ကိုယ်တော်သည် ကျောက်ဆောင်ကို ဖွင့်တော်မူသောအခါ ရေများစီးထွက်၍ ခြောက်သွေ့သောနေရာတွင် မြစ်ကဲ့သို့စီးဆင်းလေ၏။
ဆာလံ 78:15 - မြန်မာ့စံမီသမ္မာကျမ်း တောကန္တာရထဲ၌ ကျောက်ဆောင်များကိုခွဲ၍ နက်ရှိုင်းသောသမုဒ္ဒရာမှရေကဲ့သို့ များစွာသောရေကို သူတို့အား တိုက်တော်မူ၏။ Common Language Bible ကိုယ်တော်သည်တောကန္တာရတွင် ကျောက်ဆောင်ကိုခွဲ၍နက်ရှိုင်းရာမှရေကို ထိုသူတို့အားတိုက်တော်မူ၏။ Garrad Bible ပင် လယ် နှင့် အ မျှ ရေ များ စွာ ကို တိုက် ခြင်း၊ Judson Bible တော၌ ကျောက်တို့ကိုဖောက်၍၊ ပင်လယ်ရေကဲ့သို့ များစွာသောရေကို သူတို့အား တိုက်တော်မူ၏။ |
ကိုယ်တော်သည် ကျောက်ဆောင်ကို ဖွင့်တော်မူသောအခါ ရေများစီးထွက်၍ ခြောက်သွေ့သောနေရာတွင် မြစ်ကဲ့သို့စီးဆင်းလေ၏။
ကိုယ်တော်သည် ကျောက်ဆောင်ကို ရေအိုင်အဖြစ်သို့လည်းကောင်း၊ မာကျောသောကျောက်ကို စမ်းရေတွင်းအဖြစ်သို့လည်းကောင်း ပြောင်းလဲစေတော်မူ၏။
ကြည့်ရှုလော့။ ငါသည် ဟောရပ်တောင်ရှိကျောက်ဆောင်ပေါ်တွင် သင့်ရှေ့၌ ရပ်နေမည်။ သင်သည် ထိုကျောက်ဆောင်ကိုရိုက်လော့။ ထိုကျောက်ဆောင်မှ ရေထွက်လာသဖြင့် လူတို့သည် ရေသောက်ရလိမ့်မည်”ဟု မိန့်တော်မူ၏။ မောရှေသည်လည်း အစ္စရေးသက်ကြီးဝါကြီးတို့၏မျက်မှောက်၌ ထိုအတိုင်းပြုလေ၏။
ငါသည် တောင်ကတုံးပေါ်တွင် မြစ်ကိုလည်းကောင်း၊ ချိုင့်ဝှမ်းအလယ်တွင် စမ်းရေကိုလည်းကောင်း စီးဆင်းစေမည်။ တောကန္တာရကို ရေအိုင်ဖြစ်စေ၍ ခြောက်သွေ့သောအရပ်ကို စမ်းရေတွင်းဖြစ်စေမည်။
ငါရွေးချယ်သော ငါ့လူမျိုးတို့သောက်ဖို့ရန် တောကန္တာရ၌ရေများကိုလည်းကောင်း၊ သဲကန္တာရ၌ မြစ်တို့ကိုလည်းကောင်း ငါပေးသောကြောင့် ခွေးအများ၊ ငှက်ကုလားအုတ်များနှင့် တောရိုင်းတိရစ္ဆာန်တို့သည် ငါ့ကို ဂုဏ်ပြုချီးမွမ်းကြလိမ့်မည်။
သူတို့ကို တောကန္တာရထဲတွင် ပို့ဆောင်တော်မူစဉ် သူတို့သည် ရေမငတ်ရကြ။ ကိုယ်တော်သည် သူတို့အဖို့ ကျောက်ဆောင်ထဲမှ ရေစီးဆင်းစေတော်မူ၏။ ကျောက်ဆောင်ကိုခွဲတော်မူသဖြင့် ရေစီးထွက်လေ၏။
မောရှေသည် မိမိ၏လက်ကိုမြှောက်၍ တောင်ဝှေးဖြင့် ထိုကျောက်ကို နှစ်ကြိမ်ရိုက်လေ၏။ ထိုအခါ ရေများစွာထွက်လာသဖြင့် လူထုကြီးနှင့်သူတို့၏တိရစ္ဆာန်များ ရေသောက်ရကြ၏။
အားလုံးသည် တစ်မျိုးတည်းသော ဝိညာဉ်ရေးဆိုင်ရာရေကို သောက်ခဲ့ကြ၏။ တစ်နည်းဆိုသော် သူတို့နှင့်အတူလိုက်ပါလာသော ဝိညာဉ်ရေးဆိုင်ရာကျောက်မှ ရေကိုသောက်ကြ၏။ ထိုကျောက်ကား ခရစ်တော်ပင်ဖြစ်၏။
ထို့နောက် ကောင်းကင်တမန်သည် ကျောက်သလင်းကဲ့သို့ကြည်လင်တောက်ပသော အသက်ရေစီးရာမြစ်ကို ငါ့အားပြလေ၏။ ထိုမြစ်သည် ဘုရားသခင်နှင့်သိုးသငယ်တော်၏ပလ္လင်တော်မှ ထွက်၍
ဝိညာဉ်တော်နှင့်သတို့သမီးတို့က “ကြွလာတော်မူပါ”ဟု ဆိုကြ၏။ ကြားနာသောသူကလည်း “ကြွလာတော်မူပါ”ဟု ဆိုပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အသက်ရေကို အခမဲ့ယူပါစေ။