ငါလျှောက်သောလမ်းတွင် နို့ရည်စီး၏။ ငါ့အဖို့ ကျောက်ဆောင်မှလည်း ဆီများ ချောင်းသဖွယ်စီးဆင်း၏။
ဆာလံ 81:16 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုးကိုကား အကောင်းဆုံးသောဂျုံဆန်ဖြင့် ကိုယ်တော်ကျွေးမွေးတော်မူလိမ့်မည်။ “ငါသည် ကျောက်ဆောင်မှထွက်သောပျားရည်ဖြင့် သင့်ကိုဝပြောစေမည်။” Common Language Bible ငါသည်သင်တို့အားအကောင်းဆုံးဂျုံဆန်ကို ကျွေးမွေး၍ တောပျားရည်ကိုသုံးဆောင်စေမည်'' ဟုဆို၏။ Garrad Bible ငါ သည် ဂျုံ စ ပါး အ ထူး အ မြတ် နှင့် ကျွေး လျက်၊ ကျောက် ကြား ထွက် ပျား ရည် နှင့် ရောင့် ရဲ စေ မည် ဟူ ၍ တည်း။ Judson Bible အကောင်းဆုံးသောဆန်စပါးနှင့် ငါကျွေးမည်။ ကျောက်ထဲကထွက်သော ပျားရည်နှင့်လည်း ဝပြောစေမည်။ |
ငါလျှောက်သောလမ်းတွင် နို့ရည်စီး၏။ ငါ့အဖို့ ကျောက်ဆောင်မှလည်း ဆီများ ချောင်းသဖွယ်စီးဆင်း၏။
ကိုယ်တော်သည် သင်၏နယ်နိမိတ်ထဲ၌ ငြိမ်းချမ်းမှုရှိစေ၍ အကောင်းဆုံးသောဂျုံဆန်ဖြင့် သင့်ကိုဝပြောစေတော်မူ၏။
တိုင်းတစ်ပါးသားတို့သည် လက်မှိုင်ချ၍ မိမိတို့၏ခြေကုပ်စခန်းများထဲမှ တုန်လှုပ်လျက်ထွက်လာကြပါ၏။
ကောက်နယ်တလင်းတို့သည် ကောက်ပဲသီးနှံနှင့် ပြည့်လိမ့်မည်။ စည်တို့သည်လည်း စပျစ်ဝိုင်အသစ်နှင့် ဆီတို့ဖြင့် ပြည့်လိမ့်မည်။
ငါ့ကိုကြောက်ရွံ့၍ ငါ၏ပညတ်တော်အလုံးစုံကို အစဉ်အမြဲစောင့်ထိန်းမည့်စိတ်သဘော သူတို့၌ ရှိမည်ဆိုလျှင် သူတို့နှင့်သူတို့၏သားမြေးတို့သည် အစဉ်ကောင်းစားလိမ့်မည်။
ထိုမြို့သားတို့သည်လည်း ခုနစ်ရက်မြောက်နေ့၊ နေမဝင်မီ ရှံဆုန်အား “ပျားရည်ထက် မည်သည့်အရာက ချိုသနည်း။ ခြင်္သေ့ထက် မည်သည့်အရာက ခွန်အားကြီးသနည်း”ဟု ဆိုကြ၏။ ရှံဆုန်ကလည်း သူတို့အား “ငါ၏နွားမတမ်းနှင့်မထွန်လျှင် ငါ့စကားထာ၏အဖြေကို သင်တို့ပြောပြနိုင်မည်မဟုတ်”ဟု ပြန်ပြောလေ၏။