ဆာလံ 37:20 - မြန်မာ့စံမီသမ္မာကျမ်း20 ဆိုးယုတ်သောသူတို့မူကား ပျက်စီးကြရလိမ့်မည်။ ထာဝရဘုရား၏ရန်သူတို့သည် မြက်ခင်းပြင်၏အသရေကဲ့သို့ဖြစ်ကြ၏။ သူတို့သည် ပျောက်ပြယ်သွားကြလိမ့်မည်။ မီးခိုးကဲ့သို့ ပျောက်ပြယ်သွားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible20 သူယုတ်မာတို့မူကားသေကြလိမ့်မည်။ ထာဝရဘုရားအားရန်ဘက်ပြုသူတို့သည် တောပန်းများကဲ့သို့ပျောက်ကွယ်ကြလိမ့်မည်။ မီးခိုးကဲ့သို့လွင့်ပျောက်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible20 လူ ဆိုး တို့ မူ ကား၊ ပျောက် ကွယ် လျက်၊ ထာ ဝ ရ ဘု ရား၏ ရန် သူ တို့ သည်၊ စား ကျက်၏ တင့် တယ် ခြင်း ကဲ့ သို့ ပြုန်း တီး၍၊ မီး ခိုး ကဲ့ သို့ ပျောက် ရ ကြ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible20 မတရားသောသူတို့မူကား၊ ပျက်စီးခြင်းသို့ ရောက်ရကြမည်။ ထာဝရဘုရား၏ရန်သူတို့သည် ကျက်စားရာအရပ်၏ အသရေကဲ့သို့ဆုံး၍၊ မီးခိုးဖြစ်လျက် ကွယ်ပျောက်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည် ထိုသူကို ခွင့်လွှတ်တော်မူမည်မဟုတ်။ အကယ်စင်စစ် ထာဝရဘုရား၏အမျက်တော်၊ သဝန်တိုစိတ်သည် ထိုသူကို တငွေ့ငွေ့လောင်ကျွမ်းမည်။ ဤကျမ်း၌ရေးသားထားသောကျိန်ခြင်းရှိသမျှတို့သည် သူ့အပေါ်သို့ ကျရောက်မည်။ ထာဝရဘုရားသည် သူ၏အမည်ကို မိုးကောင်းကင်အောက်မှ ပယ်ဖျက်တော်မူမည်။