ဤသန့်ရှင်းမြင့်မြတ်သောအိမ်တော်အနားမှ ဖြတ်သွားသောသူတိုင်း အံ့အားသင့်လျက် ကဲ့ရဲ့ကြလိမ့်မည်။ ‘ဤပြည်နှင့် ဤအိမ်တော်ကို အဘယ်ကြောင့် ထာဝရဘုရား ဤသို့ပြုတော်မူသနည်း’ဟု ဆိုကြလိမ့်မည်။
ဆာလံ 78:69 - မြန်မာ့စံမီသမ္မာကျမ်း မိမိ၏သန့်ရှင်းရာဌာနတော်ကို အထွတ်အထိပ်ကဲ့သို့လည်းကောင်း၊ အစဉ်အမြဲတည်စေတော်မူသော ကမ္ဘာမြေကြီးကဲ့သို့လည်းကောင်း တည်ဆောက်တော်မူ၏။ Common Language Bible ထိုတောင်တော်ပေါ်တွင်ကောင်းကင်ဘုံရှိအိမ်တော်နှင့် တူသောဗိမာန်တော်ကိုတည်ဆောက်တော်မူ၏။ ထိုဗိမာန်တော်ကိုကမ္ဘာမြေကြီးကဲ့သို့ ကာလခပ်သိမ်းတည်တံ့ခိုင်မြဲစေတော်မူ၏။ Garrad Bible သန့် ရှင်း ရာ ဌာ န တော် ကို ဘ ဝဂ် ပ မာ ဏ၊ ကာ လ အ စဉ် တည် သော မြေ ပ ထ ဝီ ကဲ့ သို့ တည် ဆောက် တော် မူ ၏။ Judson Bible သန့်ရှင်းရာဌာနတော်ကို အထွတ်ကဲ့သို့တည်ဆောက်၍၊ မြေကြီးကဲ့သို့ အစဉ်မြဲစေတော်မူ၏။ |
ဤသန့်ရှင်းမြင့်မြတ်သောအိမ်တော်အနားမှ ဖြတ်သွားသောသူတိုင်း အံ့အားသင့်လျက် ကဲ့ရဲ့ကြလိမ့်မည်။ ‘ဤပြည်နှင့် ဤအိမ်တော်ကို အဘယ်ကြောင့် ထာဝရဘုရား ဤသို့ပြုတော်မူသနည်း’ဟု ဆိုကြလိမ့်မည်။
ထို့နောက် ဒါဝိဒ်မင်းကြီးသည် လူထုတစ်ရပ်လုံးအား “ဘုရားသခင်ရွေးချယ်တော်မူသောငါ့သားရှောလမုန်သည် ငယ်ရွယ်၍ အတွေ့အကြုံမရှိသေး။ သို့သော် သူလုပ်ဆောင်ရမည့်အလုပ်မှာ ကြီးမြတ်လှ၏။ သူဆောက်လုပ်ရမည့်ဗိမာန်တော်သည် လူအဖို့မဟုတ်၊ ဘုရားသခင်ထာဝရဘုရားအဖို့ ဖြစ်၏။
အကျွန်ုပ်၏သားတော်ရှောလမုန်အားလည်း ကိုယ်တော်၏ပညတ်တော်များ၊ သက်သေခံတော်မူချက်များ၊ ပြဋ္ဌာန်းချက်များကို စောင့်ထိန်းနိုင်ရန်နှင့် ဗိမာန်တော်ဆောက်လုပ်ဖို့ အကျွန်ုပ်ပြင်ဆင်ထားခဲ့သည့်အရာအားလုံးကို လုပ်ဆောင်နိုင်ရန်အတွက် စုံလင်သောစိတ်နှလုံးကို ပေးတော်မူပါ”ဟု ဆုတောင်းလေ၏။
အကျွန်ုပ်တည်ဆောက်ရမည့်အိမ်တော်သည် အလွန်ကြီးကျယ်ခမ်းနားသောကြောင့် သစ်သားအမြောက်အမြားလိုပါ၏။
အိမ်တော်မျက်နှာစာရှိဆင်ဝင်၏အလျားမှာ အိမ်တော်မျက်နှာစာအကျယ်အတိုင်း အတောင်နှစ်ဆယ်၊ အမြင့်မှာ အတောင်တစ်ရာ့နှစ်ဆယ်ရှိ၏။ ဆင်ဝင်အတွင်းပိုင်းကို ရွှေစင်နှင့်မွမ်းမံထား၏။
မြောက်မျက်နှာလဟာပြင်ကို ပြန့်ကားစေပြီး ကမ္ဘာမြေကို လဟာပြင်တွင် ချိတ်ဆွဲထားတော်မူ၏။
ကိုယ်တော်သည် ရှေးကာလ၌ မြေကြီးကိုတည်တော်မူ၏။ ကောင်းကင်သည်လည်း ကိုယ်တော်၏လက်တော်ဖြင့်ပြုလုပ်သောအရာ ဖြစ်ပါ၏။
မြေကြီးကို ၎င်း၏အုတ်မြစ်များပေါ်တွင် တည်ထားတော်မူ၍ ၎င်းသည် မည်သည့်အခါမျှ တုန်လှုပ်လိမ့်မည်မဟုတ်။
အကယ်စင်စစ် ငါ့လက်ဖြင့် မြေကြီးကိုတည်၏။ ငါ့လက်ယာလက်ဖြင့် မိုးကောင်းကင်ကို ကြက်၏။ ၎င်းတို့ကို ငါမိန့်တော်မူလျှင် အတူတကွပေါ်လာကြ၏။
မိုးကောင်းကင်ကို မျှော်ကြည့်ကြလော့။ အောက်အရပ်ကမ္ဘာမြေကြီးကိုလည်း ကြည့်ကြလော့။ မိုးကောင်းကင်သည် မီးခိုးကဲ့သို့ကွယ်ပျောက်သွားမည်။ ကမ္ဘာမြေကြီးသည်လည်း အဝတ်ကဲ့သို့ဟောင်းနွမ်းသွားမည်။ မြေကြီးသားတို့သည်လည်း မှက်ကောင်ကဲ့သို့ သေဆုံးကြမည်။ သို့သော် ငါ၏ကယ်တင်ခြင်းသည် အစဉ်အမြဲတည်မည်။ ငါ၏ဖြောင့်မတ်ခြင်းသည် ပျောက်ပျက်မည်မဟုတ်။
ထို့နောက် ဖြူသောပလ္လင်ကြီးနှင့် ထိုပလ္လင်ပေါ်တွင်ထိုင်တော်မူသောအရှင်ကို ငါမြင်ရ၏။ ကောင်းကင်နှင့်မြေကြီးသည် ထိုအရှင်၏မျက်မှောက်မှ ပျောက်လွင့်သွား၍ ၎င်းတို့အတွက်နေရာမရှိတော့ပေ။
ဆင်းရဲသားကို မြေမှုန့်ထဲမှ ဆွဲထူ၍ နွမ်းပါးသူကို ပြာပုံထဲမှချီမတော်မူပြီး မင်းသားတို့နှင့်အတူထိုင်စေတော်မူ၏။ ဘုန်းကြီးသောပလ္လင်ကို အမွေဆက်ခံစေတော်မူ၏။ အကြောင်းမူကား ထာဝရဘုရားသည် ကမ္ဘာမြေကြီး၏အုတ်မြစ်ကို ပိုင်တော်မူ၍ ကမ္ဘာလောကကို ထိုအုတ်မြစ်ပေါ်တွင် ချထားတော်မူ၏။