သို့သော် သနားစုံမက်တတ်သောကိုယ်တော်သည် သူတို့ကိုမဖျက်ဆီးဘဲ သူတို့၏ဒုစရိုက်ကိုဖြေလွှတ်တော်မူ၏။ မိမိ၏အမျက်တော်ကိုလည်း အကြိမ်ကြိမ်ချုပ်တည်း၍ မိမိ၏အမျက်ဒေါသကို အကုန်အစင်နှိုးဆော်တော်မမူခဲ့ပေ။
သို့သော်လည်းဘုရားသခင်သည်မိမိ၏လူစုအား ကရုဏာထားတော်မူ၏။ သူတို့၏အပြစ်များကိုဖြေလွှတ်တော်မူ၍ သူတို့အားဆုံးပါးပျက်စီးစေတော်မမူ။ ကိုယ်တော်သည်ကြိမ်ဖန်များစွာမိမိ၏ဒေါသကို ချုပ်တည်းတော်မူ၍ သူတို့ပေါ်တွင်အမျက်မထွက်ဘဲနေတော် မူ၏။
က ရု ဏာ တော် နှင့် ပြည့် စုံ သော ကိုယ် တော် မူ ကား၊ သူ တို့ ကို မ ဖျက် ဆီး ဘဲ၊ ဒု စ ရိုက် ကို ဖြေ လွှတ် လျက်၊ အ မျက် တော် အ ကုန် မ နှိုး ဆော် ဘဲ၊ ကြိမ် ဖန် များ စွာ လွှဲ လျက်၊
ကိုယ်တော်မူကား၊ ကရုဏာစိတ်ရှိ၍ သူတို့ကိုမဖျက်ဆီးဘဲ အပြစ်လွှတ်တော်မူ၏။ ကြိမ်ဖန်များစွာ စိတ်တော်ပြေ၍၊ အမျက်တော်ကို နှိုးဆော်တော်မမူ။
ကောင်းကင်တမန်သည် ဂျေရုဆလင်မြို့ကို ဖျက်ဆီးရန် လက်ကိုဆန့်တော်မူလျှင် ထာဝရဘုရားသည် ထိုကပ်ရောဂါဘေးကြောင့် စိတ်မကောင်းဖြစ်သဖြင့် လူတို့ကိုဖျက်ဆီးသည့်ကောင်းကင်တမန်အား “လုံလောက်ပြီ။ သင့်လက်ကို ပြန်ရုပ်လော့”ဟု မိန့်တော်မူ၏။ ထိုအချိန်တွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယေဗုသိလူမျိုး အရောန၏ကောက်နယ်တလင်းနား၌ ရှိနေ၏။
သို့သော် ထာဝရဘုရားသည် သူတို့ကို သနားတော်မူ၏။ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကြောင့် သူတို့ကို သနားစုံမက်၍ ကြည့်ရှုတော်မူ၏။ သူတို့ကို မဖျက်ဆီးလိုသောကြောင့် ယနေ့တိုင်အောင် သူတို့ကို ရှေ့တော်မှ မဖယ်ရှားဘဲနေတော်မူ၏။
အာမုန်သည် ခမည်းတော်မနာရှေမင်းကြီးပြုခဲ့သည့်အတိုင်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။
အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် သူတို့ကို ထူးတော်မူ၏။ ကိုယ်တော်သည် သူတို့ပြုသောမကောင်းမှုများအတွက် အပြစ်ပေးသော်လည်း သူတို့ကို ခွင့်လွှတ်သော ဘုရားသခင်ဖြစ်တော်မူ၏။
ငါ့နာမကိုထောက်၍ ငါ့အမျက်ကို ရွှေ့ဆိုင်းမည်။ သင့်ကို ငါမဖျက်ဆီးမိစေရန် ငါ့ဂုဏ်သရေကိုထောက်၍ ငါ့အမျက်ကို ငါထိန်းချုပ်မည်။
သို့သော် သူတို့ကို ငါသနား၏။ တောကန္တာရတွင် မဖျက်ဆီးခဲ့။ အဆုံးမစီရင်ခဲ့။
ငါသည် အမျက်ထွက်သည့်အလျောက် မပြု။ ဧဖရိမ်ကို နောက်တစ်ဖန် မဖျက်ဆီး။ အကြောင်းမှာ ငါသည် လူမဟုတ်၊ ဘုရားသခင်ဖြစ်၏။ သင်တို့နှင့်အတူရှိသည့်သန့်ရှင်းသောအရှင် ဖြစ်၏။ သင့်ထံ အမျက်ဖြင့်လာမည်မဟုတ်။
ထိုအခါ ထာဝရဘုရားသည် ဤအမှုအတွက် စိတ်တော်ပြောင်း၍ “ထိုသို့ မဖြစ်စေတော့”ဟု မိန့်တော်မူ၏။