ကိုယ်တော်သည် တရားစီရင်ချက်ကို ကောင်းကင်မှ ကြေညာတော်မူ၏။
ကိုယ်တော်ရှင်သည်မိမိ၏စီရင်ချက်ကို ကောင်းကင်ဘုံမှကြေညာတော်မူပါ၏။ ကိုယ်တော်ရှင်သည်ကမ္ဘာပေါ်ရှိဖိနှိပ်ညှဉ်းပန်း ခြင်း ခံရကြသူတို့အားကယ်တော်မူရန်အတွက် ထ၍စီရင်ချက်ချမှတ်တော်မူသောအခါ၊ ကမ္ဘာသည် ကြောက်လန့်၍ဆိတ်ဆိတ်နေကြပါ၏။
ဘု ရား သ ခင် သည်၊ စီ ရင် ဆုံး ဖြတ် သ ဖြင့်၊ မြေ ကြီး ပေါ် ရှိ စိတ် နှိမ့် ချ သူ တို့ ကို ကယ် တင် ရန် ထ တော် မူ သော အ ခါ၊ ကောင်းကင် ထဲ မှ၊ စီ ရင် ချက် ကို ထုတ် ပြ တော် မူ ရာ၊ မြေ ပ ထ ဝီ ကြောက် ရွံ့ ၍ ဆိတ် ဆိတ် နေ ရ ၏။
ဘုရားသခင်သည် နှိမ့်ချလျက်ရှိသော မြေကြီးသားအပေါင်းတို့ကို ကယ်တင်၍၊
“ငါနှင့်ပြည်သူပြည်သားတို့အတွက်သာမက ယုဒအမျိုးသားအပေါင်းတို့အတွက်ပါ ဤတွေ့ရှိထားသောကျမ်းပါစကားတော်များနှင့်ပတ်သက်ပြီး ထာဝရဘုရားထံ သွား၍မေးမြန်းပေးကြလော့။ ငါတို့ဘိုးဘေးတို့သည် ဤကျမ်းပါစကားတော်အတိုင်း မလိုက်နာ၊ ငါတို့နှင့်ပတ်သက်ပြီး ရေးထားသမျှတို့ကို မပြုကျင့်ကြသောကြောင့် ထာဝရဘုရားသည် ငါတို့ကို ပြင်းစွာအမျက်ထွက်လေပြီ”ဟု မိန့်ဆို၏။
အကြောင်းမူကား ထာဝရဘုရားသည် ကြီးမြတ်တော်မူ၏။ ချီးမွမ်းဖွယ်အလွန်ကောင်း၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ရိုသေဖွယ် ကောင်းလှ၏။
မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်ကြလော့။ ကမ္ဘာမြေကြီးကို မလှုပ်ရှားနိုင်အောင် ခိုင်မြဲစွာတည်ထားတော်မူပြီ။
ထိုအခါ ငါက “အို ကောင်းကင်ဘုံရှင်ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမြတ်၍ ကြောက်ရွံ့ရိုသေဖွယ် ဖြစ်ပါ၏။ ကိုယ်တော်ကို ချစ်၍ ပညတ်တော်ကို စောင့်ထိန်းသောသူတို့နှင့် ဖွဲ့ခဲ့သောပဋိညာဉ်တော်ကို တည်စေသောဘုရား၊ မေတ္တာကရုဏာကို ပြတော်မူသောဘုရား ဖြစ်ပါ၏။
“အထက်ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်းကို ရှိစေတော်မူသောအရှင်သည် အုပ်စိုးခြင်းအရှင်၊ ကြောက်ရွံ့ရိုသေဖွယ်အရှင် ဖြစ်တော်မူ၏။
“ငြိမ်ဝပ်စွာနေ၍ ငါသည်ဘုရားသခင်ဖြစ်ကြောင်း သိမှတ်ကြလော့။ ငါသည် လူမျိုးတကာတို့အလယ်တွင် ချီးမြှောက်ခြင်းရှိလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်တွင် ချီးမြှောက်ခြင်းရှိလိမ့်မည်။”
တစ်ဖန် ထာဝရဘုရားက မောရှေအား “လူတို့ထံသို့သွား၍ ယနေ့နှင့်မနက်ဖြန်တွင် သူတို့ကို သန့်ရှင်းစေလော့။ သူတို့၏အဝတ်အစားများကိုလည်း လျှော်စေလော့။
ထာဝရဘုရားမူကား စစ်မှန်သောဘုရားဖြစ်၏။ ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရား၊ ထာဝရဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်အမျက်ထွက်တော်မူလျှင် မြေကြီးတုန်ခါပါ၏။ လူမျိုးအပေါင်းတို့သည် အမျက်တော်ကို မခံနိုင်ကြပါ။
ကြည့်ရှုလော့။ ဂျော်ဒန်တောအုပ်မှ စိမ်းလန်းသောစားကျက်မြေသို့ ခြင်္သေ့တက်လာသောအခါ သားကောင်တို့ထွက်ပြေးရသကဲ့သို့ ထိုပြည်သားတို့ကို ထိုပြည်မှ ငါရုတ်ချည်းထွက်ပြေးစေမည်။ ငါရွေးချယ်သောသူကို ထိုပြည်၌ ငါခန့်ထားမည်။ မည်သူသည် ငါနှင့်တူသနည်း။ မည်သူသည် ငါ့ကိုစိန်ခေါ်ဝံ့သနည်း။ မည်သည့်သိုးထိန်းသည် ငါ့ကိုဆန့်ကျင်ပြီး ရပ်တည်နိုင်သနည်း”ဟု မိန့်တော်မူ၏။
ကိုယ်တော်၏အမျက်တော်ရှေ့၌ မည်သူရပ်နိုင်မည်နည်း။ ကိုယ်တော်၏ပြင်းစွာသောအမျက်တော်ကို မည်သူကြံ့ကြံ့ခံနိုင်မည်နည်း။ အမျက်တော်ကို မီးကဲ့သို့သွန်ချတော်မူလျှင် ရှေ့တော်၌ ကျောက်ဆောင်များ ပြိုကျကုန်ပါ၏။
ထာဝရဘုရားသည် သန့်ရှင်းရာဗိမာန်တော်၌ စံမြန်းတော်မူ၏။ မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ငြိမ်ဝပ်စွာနေကြလော့”ဟု တုံ့ပြန်မိန့်ဆိုတော်မူ၏။
အို လူသားအပေါင်းတို့၊ ထာဝရဘုရားရှေ့တော်၌ ငြိမ်ဝပ်စွာနေကြလော့။ ထာဝရဘုရားသည် သန့်ရှင်းသောကိန်းဝပ်တော်မူရာအရပ်မှ ကြွလာတော်မူပြီ။
ကြယ်တို့သည် ကောင်းကင်မှစစ်တိုက်ကြပြီ။ မိမိတို့ပတ်လမ်းမှ သိသရကိုစစ်တိုက်ကြပြီ။