အို ထာဝရဘုရား၊ ကိုယ်တော်၏သနားစုံမက်ခြင်းများနှင့် ကိုယ်တော်၏မေတ္တာကရုဏာများကို အောက်မေ့တော်မူပါ။ အကြောင်းမူကား ၎င်းတို့သည် ရှေးကာလမှစ၍ တည်ခဲ့ကြပါ၏။
ဆာလံ 77:9 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် သနားကြင်နာရန် မေ့လျော့တော်မူပြီလော။ သို့မဟုတ် အမျက်တော်ထွက်၍ မိမိ၏သနားစုံမက်ခြင်းကို ချုပ်တည်းတော်မူပြီလော။(စေလာ) Common Language Bible ဘုရားသခင်သည်သနားကြင်နာရန် မေ့လျော့တော်မူပြီလော။ ကရုဏာတော်အစားအမျက်တော်ကို ပြတော်မူပြီလော။'' Garrad Bible ဘု ရား သ ခင် သည်၊ ကျေး ဇူး ပြု ရန် သ တိ လစ်၍၊ အ မျက် တော် ဖြင့်၊ က ရု ဏာ တော် ကို ရုပ် သိမ်း တော် မူ ပြီ လော ဟူ၍ တည်း။ Judson Bible ဘုရားသခင်သည် သနားခြင်းငှာ မေ့လျော့တော်မူသလော။ အမျက်ထွက်သဖြင့် စုံစမ်းခြင်းကရုဏာတော်ကို ချုပ်တည်းတော်မူသလော။ |
အို ထာဝရဘုရား၊ ကိုယ်တော်၏သနားစုံမက်ခြင်းများနှင့် ကိုယ်တော်၏မေတ္တာကရုဏာများကို အောက်မေ့တော်မူပါ။ အကြောင်းမူကား ၎င်းတို့သည် ရှေးကာလမှစ၍ တည်ခဲ့ကြပါ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်အား သနားစုံမက်ခြင်းကို ချုပ်တည်းတော်မမူပါနှင့်။ ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့် ကိုယ်တော်၏သမ္မာတရားသည် အကျွန်ုပ်ကို အစဉ်ကာကွယ်စောင့်ရှောက်ပါစေသော။
အို ဘုရားသခင်၊ ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့်အညီ အကျွန်ုပ်ကိုသနားတော်မူပါ။ ကိုယ်တော်၏ကြီးမားသောသနားစုံမက်ခြင်းနှင့်အညီ အကျွန်ုပ်ကျူးလွန်သောအပြစ်များကို ပယ်ဖျက်တော်မူပါ။
အို ယာကုပ်အမျိုး၊ အို အစ္စရေးလူမျိုး၊ “ထာဝရဘုရားသည် ငါ့လမ်းကို မမြင်။ ငါ၏ဘုရားသခင်သည် ငါ့အမှုကို ဂရုမစိုက်”ဟု အဘယ်ကြောင့်ပြောဆိုရသနည်း။
ကိုယ်တော်၏သန့်ရှင်းသော၊ ဘုန်းအသရေရှိသော ကိန်းဝပ်တော်မူရာကောင်းကင်ဘုံမှ ကြည့်၍ သိမြင်တော်မူပါ။ ကိုယ်တော်၏စိတ်အားထက်သန်မှု၊ ကိုယ်တော်၏အစွမ်းတန်ခိုးသည် အဘယ်မှာနည်း။ ကိုယ်တော်သည် အကျွန်ုပ်အပေါ်ထားရှိသည့် သနားကြင်နာခြင်းစိတ်ကို ချုပ်တည်းတော်မူပြီ။
လိမ်လည်ပြောဆိုရအောင် ဘုရားသခင်သည် လူဖြစ်သည်မဟုတ်။ စိတ်ပြောင်းလဲရအောင် လူသားဖြစ်သည်မဟုတ်။ ကိုယ်တော်သည် မိန့်တော်မူပြီးမှ မပြုဘဲနေတော်မူမည်လော။ ကတိထားတော်မူပြီးမှ မတည်ဘဲနေတော်မူမည်လော။
ဘုရားသခင်သည် လူအပေါင်းတို့အပေါ်ကရုဏာထားတော်မူရန် လူအပေါင်းတို့ကို မနာခံမှုအဖြစ်၌ချုပ်ထားတော်မူ၏။
တစ်စုံတစ်ဦးသည် လောကီစည်းစိမ်ရှိလျက်နှင့် မိမိညီအစ်ကိုဆင်းရဲချို့တဲ့နေသည်ကိုမြင်၍ မိမိ၏ကြင်နာစိတ်ကိုချုပ်တည်းထားလျှင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် ထိုသူ၌ မည်သို့တည်မည်နည်း။