Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 74:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 “​သူ​တို့​ကို အပြီးတိုင်​ချေမှုန်း​ကြ​မည်​”​ဟု မိမိ​တို့​စိတ်​ထဲ၌ ဆို​ကြ​ပါ​၏​။ ပြည်​တော်​အတွင်း​ရှိ ဘုရားသခင်​၏​တွေ့ဆုံစည်းဝေးရာ​နေရာ​ရှိသမျှ​တို့​ကို မီးရှို့​ကြ​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 သူ​တို့​သည်​ကျွန်​တော်​မျိုး​တို့​အား​နာ​လန်​မ​ထူ​နိုင်​အောင် ချေ​မှုန်း​လို​ကြ​ပါ​၏။ တိုင်း​ပြည်​တွင်​ရှိ​သ​မျှ​သော​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​တို့​ကို​မီး​ရှို့​ပစ်​ကြ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 တစ် မျိုး လုံး ကို နှိမ် နင်း ကြ ကုန် အံ့ ဟု၊ ကြံ စည်၍၊ ပြည် တော် ရှိ ဓ မ္မာ ရုံ ဟူ သ မျှ ကို မီး ရှို့ ခြင်း ပြု ကြ လေ ပြီ တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ဤ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို အ​တူ​ဖျက်​ဆီး​ကြ​ကုန်​အံ့​ဟု​ဆို၍၊ မြေ​တစ်​ပြင်​လုံး​တွင် ဘု​ရား​သ​ခင်၏ တ​ရား​ဇ​ရပ်​တို့​ကို မီး​ရှို့​ကြ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 74:8
9 ပူးပေါင်းရင်းမြစ်များ  

ဗေသလ​မြို့​ရှိ ပရောဖက်​အဖွဲ့သား​တို့​က ဧလိရှဲ​ထံသို့​လာ​ပြီး “​ထာဝရဘုရား​က သင့်​အရှင်​ကို​သင့်​ထံမှ ယနေ့​ဆောင်ယူ​သွား​မည်​ကို သင်​သိ​ပါ​သလော​”​ဟု​မေး​လျှင် ဧလိရှဲ​က “​ငါ​သိ​ပါ​၏​။ တိတ်တိတ်နေ​ကြ​ပါ​”​ဟု ပြန်ပြော​၏​။


ဂျေရိခေါ​မြို့​ရှိ ပရောဖက်​အဖွဲ့သား​တို့​သည် ဧလိရှဲ​ထံသို့​လာ​ပြီး “​ထာဝရဘုရား​က သင့်​အရှင်​ကို​သင့်​ထံမှ ယနေ့​ဆောင်ယူ​သွား​မည်​ကို သင်​သိ​ပါ​သလော​”​ဟု​မေး​လျှင် ဧလိရှဲ​က “​ငါ​သိ​ပါ​၏​။ တိတ်တိတ်နေ​ကြ​ပါ​”​ဟု ပြန်ပြော​၏​။


ခင်ပွန်း​က​လည်း “​ယနေ့​သည် လဆန်းနေ့​လည်း​မ​ဟုတ်​။ ဥပုသ်နေ့​လည်း မ​ဟုတ်​။ အဘယ်ကြောင့် ယနေ့ သွား​လို​သနည်း​”​ဟု ဆို​လျှင် သူ့​မိန်းမ​က “​အဆင်ပြေ​ပါ​လိမ့်မည်​”​ဟု ပြန်ပြော​၏​။


သူ​တို့​သည် ထာဝရဘုရား​၏​ပညတ်တရား​ကျမ်း​ကို ယူဆောင်​သွား​ပြီး ယုဒ​ပြည်​တစ်လျှောက် သွန်သင်​ပေး​၏​။ ယုဒ​မြို့ရွာ​အားလုံး​သို့ လှည့်လည်​ပြီး လူ​တို့​အား သွန်သင်​ပေး​၏​။


အို ထာဝရဘုရား​၊ ဂျေရုဆလင်​မြို့​၏​နေ့ရက်​၌ “​ဖြိုဖျက်​ကြ​။ အောက်ခြေ​အထိ ဖြိုဖျက်​ကြ​”​ဟု ဆို​ကြ​သော ဧဒုံ​အမျိုးသား​တို့​ကို အောက်မေ့​တော်မူ​ပါ​။


သူ​တို့​က “​လာ​ကြ​၊ အစ္စရေး​ဟူသော​အမည်နာမ​ကို နောက်တစ်ဖန် အောက်မေ့စရာ​အကြောင်း​မ​ရှိ​စေရန် သူ​တို့​ကို လူမျိုး​တစ်​မျိုး​အဖြစ်​မှ ပယ်ဖျက်​ကြ​ကုန်စို့​”​ဟု ဆို​ကြ​ပါ​၏​။


အမှန်စင်စစ် သူ​တို့​သည် စိတ်သဘော​တညီတညွတ်တည်း​ဖြင့် လျှို့ဝှက်ကြံစည်​ကြ​၍ ကိုယ်တော်​ကို​ဆန့်ကျင်​လျက် မဟာမိတ်​ဖွဲ့​ကြ​ပါ​၏​။


ထို့နောက် ကိုယ်တော်​သည် ဂါလိလဲ​နယ်​တစ်နယ်လုံး​ကို လှည့်လည်​၍ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ သွန်သင်​တော်မူ​ကာ နိုင်ငံ​တော်​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လျက် လူ​တို့​ထဲ၌​စွဲကပ်​နေ​သော ရောဂါ​အမျိုးမျိုး​နှင့်​အဖျားအနာ​ရှိသမျှ​တို့​ကို ပျောက်ကင်း​စေ​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ