ဧဇရသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားပေးထားတော်မူသော မောရှေ၏ပညတ်တရားကျမ်းကို ကောင်းစွာသိနားလည်သောကျမ်းပြုဆရာ ဖြစ်၏။ သူ၏ဘုရားသခင်ထာဝရဘုရားသည် သူနှင့်အတူရှိသောကြောင့် သူတောင်းဆိုသမျှကို ရှင်ဘုရင်က ခွင့်ပြုပေး၏။
ဆာလံ 80:18 - မြန်မာ့စံမီသမ္မာကျမ်း သို့ပြုလျှင် အကျွန်ုပ်တို့သည် ကိုယ်တော်ကို ကျောခိုင်းသွားကြတော့မည်မဟုတ်ပါ။ အကျွန်ုပ်တို့ကို ပြန်လည်ရှင်သန်စေတော်မူပါ။ ထိုအခါ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ကိုခေါ်ကြပါမည်။ Common Language Bible ကျွန်တော်မျိုးတို့သည်အဘယ်အခါ၌မျှ ကိုယ်တော်ရှင်အားကျောခိုင်းကြတော့မည် မဟုတ်ပါ။ ကျွန်တော်မျိုးတို့အားအသက်ရှင်စေတော်မူလျှင် ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်အား ထောမနာပြုပါမည်။ Garrad Bible သို့ ပြု လျှင်၊ အ ထံ တော် မှ ဆုတ် ခွာ၍ သွား မည် မ ဟုတ် ပါ။ အ သက် ရှင် စေ တော် မူ လျှင်၊ နာ မ တော် အား ပ ဌ နာ ပြု ကြ ပါ မည်။ Judson Bible သို့ပြုလျှင် အကျွန်ုပ်တို့သည် ကိုယ်တော်ထံမှ မဆုတ်ရကြပါ။ အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ။ နာမတော်ကို ပတ္ထနာပြုကြပါမည်။ |
ဧဇရသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားပေးထားတော်မူသော မောရှေ၏ပညတ်တရားကျမ်းကို ကောင်းစွာသိနားလည်သောကျမ်းပြုဆရာ ဖြစ်၏။ သူ၏ဘုရားသခင်ထာဝရဘုရားသည် သူနှင့်အတူရှိသောကြောင့် သူတောင်းဆိုသမျှကို ရှင်ဘုရင်က ခွင့်ပြုပေး၏။
သူသည် ပထမလ၊ တစ်ရက်နေ့တွင် ဘေဘီလုံမြို့မှ စတင်ထွက်ခွာလာ၏။ ဘုရားသခင်သည် သူနှင့်အတူရှိ၍ ကျေးဇူးပြုတော်မူသောကြောင့် ပဉ္စမလ၊ တစ်ရက်နေ့တွင် ဂျေရုဆလင်မြို့သို့ ပြန်ရောက်လာ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ဒုက္ခဝေဒနာများစွာခံစားရပါ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်နှင့်အညီ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။
အကျွန်ုပ်၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေး၍ အကျွန်ုပ်ကိုရွေးနုတ်တော်မူပါ။ ကိုယ်တော်၏မိန့်တော်မူချက်နှင့်အညီ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။
အို ထာဝရဘုရား၊ ကိုယ်တော်၏သနားစုံမက်ခြင်းသဘောသည် ကြီးမားလှပါ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့နှင့်အညီ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။
အကျွန်ုပ်၏စိတ်ဝိညာဉ်သည် မြေမှုန့်၌ကပ်နေပါ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်နှင့်အညီ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။
အချည်းနှီးသောအရာကိုမကြည့်မိစေရန် အကျွန်ုပ်၏မျက်စိကိုလွှဲတော်မူပါ။ ကိုယ်တော်၏လမ်း၌ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။
အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသတို့ကို စွဲလမ်းတောင့်တပါ၏။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းထဲ၌ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။
အကျွန်ုပ်အား များစွာသောဆင်းရဲဒုက္ခနှင့် ဘေးအန္တရာယ်တို့ကို ကြုံတွေ့စေတော်မူသောကိုယ်တော်သည် အကျွန်ုပ်ကို အသက်ရှင်စေ၍ မြေကြီး၏နက်ရှိုင်းရာအရပ်ထဲမှ အကျွန်ုပ်ကို ပြန်တက်လာစေတော်မူလိမ့်မည်။
ထိုအခါ ကိုယ်တော်၏လူမျိုးတော်နှင့် ကိုယ်တော်၏စားကျက်မှသိုးစုဖြစ်သော အကျွန်ုပ်တို့သည် ကိုယ်တော်ကို အစဉ်အမြဲချီးမွမ်း၍ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို မျိုးဆက်အစဉ်အဆက်ပြောကြားကြပါမည်။
ကိုယ်တော်၏လူမျိုးတော်သည် ကိုယ်တော်၌ဝမ်းမြောက်မည့်အကြောင်း အကျွန်ုပ်တို့ကို ပြန်လည်ရှင်သန်စေတော်မူမည်မဟုတ်လော။
အကျွန်ုပ်ကို ဆွဲခေါ်သွားပါ။ အကျွန်ုပ်တို့ ပြေးကြပါစို့။ ရှင်ဘုရင်သည် အကျွန်ုပ်ကို အတွင်းခန်းသို့ ခေါ်ဆောင်သွားပါ၏။” “အကျွန်ုပ်တို့ ရွှင်လန်းဝမ်းမြောက်ကြပါ၏။ စပျစ်ဝိုင်ထက် အရှင့်မေတ္တာအကြောင်းကို ချီးမွမ်းကြပါမည်။ အရှင့်ကို အမှန်တကယ်ချစ်ကြပါ၏။”