အကျွန်ုပ်အိုမင်းသောအခါ အကျွန်ုပ်ကိုပစ်ထားတော်မမူပါနှင့်။ အကျွန်ုပ်၏ခွန်အားကုန်ခန်းသောအခါ အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။
ယခုအခါ၌ကျွန်တော်မျိုးသည်အိုမင်းသော ကြောင့် ကျွန်တော်မျိုးအားပစ်ပယ်တော်မမူပါနှင့်။ ယခုအခါမစွမ်းမသန်သောကြောင့် ကျွန်တော်မျိုးအားစွန့်ပစ်တော်မမူပါနှင့်။
အို မင်း သော ကာ လ ပယ် ခြင်း၊ အား ကုန် သော ကာ လ စွန့် ခြင်း ပြု တော် မ မူ ပါ နှင့်။
အကျွန်ုပ်ကို အိုသောအခါ ပယ်တော်မမူပါနှင့်။ အားလျော့သောအခါ စွန့်ပစ်တော်မမူပါနှင့်။
ယခု အကျွန်ုပ်အသက်ရှစ်ဆယ် ရှိပါပြီ။ အကျွန်ုပ်သည် အကောင်း၊ အဆိုး ပိုင်းခြားနိုင်ပါဦးမည်လော။ ကျွန်တော်မျိုးသည် အစားအသောက်များကို အရသာခံနိုင်ပါဦးမည်လော။ သီချင်းသည်ယောက်ျားမိန်းမတို့၏သီချင်းသံကိုလည်း နားဆင်နိုင်ပါဦးမည်လော။ အကျွန်ုပ်၏သခင် အရှင်မင်းကြီးကို ကျွန်တော်မျိုး အဘယ်ကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေရပါမည်နည်း။
အို ဘုရားသခင်၊ ကိုယ်တော်၏ဘုန်းလက်ရုံးတော်အကြောင်းကို ဤမျိုးဆက်အားလည်းကောင်း၊ ကိုယ်တော်၏အစွမ်းတန်ခိုးတော်အကြောင်းကို နောင်လာနောက်သားအပေါင်းတို့အားလည်းကောင်း မပြောကြားမီတိုင်အောင် အကျွန်ုပ်သည် အိုမင်း၍ ဆံပင်ဖြူလျက်ရှိလျှင်ပင် အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။
အကျွန်ုပ်၏ကိုယ်ခန္ဓာနှင့်အကျွန်ုပ်၏စိတ်နှလုံးသည် အားအင်ကုန်ခန်းသော်လည်း ဘုရားသခင်သည် အစဉ်အမြဲ အကျွန်ုပ်စိတ်နှလုံး၏အစွမ်းသတ္တိ၊ အကျွန်ုပ်၏ဝေစုဖြစ်တော်မူ၏။
အကျွန်ုပ်တို့၏အသက်တာနှစ်ကာလသည် အနှစ်ခုနစ်ဆယ်ဖြစ်ပါ၏။ ကျန်းမာသန်စွမ်းလျှင် အနှစ်ရှစ်ဆယ်ဖြစ်နိုင်ပါ၏။ သို့သော် ထိုနှစ်ကာလတို့၏အကောင်းဆုံးအချိန်မှာပင် အခက်အခဲပြဿနာနှင့် ဆင်းရဲဒုက္ခမျှသာဖြစ်ပါ၏။ အကယ်စင်စစ် အချိန်တို့သည် လျင်မြန်စွာကုန်လွန်၍ အကျွန်ုပ်တို့သည် အဝေးသို့ပျံသန်းသွားကြပါ၏။
ငါသည် သင်တို့အိုမင်းသည့်တိုင်အောင် ထိုသို့ပြုပေးမည့်အရှင်ဖြစ်၏။ သင်တို့ဆံပင်ဖြူသည့်တိုင်အောင် သင်တို့ကို ချီပိုးထားမည်။ သင်တို့ကို ငါဖန်ဆင်းခဲ့ပြီ။ သင်တို့ကို ငါချီမထားမည်။ ငါသည် သင်တို့ကို ထမ်းထားမည်။ ကယ်မမည်။
ထိုအကြောင်းကြောင့် ငါသည် ဤဒုက္ခဝေဒနာများကိုလည်း ခံစားနေရ၏။ သို့သော် ငါသည် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ငါသည် မိမိယုံကြည်သောအရှင်ကိုသိ၍ ကိုယ်တော်ထံ၌ ငါအပ်ထားသောအရာကို ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းနိုင်သည်ဟု ငါယုံကြည်စိတ်ချ၏။
သခင်ဘုရားသည် မကောင်းသောအမှုအလုံးစုံတို့မှ ငါ့ကိုကယ်နုတ်တော်မူ၍ အထက်ကောင်းကင်အရပ်၌ရှိသော မိမိ၏နိုင်ငံတော်ထဲသို့ လုံခြုံစွာပို့ဆောင်တော်မူလိမ့်မည်။ ထိုသခင်၌ ကမ္ဘာအဆက်ဆက်ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။