အို ထာဝရဘုရား၊ ရန်သူသည် ကိုယ်တော့်ကိုကဲ့ရဲ့ပြစ်တင်သည်ကိုလည်းကောင်း၊ မိုက်မဲသောသူသည် ကိုယ်တော်၏နာမတော်ကို မထီလေးစားပြုသည်ကိုလည်းကောင်း အောက်မေ့တော်မူပါ။
သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ရန်သူတို့သည်ကိုယ်တော်ရှင် အား ပြက်ရယ်ပြုကြသည်ကိုလည်းကောင်း၊ သူတို့သည်ဘုရားမဲ့၍ကိုယ်တော်ရှင်အား မထီမဲ့မြင် ပြုကြသည်ကိုလည်းကောင်းသတိရတော်မူပါ။
ထာ ဝ ရ ဘု ရား ကို ရန် သူ တို့ ကဲ့ ရဲ့၍၊ နာ မ တော် ကို လူ မျိုး ယုတ် တို့ မ ထီ လေး စား ပြု ကြ ကြောင်း၊ သ တိ ရ တော် မူ ပါ။
ရန်သူတို့သည် ထာဝရဘုရားကိုကဲ့ရဲ့၍၊ လူမိုက်တို့သည် နာမတော်အား မထီမဲ့မြင်ပြုကြသည်ကို အောက်မေ့တော်မူပါ။
ရာဗရှာခ၏သခင်အဆီးရီးယားဘုရင်သည် ရာဗရှာခကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့ပြစ်တင်စေ၏။ ထိုစကားအလုံးစုံကို သင်၏ဘုရားသခင်ထာဝရဘုရားကြားတော်မူ၍ ကြားတော်မူသောစကားအတွက် သင်၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကိုဆုံးမကောင်းဆုံးမတော်မူလိမ့်မည်။ ထို့ကြောင့် အသက်ရှင်ကျန်ရစ်သောသူတို့အတွက် ဆုတောင်းပတ္ထနာပြုပါ’ဟူ၍ မိန့်မှာသည်”ဟု ပြောကြား၏။
သူတို့သည် ဂျေရုဆလင်မြို့၏ဘုရားသခင်ကို လူ့လက်ဖြင့်လုပ်သောအရာများဖြစ်သည့် မြေကြီးပေါ်ရှိလူမျိုးတို့၏ဘုရားများနှင့်တူသည်ဟု ကဲ့ရဲ့ပြောဆိုကြ၏။
အို ထာဝရဘုရား၊ ဂျေရုဆလင်မြို့၏နေ့ရက်၌ “ဖြိုဖျက်ကြ။ အောက်ခြေအထိ ဖြိုဖျက်ကြ”ဟု ဆိုကြသော ဧဒုံအမျိုးသားတို့ကို အောက်မေ့တော်မူပါ။
အကျွန်ုပ်ကျူးလွန်သောအပြစ်ရှိသမျှတို့မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အကျွန်ုပ်ကို မိုက်မဲသောသူ၏ကဲ့ရဲ့ပြစ်တင်စရာ ဖြစ်စေတော်မမူပါနှင့်။
ဆင်းရဲသောသူကို ဂရုပြုသောသူသည် မင်္ဂလာရှိ၏။ ဒုက္ခရောက်သောနေ့၌ ထာဝရဘုရားသည် သူ့ကိုလွတ်မြောက်စေတော်မူမည်။
အို ဘုရားသခင်၊ ထတော်မူပါ။ ကိုယ်တော်၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းတော်မူပါ။ မိုက်မဲသောသူသည် ကိုယ်တော်ကို တစ်နေ့လုံး ကဲ့ရဲ့ပြစ်တင်သည်ကို အောက်မေ့တော်မူပါ။
အို ထာဝရဘုရား၊ အကျွန်ုပ်တို့ မည်သို့ဖြစ်ခဲ့သည်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တို့ ခံရသောကဲ့ရဲ့ပြစ်တင်ခြင်းကို ကြည့်တော်မူပါ။ မြင်တော်မူပါ။
သို့သော် သူတို့အား ထုတ်ဆောင်လာခဲ့သည်ကို မြင်တွေ့သောလူမျိုးခြားတို့ရှေ့တွင် ငါ့နာမရှုတ်ချမခံရရန်အတွက် ငါပြုခဲ့၏။
သင့်နှုတ်ဖြင့် ငါ့အား ဆန့်ကျင်ပုတ်ခတ်သောစကား၊ မောက်မောက်မာမာပြောဆိုခဲ့သောစကားအလုံးစုံကို ငါကြား၏’ဟု မိန့်တော်မူ၏။
သို့သော် သူတို့ကိုရန်ပြုသောသူတို့၏ရန်သူတို့သည် ထောင်လွှားလာပြီး “ဤအမှုအလုံးစုံကို ထာဝရဘုရားပြုတော်မူသည်မဟုတ်၊ ငါတို့လက်ဖြင့် အောင်မြင်ခဲ့သည်”ဟု အထင်လွဲ၍ ဆိုလာမည်ကို စိုးရိမ်၏’ဟု မိန့်တော်မူ၏။
အို မိုက်မဲသောလူမျိုး၊ ပညာမဲ့သောလူမျိုး၊ ဤနည်းဖြင့် ထာဝရဘုရားကို ကျေးဇူးဆပ်ရသလော။ ကိုယ်တော်သည် သင်၏ဖခင်၊ သင့်ကိုဖန်ဆင်းသောအရှင် ဖြစ်တော်မူသည်မဟုတ်လော။ ကိုယ်တော်သည် သင့်ကိုဖန်ဆင်း၍ ပုံဖော်ဖြစ်တည်စေတော်မူသည်မဟုတ်လော။
မြို့ကြီးသည် သုံးပိုင်းကွဲသွား၍ တိုင်းနိုင်ငံတို့၏မြို့များသည်လည်း ပြိုလဲကြကုန်၏။ ဘုရားသခင်သည် မိမိ၏အမျက်တော်နှင့်ဆိုင်သည့် ပြင်းစွာသောဒေါသစပျစ်ဝိုင်ခွက်ကိုပေးရန် ဘေဘီလုံမြို့ကြီးကိုသတိရတော်မူ၏။