ကိုယ်တော်၏လေးသည်တော်တို့သည် ငါ့ကို ဝိုင်းထားကြ၏။ ကိုယ်တော်သည် ငါ့ကျောက်ကပ်ကို မညှာမတာပစ်ခတ်တော်မူ၏။ ငါ့သည်းခြေကိုလည်း မြေပေါ်သို့ ဖောက်ချတော်မူ၏။
ဆာလံ 73:21 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်၏စိတ်နှလုံးသည် မခံချိမခံသာဖြစ်၍ အကျွန်ုပ်၏အတွင်းသဘောသည် ထိုးဆွခြင်းခံရသောအခါ Common Language Bible ကျွန်တော်မျိုးသည်ဝမ်းနည်းကြေကွဲ၍ စိတ်နာကြည်းသောအခါ Garrad Bible ထို အ တိုင်း အ ကျွန်ုပ် သည် စိတ် ပူ ဆွေး လျက်၊ ကျောက် ကပ် နာ ကျင် ရာ၊ Judson Bible ထိုသို့ အကျွန်ုပ်သည်နှလုံးနာလျက်၊ ကျောက်ကပ်မွှေနှောက်လျက်ရှိ၍၊ |
ကိုယ်တော်၏လေးသည်တော်တို့သည် ငါ့ကို ဝိုင်းထားကြ၏။ ကိုယ်တော်သည် ငါ့ကျောက်ကပ်ကို မညှာမတာပစ်ခတ်တော်မူ၏။ ငါ့သည်းခြေကိုလည်း မြေပေါ်သို့ ဖောက်ချတော်မူ၏။
ဆိုးညစ်သောအမှုကိုပြုသောသူတို့ကြောင့် စိတ်အနှောင့်အယှက်မဖြစ်နှင့်။ မတရားမှုပြုသောသူတို့ကိုမငြူစူနှင့်။
ထာဝရဘုရားရှေ့တော်၌ တိတ်ဆိတ်စွာနေ၍ ကိုယ်တော်ကိုငံ့လင့်လော့။ မိမိပြုသောအမှု၌ အောင်မြင်သောသူကြောင့်လည်းကောင်း၊ ကောက်ကျစ်သောအကြံအစည်များကို ကြံစည်သောသူကြောင့်လည်းကောင်း စိတ်အနှောင့်အယှက်မဖြစ်နှင့်။
အကြောင်းမူကား ဆိုးယုတ်သောသူတို့ကောင်းစားကြသည်ကိုငါမြင်၍ ဝါကြွားတတ်သောသူတို့ကို ငါငြူစူမိသောကြောင့်ဖြစ်၏။