အနန္တတန်ခိုးရှင်သည် မည်သူဖြစ်၍ ငါတို့ဝတ်ပြုရမည်နည်း။ သူ့ထံဆုတောင်းလျှင် မည်သည့်အကျိုးကိုရမည်နည်း’ဟု ဆိုတတ်ကြ၏။
ဆာလံ 73:13 - မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် ငါသည် ငါ၏စိတ်နှလုံးကိုသန့်ရှင်းစင်ကြယ်စေ၍ ငါ၏လက်ကို အပြစ်ကင်းခြင်းထဲ၌ ဆေးကြောခဲ့သည်မှာ အချည်းနှီးသာဖြစ်၏။ Common Language Bible သို့ဖြစ်၍ငါသည်မိမိစိတ်နှလုံးကို ဖြူစင်သန့်ရှင်းစေလျက်အပြစ်မပြုဘဲနေ သည်မှာ အချည်းနှီးပေလော။ Garrad Bible ငါ မူ ကား၊ ငါ့ နှ လုံး ကို သန့် စင် စေ ၍၊ အ ပြစ် ကင်း ခြင်း နှင့် လက် များ ကို ဆေး ကြော သော် လည်း၊ မု ချ အ ကျိုး မ ရှိ။ Judson Bible အကယ်စင်စစ် ငါ့နှလုံးကို ငါသန့်ရှင်းစေသော်လည်း အကျိုးမရှိ။ အပြစ်ကင်းခြင်းနှင့် ငါ့လက်ကို ဆေးကြောသော်လည်း အကျိုးမရှိ။ |
အနန္တတန်ခိုးရှင်သည် မည်သူဖြစ်၍ ငါတို့ဝတ်ပြုရမည်နည်း။ သူ့ထံဆုတောင်းလျှင် မည်သည့်အကျိုးကိုရမည်နည်း’ဟု ဆိုတတ်ကြ၏။
အကြောင်းမူကား သူက ‘ဘုရားသခင်၏အလိုတော်ကိုလိုက်လျှောက်ခြင်းသည် ဘာမျှအကျိုးမရှိ’ဟု ဆို၏။
‘ငါအပြစ်မပြုလျှင် ကိုယ်တော့်အဖို့ မည်သို့အကျိုးရှိမည်နည်း။ ငါ့အဖို့လည်း မည်သို့အကျိုးရှိမည်နည်း’ဟု သင်ဆို၏။
‘ငါသည် ကိုယ့်စိတ်ဒုက္ခကို မေ့ထားပြီး မျက်နှာကို ကြည်ကြည်ရွှင်ရွှင်ထားမည်’ဟု ငါဆိုလျှင်လည်း
ငါ၌အပြစ်ရှိသည်ဟု စီရင်ခြင်းကိုခံရမည်ဆိုလျှင် အဘယ်ကြောင့် ဤသို့အချည်းနှီးကြိုးစားအားထုတ်နေရမည်နည်း။
ကိုယ်တော်သည် ငါ့ကိုတွင်းထဲသို့ပစ်ချတော်မူမည်ဖြစ်၍ ငါ့အဝတ်တို့ပင် ငါ့ကိုစက်ဆုပ်ရွံရှာကြလိမ့်မည်။
ထိုသူကား အပြစ်ကင်းသောလက်နှင့် ဖြူစင်သောစိတ်နှလုံးရှိသူ၊ အချည်းနှီးသောအရာ၌ စိတ်ဝိညာဉ်မှီဝဲဆည်းကပ်ခြင်းမရှိသူ၊ လိမ်လည်လှည့်ဖြား၍ကျိန်ဆိုခြင်းမပြုသူပင် ဖြစ်၏။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် အပြစ်ကင်းခြင်းထဲ၌ အကျွန်ုပ်၏လက်ကိုဆေးကြော၍ ကိုယ်တော်၏ယဇ်ပလ္လင်ကိုလှည့်ပတ်ကာ
အို ဘုရားသခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ်သောစိတ်နှလုံးကို ဖန်ဆင်းတော်မူပါ။ အကျွန်ုပ်အတွင်းထဲ၌ တည်ကြည်သော စိတ်သဘောကို အသစ်ပြုပြင်တော်မူပါ။
သင်တို့က “ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်ခြင်းသည် အကျိုးမရှိ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ညွှန်ကြားချက်အတိုင်းလိုက်နာ၍ ရှေ့တော်၌ ညှိုးငယ်စွာအသက်ရှင်လျှောက်လှမ်းခြင်းသည် မည်သည့်အကျိုးရှိသနည်း။
ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်သားတို့၊ သင်တို့လက်ကို စင်ကြယ်စေကြလော့။ စိတ်နှစ်ခွရှိသောသူတို့၊ သင်တို့စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေကြလော့။