ကိုယ်တော်၏မေတ္တာကရုဏာတော်သည် ထာဝရကုန်ခန်းသွားပြီလော။ ကိုယ်တော်၏ကတိတော်များသည် မျိုးဆက်အစဉ်အဆက် ပျက်ပြားသွားပြီလော။
ကိုယ်တော်သည်ငါတို့ကိုချစ်တော်မမူတော့ ပြီလော။ ကတိတော်သည်လည်းပျက်လေပြီလော။
ကာ လ အ စဉ် က ရု ဏာ တော် ကုန် ခန်း၍၊ လူ မျိုး အ စဉ် အ ဆက် က တိ တော် ပြတ် စဲ ပြီ လော။
ကရုဏာတော်သည် အစဉ်ကုန်ပြီလော။ ကတိတော်လည်း ကာလအစဉ်အဆက် ပျက်လိမ့်မည်လော။
စင်စစ် အကျွန်ုပ်တို့သည် သေတတ်သောအမျိုးဖြစ်ကြပါ၏။ မြေပေါ်သွန်ပြီးမှ ပြန်ယူ၍မရသောရေနှင့်တူကြပါ၏။ ဘုရားသခင်မူကား အသက်တစ်ချောင်းကိုပင် မသေစေလိုပါ။ ကိုယ်တော့်ထံမှ နှင်ထုတ်ခံရသောသူကို အပယ်ခံမဖြစ်စေလိုသဖြင့် နည်းလမ်းရှာဖွေတော်မူတတ်ပါ၏။
အကျွန်ုပ်၏စိတ်ဝိညာဉ်သည် မည်မျှကြာအောင် တွေးတောပူပန်လျက် နေရပါမည်နည်း။ အကျွန်ုပ်၏စိတ်နှလုံးတွင် တစ်နေ့လုံးဝမ်းနည်းလျက်နေရပါ၏။ အကျွန်ုပ်၏ရန်သူသည် အကျွန်ုပ်အထက်၌ မည်မျှကြာအောင် မြှောက်စားခြင်းခံရပါမည်နည်း။
အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ်ငြင်းပယ်တော်မူသနည်း။ ကိုယ်တော်၏အမျက်တော်သည် ကိုယ်တော်၏စားကျက်မှသိုးစုအပေါ် အဘယ်ကြောင့်တငွေ့ငွေ့လောင်တော်မူသနည်း။
ကိုယ်တော်၏လူမျိုးတော်သည် ကိုယ်တော်၌ဝမ်းမြောက်မည့်အကြောင်း အကျွန်ုပ်တို့ကို ပြန်လည်ရှင်သန်စေတော်မူမည်မဟုတ်လော။
အကိုင်းအခက်တို့သည် ခြောက်သွေ့လျှင် ချိုးပစ်ခြင်းခံရလိမ့်မည်။ မိန်းမတို့သည် လာ၍ ချိုးယူမီးဆိုက်ကြလိမ့်မည်။ ဤလူမျိုးသည် အသိဉာဏ်မရှိသောကြောင့် သူ့ကိုဖန်ဆင်းသောအရှင်သည် သူ့ကိုသနားတော်မူမည်မဟုတ်။ သူ့ကိုပုံဖော်ဖန်ဆင်းသောအရှင်သည် သူ့ကိုမျက်နှာသာပေးတော်မူမည်မဟုတ်။
အကျွန်ုပ်၏ဝေဒနာသည် အဘယ်ကြောင့် အတောမသတ်နိုင်ပါသနည်း။ အကျွန်ုပ်၏ဒဏ်ရာသည် အဘယ်ကြောင့် ကုသ၍ မပျောက်ကင်းနိုင်ပါသနည်း။ ကိုယ်တော်သည် အကျွန်ုပ်အားထား၍မရသော၊ အကျွန်ုပ်ကိုလှည့်စားသောစမ်းရေကဲ့သို့ ဖြစ်တော်မူ၍လော။
သင်တို့သည် ထိုပြည်ကိုရက်ပေါင်းလေးဆယ်စူးစမ်းခဲ့သည်ဖြစ်၍ ထိုရက်များ၏အရေအတွက်အတိုင်း တစ်ရက်ကို တစ်နှစ်ကျဖြင့် သင်တို့၏ဒုစရိုက်ဝန်ကို နှစ်ပေါင်းလေးဆယ်ဆောင်ရမည်။ ဤသို့ ငါဆန့်ကျင်သည်ကို သင်တို့သိရလိမ့်မည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်ဟု ဆင့်ဆိုလော့။
လိမ်လည်ပြောဆိုရအောင် ဘုရားသခင်သည် လူဖြစ်သည်မဟုတ်။ စိတ်ပြောင်းလဲရအောင် လူသားဖြစ်သည်မဟုတ်။ ကိုယ်တော်သည် မိန့်တော်မူပြီးမှ မပြုဘဲနေတော်မူမည်လော။ ကတိထားတော်မူပြီးမှ မတည်ဘဲနေတော်မူမည်လော။
မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ပျက်ပြယ်သွားသည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် အစ္စရေးအနွယ်ဝင်အားလုံးသည် အစ္စရေးလူမျိုးမဟုတ်။
နှောင့်နှေးသည်ဟု အချို့တို့ကမှတ်ယူသကဲ့သို့ ထာဝရဘုရားသည် ကတိတော်ကို နှောင့်နှေးစေတော်မူသည်မဟုတ်။ မည်သူမျှမပျက်စီးဘဲ လူတိုင်းနောင်တရစေရန် အလိုတော်ရှိ၍ သင်တို့အပေါ်စိတ်ရှည်သည်းခံလျက်နေတော်မူခြင်းသာဖြစ်၏။