ဆာလံ 81:16 - Common Language Bible16 ငါသည်သင်တို့အားအကောင်းဆုံးဂျုံဆန်ကို ကျွေးမွေး၍ တောပျားရည်ကိုသုံးဆောင်စေမည်'' ဟုဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible16 ငါ သည် ဂျုံ စ ပါး အ ထူး အ မြတ် နှင့် ကျွေး လျက်၊ ကျောက် ကြား ထွက် ပျား ရည် နှင့် ရောင့် ရဲ စေ မည် ဟူ ၍ တည်း။ အခန်းကိုကြည့်ပါ။Judson Bible16 အကောင်းဆုံးသောဆန်စပါးနှင့် ငါကျွေးမည်။ ကျောက်ထဲကထွက်သော ပျားရည်နှင့်လည်း ဝပြောစေမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 အစ္စရေးလူမျိုးကိုကား အကောင်းဆုံးသောဂျုံဆန်ဖြင့် ကိုယ်တော်ကျွေးမွေးတော်မူလိမ့်မည်။ “ငါသည် ကျောက်ဆောင်မှထွက်သောပျားရည်ဖြင့် သင့်ကိုဝပြောစေမည်။” အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ခုနစ်ရက်မြောက်သောနေ့၌အိပ် ခန်းအတွင်းသို့ ရှံဆုန်မဝင်မီထိုမြို့သား တို့က၊ ``ပျားရည်ထက်ချိုမြိန်သောအရာ၊ ခြင်္သေ့ထက်သန်စွမ်းသောသူရှိနိုင်ပါသလော'' ဟုဆိုကြ၏။ ရှံဆုန်ကလည်း ``အကယ်၍သင်တို့သည်ငါ၏နွားမနှင့် မထွန်မယက်ရလျှင် ငါ့စကားထာကိုဖော်ပြနိုင်ကြလိမ့်မည်မဟုတ်'' ဟုပြန်ပြောလေသည်။