အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 74:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သူ​တို့​သည် ကိုယ်တော်​၏​သန့်ရှင်းရာဌာန​တော်​ကို မီးရှို့​ကြ​ပါ​၏​။ ကိုယ်တော်​၏​နာမ​တော်​တည်ရာအရပ်​ကို မြေ​သို့​ကျ​သည့်​တိုင်အောင် ရှုတ်ချ​ကြ​ပါ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​ကို မီး​ရှို့​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​အား​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​တော်​ကို ဖြို​ဖျက်​၍​ညစ်​ညမ်း​စေ​ကြ​ပါ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

သန့် ရှင်း ရာ ဌာ န တော် ကို မီး တိုက် ခြင်း၊ နာ မ တော် ကိန်း ဝပ် ရာ ကို၊ မြေ လှန် သည့် တိုင် အောင် ဖြို လှဲ ခြင်း၊

အခန်းကိုကြည့်ပါ။

Judson Bible

သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို မီး​ရှို့​ကြ​ပါ၏။ နာ​မ​တော်​ကျိန်း​ဝပ်​ရာ​တဲ​တော်​ကို မြေ​တိုင်​အောင် ရှုတ်​ချ​ကြ​ပါ၏။

အခန်းကိုကြည့်ပါ။



ဆာ​လံ 74:7
14 ပူးပေါင်းရင်းမြစ်များ  

ယခုမှာ ထာဝရဘုရား​သည် မိမိ​ပြု​ထား​သော​ကတိ​တော်​ကို တည်​စေ​ပြီ​။ ထာဝရဘုရား​မိန့်မှာ​ခဲ့​သည့်​အတိုင်း ငါ​သည် ငါ့​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​အရိုက်အရာ​ကို ဆက်ခံ​ပြီး အစ္စရေး​ရာဇပလ္လင်​ပေါ်တွင် စံမြန်း​နေ​ရ​ပြီ​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​၏​နာမ​တော်​အဖို့ အိမ်​တော်​ကို​လည်း တည်ဆောက်​ခဲ့​ပြီ​။


သူ​သည် ထာဝရဘုရား​၏​အိမ်​တော်​မှစ၍ ဘုရင့်​နန်းတော်​နှင့် ဂျေရုဆလင်​မြို့​ရှိ အိမ်​အားလုံး​ကို မီးရှို့​၏​။ မှူးကြီးမတ်ရာ​တို့​၏​အိမ်​အားလုံး​ကို​လည်း မီး​ရှို့​လေ​၏​။


သူ​တို့​သည် ဘုရားသခင်​၏​အိမ်​တော်​ကို မီးရှို့​ပြီး ဂျေရုဆလင်​မြို့ရိုး​ကို ဖြိုချ​ပစ်​၏​။ နန်းတော်​တစ်ခုလုံး​ကို​လည်း မီး​ရှို့​ပြီး အဖိုးတန်​အသုံးအဆောင်​အားလုံး​ကို​လည်း ဖျက်ဆီး​ပစ်​ကြ​၏​။


ကိုယ်တော်​၏​အစေအပါး​နှင့်​ဖွဲ့​တော်မူ​သော ပဋိညာဉ်​ကို​ပယ်ဖျက်​၍ သူ​၏​ဘုန်းသရဖူ​ကို မြေ​တိုင်အောင်​ရှုတ်ချ​တော်မူ​ပြီ​။


သင်​တို့​သည် ငါ့​အတွက် မြေ​ယဇ်ပလ္လင်​ကို​တည်​၍ မီးရှို့ရာယဇ်​များ​၊ မိတ်သဟာယယဇ်​များ​အဖြစ် သင်​တို့​၏​သိုး​များ​၊ နွား​များ​ကို ယဇ်ပူဇော်​ရ​မည်​။ ထိုသို့ ငါ​၏​နာမ​တော်​ကို​အောက်မေ့​ရာ​အရပ်ရပ်​ရှိ သင်​တို့​ထံသို့ ငါ​ကြွလာ​၍ သင်​တို့​ကို​ကောင်းချီးပေး​မည်​။


အကျွန်ုပ်​တို့​၏​ဘိုးဘေး​များ ကိုယ်တော်​ကို​ချီးမွမ်း​ရာ​အရပ်​ဖြစ်​သည့် သန့်ရှင်း​၍ ဂုဏ်ကျက်သရေ​ရှိ​သော အကျွန်ုပ်​တို့​၏​အိမ်​တော်​သည် မီးလောင်​သွား​လေ​ပြီ​။ ကျွန်ုပ်​တို့​နှစ်သက်မြတ်နိုး​သော​အရာ​ရှိသမျှ​တို့​သည် ပျက်စီး​သွား​လေ​ပြီ​။


သူ​သည် ထာဝရဘုရား​၏​အိမ်​တော်​မှစ၍ ဘုရင့်​နန်းတော်​နှင့် ဂျေရုဆလင်​မြို့​ရှိ အိမ်​အားလုံး​ကို မီးရှို့​၏​။ မှူးကြီးမတ်ရာ​တို့​၏​အိမ်​အားလုံး​ကို​လည်း မီး​ရှို့​လေ​၏​။


ဘုရားရှင်​သည် ယာကုပ်​အမျိုး​၏​နေရာ​ရှိသမျှ​ကို မ​ညှာ​မ​တာ​ဝါးမျို​တော်မူ​ပြီ​။ ယုဒ​သမီးပျို​၏​ခံတပ်​များ​ကို အမျက်​တော်​ဖြင့် ဖြိုဖျက်​တော်မူ​ပြီ​။ မြေ​တိုင်အောင် ရောက်​စေ​တော်မူ​ပြီ​။ နိုင်ငံ​နှင့်​အကြီးအကဲ​တို့​ကို​လည်း ရှုတ်ချ​တော်မူ​ပြီ​။


တဲ​တော်​ကို ပြောင်တလင်းခါ​နေ​သော​ဥယျာဉ်​ကဲ့သို့ ဖြစ်​စေ​တော်မူ​ပြီ​။ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ကို ဖျက်ဆီး​တော်မူ​ပြီ​။ ထာဝရဘုရား​သည် ဇိအုန်​မြို့​အား ပွဲတော်​နေ့​၊ ဥပုသ်နေ့​ကို မေ့​စေ​တော်မူ​ပြီ​။ အမျက်​ပြင်းစွာ​ဖြင့် ရှင်ဘုရင်​နှင့်​ယဇ်ပုရောဟိတ်​ကို ပစ်ပယ်​တော်မူ​ပြီ​။


‘အစ္စရေး​အမျိုးအနွယ်​အား ဘုရားရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ သင်​တို့​ဂုဏ်ယူ​အားထားရာ​၊ သင်​တို့​နှစ်သက်မြတ်နိုး​ရာ​၊ အလေးအမြတ်​ထား​ရာ ငါ​၏​သန့်ရှင်းရာဌာန​ကို ငါ​ညစ်ညူး​စေ​မည်​။ သင်​တို့​စွန့်ထား​ခဲ့​သော သင်​တို့​၏​သား​သမီး​တို့​သည် ဓား​ဖြင့်​သေ​ရ​မည်​။


ငါ​သည် ဆိုးညစ်​သော​လူမျိုး​တို့​ကို ခေါ်​ခဲ့​၍ သူ​တို့​နေထိုင်​ရာ​အိမ်​များ​ကို သိမ်းပိုက်​စေ​မည်​။ ခွန်အားကြီး​သော​သူ​တို့​၏​မာန​ကို ချိုး​ပစ်​မည်​။ သူ​တို့​၏​သန့်ရှင်းရာဌာန​ကို ညစ်ညူး​စေ​မည်​။


ငါ​သည် သင်​တို့​၏​မြို့​များ​ကို ပြိုပျက်​စေ​၍ သင်​တို့​၏​သန့်ရှင်းရာဌာန​ကို လူသူကင်းမဲ့​စေ​မည်​။ သင်​တို့​၏​မွှေးကြိုင်​သော​ရနံ့​ကို​လည်း ငါ​ခံယူ​မည်​မ​ဟုတ်​။


ထိုအခါ ဘုရင်​သည် အမျက်ထွက်​၍ သူ​၏​စစ်သား​များ​ကို​စေလွှတ်​ကာ ထို​လူသတ်သမား​တို့​ကို​ဖျက်ဆီး​စေ​ပြီး သူ​တို့​၏​မြို့​ကို​မီးရှို့​စေ​၏။


နာမ​တော်​တည်​ရာ​၊ ကိန်းဝပ်​တော်မူ​ရာ​အဖြစ် သင်​တို့​မျိုးနွယ်​အားလုံး​ထဲမှ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​ကို​ရှာ​၍ ထို​နေရာ​သို့​သာ​သွား​ရ​မည်​။