အို ထာဝရဘုရား၊ အကျွန်ုပ်၏ဆုတောင်းချက်ကိုနားညောင်း၍ အကျွန်ုပ်၏အသနားခံခြင်းကို စူးစိုက်နားထောင်တော်မူပါ။ ကိုယ်တော်၏သစ္စာတော်အားဖြင့်လည်းကောင်း၊ ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့်လည်းကောင်း အကျွန်ုပ်ကိုထူးတော်မူပါ။
ဆာလံ 71:2 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် အကျွန်ုပ်ကိုကယ်နုတ်၍ အကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပါ။ အကျွန်ုပ်ကိုဂရုစိုက်နားထောင်ပြီး အကျွန်ုပ်ကိုကယ်တင်တော်မူပါ။ Common Language Bible ကိုယ်တော်ရှင်သည်တရားမျှတတော်မူသည် နှင့်အညီ၊ ကျွန်တော်မျိုးအားကူမတော်မူပါ။ ကယ်ဆယ်တော်မူပါ။ ကျွန်တော်မျိုး၏ပန်ကြားချက်ကိုနားညောင်း ၍ ကယ်တော်မူပါ။ Garrad Bible မည် သည့် ကာ လ မျှ အ ရှက် မ ကွဲ စေ ဘဲ၊ ဖြောင့် မတ် တော် မူ သည့် အ တိုင်း၊ ကယ် နုတ် ဆယ် ယူ ခြင်း၊ နား တော် ညောင်း ၍ ကယ် လွှတ် ခြင်း ပြု တော် မူ ပါ။ Judson Bible တရားတော်နှင့်အညီ အကျွန်ုပ်ကိုနုတ်ယူ၍ လွှတ်တော်မူပါ။ နားတော်ကို အကျွန်ုပ်ဘက်သို့လှည့်၍ ကယ်တင်တော်မူပါ။ |
အို ထာဝရဘုရား၊ အကျွန်ုပ်၏ဆုတောင်းချက်ကိုနားညောင်း၍ အကျွန်ုပ်၏အသနားခံခြင်းကို စူးစိုက်နားထောင်တော်မူပါ။ ကိုယ်တော်၏သစ္စာတော်အားဖြင့်လည်းကောင်း၊ ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့်လည်းကောင်း အကျွန်ုပ်ကိုထူးတော်မူပါ။
အို ထာဝရဘုရား၊ ကိုယ်တော်၏နာမတော်ကိုထောက်၍ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ဆင်းရဲဒုက္ခထဲမှ ထုတ်ဆောင်တော်မူပါ။
အကျွန်ုပ်အတွက်တရားစီရင်ခြင်းသည် ကိုယ်တော့်ထံမှလာပါစေသော။ ကိုယ်တော်၏မျက်စိသည် သမာသမတ်ရှိခြင်းကိုမြင်ပါစေသော။
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကိုထူးတော်မူမည်ဖြစ်၍ ကိုယ်တော်ကိုအကျွန်ုပ်ခေါ်ပါ၏။ အကျွန်ုပ်ကိုဂရုစိုက်နားထောင်လျက် အကျွန်ုပ်၏စကားကိုနားညောင်းတော်မူပါ။
အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။ အကျွန်ုပ်သည် မည်သည့်အခါမျှ အရှက်မကွဲရပါစေနှင့်။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ။
အကျွန်ုပ်ကိုဂရုစိုက်နားထောင်၍ အကျွန်ုပ်ကို အလျင်အမြန်ကယ်နုတ်တော်မူပါ။ အကျွန်ုပ်အတွက် မှီခိုရာကျောက်ဆောင်၊ အကျွန်ုပ်ကိုကယ်တင်သည့် ခိုင်ခံ့သောရဲတိုက်ဖြစ်တော်မူပါ။
ထာဝရဘုရား၏မျက်စိတော်သည် ဖြောင့်မတ်သောသူတို့ကိုကြည့်ရှု၍ ကိုယ်တော်၏နားတော်သည် သူတို့၏အော်ဟစ်သံကိုနားထောင်တော်မူ၏။
အို ဘုရားသခင်၊ အကျွန်ုပ်၌ အပြစ်မရှိကြောင်းစီရင်တော်မူပါ။ ဘုရားတရားမဲ့သောလူမျိုးကိုဆန့်ကျင်လျက် အကျွန်ုပ်၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေးတော်မူပါ။ လိမ်လည်လှည့်ဖြား၍ မတရားမှုပြုသောသူ၏လက်မှ အကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပါ။
အို ဘုရားရှင်၊ ကိုယ်တော်သည် ဖြောင့်မှန်စွာပြုတော်မူသည့်အတိုင်း ကိုယ်တော်၏အမျက်ဒေါသကို ကိုယ်တော်၏သန့်ရှင်းသောတောင်တည်းဟူသော ဂျေရုဆလင်မြို့မှ ပြန်လည်ရုပ်သိမ်းတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်တို့၏အပြစ်၊ ဘိုးဘေးတို့၏ဒုစရိုက်များကြောင့် ဂျေရုဆလင်မြို့နှင့် လူမျိုးတော်တို့သည် ဝန်းကျင်ရှိလူအပေါင်းတို့အတွက် ကဲ့ရဲ့စရာ ဖြစ်ရပါပြီ။
လူ၌ဖြစ်တတ်သောစုံစမ်းနှောင့်ယှက်ခြင်းကိုသာ သင်တို့ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့ခံနိုင်သည်ထက် ပိုလွန်သောစုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့အားခံစေတော်မူလိမ့်မည်မဟုတ်။ ထို့ပြင် သင်တို့ခံနိုင်မည့်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းနှင့်တကွ ထွက်မြောက်ရာလမ်းကိုလည်း ပြင်ဆင်ပေးတော်မူလိမ့်မည်။