ၏အပင်ကို အသီးနှင့်တကွ ဖျက်ဆီးကြကုန်စို့။ သူ၏အမည်ကို နောက်ထပ်အမှတ်မရစေရန် လူ့လောကမှ သူ့ကိုဖယ်ရှားကြကုန်စို့”ဟု ဆိုလျက် ငါ့ကို လျှို့ဝှက်ကြံစည်နေကြသည်ကို ငါမသိခဲ့ပေ။
ထာဝရဘုရားက “ဤပြဋ္ဌာန်းချက်တို့သည် ငါ့ရှေ့မှောက်မှကွယ်ပျောက်သွားလျှင် အစ္စရေးလူမျိုး၏သားစဉ်မြေးဆက်တို့သည်လည်း ငါ့ရှေ့မှောက်၌ လူမျိုးတော်အဖြစ်မှ အစဉ်ကွယ်ပျောက်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
မောဘပြည်သည် ဂုဏ်သရေမရှိတော့ပြီ။ ရန်သူတို့က ‘လာကြ။ မောဘပြည်ကို တိုင်းနိုင်ငံအဖြစ်မှ ငါတို့ဖယ်ရှားကြစို့’ဟု ဟေရှဘုန်မြို့တွင်ပင် မောဘပြည်ကို ကြံစည်ကြပြီ။ အို မာဒမေနမြို့၊ သင်သည်လည်း ဆိတ်ညံရလိမ့်မည်။ ဓားသည် သင့်ကိုလိုက်လေပြီ။
ဘုရားရှင်ထာဝရဘုရားက ‘ထိုနေ့ရက်တွင် သင့်စိတ်ထဲသို့ အတွေးများဝင်လာ၍ မကောင်းသောအကြံအစည်ကို ကြံစည်လိမ့်မည်။
ထိုဘုရင်သည် အမြင့်ဆုံးသောအရှင်ကို ဆန့်ကျင်ပြောဆို၍ အမြင့်ဆုံးသောအရှင်၏သန့်ရှင်းသူများကို ဖိနှိပ်ချုပ်ချယ်မည်။ သူသည် အချိန်ကာလနှင့် ဥပဒေတို့ကို ပြောင်းလဲပစ်ရန် ကြိုးစားလိမ့်မည်။ သန့်ရှင်းသူတို့သည်လည်း တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး သူ့လက်သို့ ကျရောက်ရလိမ့်မည်။
သို့သော် ဤအကြောင်းသည် လူတို့ထံ ပို၍ပျံ့နှံ့မသွားစေရန် ဤနာမကိုအမှီပြုလျက် နောက်တစ်ဖန် မည်သူ့ကိုမျှမဟောပြောရမည့်အကြောင်း သူတို့ကိုခြိမ်းခြောက်ကြစို့”ဟု ဆိုကြ၏။
ယောရှုနှင့်အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်ရန် တစ်ဖွဲ့တည်း ပူးပေါင်းကြလေ၏။