ထာဝရဘုရား၏ကောင်းကင်တမန်သည် သူတို့ကိုလိုက်လံ၍ သူတို့လမ်းသည် မှောင်လျက်ချော်ပါစေသော။
ဆာလံ 73:18 - မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် ကိုယ်တော်သည် ချောသောနေရာများတွင် သူတို့ကိုထား၍ ပျက်စီးဆိတ်သုဉ်းသောအရပ်သို့ သူတို့ကိုကျစေတော်မူ၏။ Common Language Bible ကိုယ်တော်ရှင်သည်သူတို့အားခြေချော်တတ်သည့် နေရာများတွင်ခြေချော်စေတော်မူ၍ ဆုံးပါးပျက်စီးစေတော်မူပါမည်။ Garrad Bible သူ တို့ အ ဆုံး ကို ဆင် ခြင် မိ ရာ၊ ကိုယ် တော် သည် သူ တို့ ကို ချော် လဲ သော အ ရပ် များ ၌ ထား၍၊ ပျက် စီး ရာ သို့ စင် စစ် ချ တော် မူ သ ဖြင့်၊ Judson Bible အကယ်စင်စစ် ကိုယ်တော်သည် သူတို့ကို ချောသောအရပ်၌ ထားတော်မူပြီ။ ဖျက်ဆီးရာအရပ်သို့ ချတော်မူ၏။ |
ထာဝရဘုရား၏ကောင်းကင်တမန်သည် သူတို့ကိုလိုက်လံ၍ သူတို့လမ်းသည် မှောင်လျက်ချော်ပါစေသော။
ဆိုးယုတ်သောသူတို့မူကား ပျက်စီးကြရလိမ့်မည်။ ထာဝရဘုရား၏ရန်သူတို့သည် မြက်ခင်းပြင်၏အသရေကဲ့သို့ဖြစ်ကြ၏။ သူတို့သည် ပျောက်ပြယ်သွားကြလိမ့်မည်။ မီးခိုးကဲ့သို့ ပျောက်ပြယ်သွားကြလိမ့်မည်။
ထာဝရဘုရားသည် သူ့ကို မိမိလက်တော်ဖြင့် ထောက်မတော်မူသောကြောင့် သူသည်လဲကျလျှင်လည်း ပြန်မထနိုင်တော့သည့်အဖြစ်သို့ ရောက်လိမ့်မည်မဟုတ်။
သို့သော် အို ဘုရားသခင်၊ ကိုယ်တော်သည် ထိုသူတို့ကို ပုပ်ပျက်ရာတွင်းထဲသို့ဆင်းသွားစေတော်မူ၏။ သွေးဆာသောသူနှင့် လိမ်လည်လှည့်ဖြားသော သူတို့သည် မိမိတို့နေ့ရက်ကာလ၏ထက်ဝက်မျှပင် အသက်ရှင်ရမည်မဟုတ်။ အကျွန်ုပ်မူကား ကိုယ်တော်ကိုယုံကြည်ကိုးစားပါမည်။
ဆိုးယုတ်သောသူတို့သည် မြက်ပင်ကဲ့သို့ ပွင့်လန်းဝေဆာ၍ အပြစ်ဒုစရိုက်ပြုသောသူ အပေါင်းတို့သည် ရှင်သန်ကြခြင်းမှာ ထာဝရဖျက်ဆီးခြင်းခံရရန်အတွက်ဖြစ်၏။
ကိုယ်တော်သည် သူတို့၏အပြစ်ဒုစရိုက်အတွက် သူတို့ကိုလက်တုံ့ပြန်၍ သူတို့၏မကောင်းမှုအတွက် သူတို့ကိုဖယ်ရှားသုတ်သင်တော်မူလိမ့်မည်။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို ဖယ်ရှားသုတ်သင်တော်မူလိမ့်မည်။
“သူတို့သွားသောလမ်းသည် မှောင်မိုက်၍ ချော်သောလမ်းဖြစ်မည်။ သူတို့သည် ထိုလမ်းတွင် တွန်းထိုးခံရ၍ လဲကျကြလိမ့်မည်။ စစ်ကြောစီရင်ချိန်ရောက်လျှင် သူတို့အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
လက်စားချေခြင်း၊ လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ သူတို့သည် အချိန်တန်လျှင် ခြေချော်လိမ့်မည်။ သူတို့၏ဘေးဒုက္ခနေ့ရက်သည်နီးပြီ။ သူတို့ကြုံရမည့်အမှုသည် အလျင်အမြန်ရောက်လာလိမ့်မည်။
ထိုသူတို့သည် သခင်ဘုရားကြွလာတော်မူသောအခါ ကိုယ်တော်၏ရှေ့တော်မှလည်းကောင်း၊ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ပြည့်စုံသောဘုန်းအသရေတော်မှလည်းကောင်း ဖယ်ရှားခြင်းခံရလျက် ထာဝရပျက်စီးခြင်းအပြစ်ဒဏ်ကို ခံကြရလိမ့်မည်။