အို ထာဝရဘုရား၊ အမျက်တော်နှင့်ထတော်မူပါ။ အကျွန်ုပ်ရန်သူတို့၏ဒေါသကိုဆန့်ကျင်လျက် ရပ်တော်မူပါ။ အကျွန်ုပ်အတွက် နိုးကြွတော်မူပါ။ ကိုယ်တော်သည် တရားစီရင်ခြင်းကိုစီမံတော်မူပြီ။
အို ထာဝရဘုရား၊ အမျက်တော်ထွက်၍ထတော်မူပါ။ ကျွန်တော်မျိုးအားရန်ဘက်ပြုသူတို့၏ဒေါသကိုဆီးတားတော်မူပါ။ နိုးထတော်မူလျက်ကျွန်တော်မျိုးအားကူမတော်မူပါ။ တရားမျှတမှုကိုကိုယ်တော်အလိုရှိတော်မူသည်ဖြစ်၍
အို ထာ ဝ ရ ဘု ရား၊ အ မျက် တော် နှင့် ထ၍ အ ကျွန်ုပ် ရန် သူ တို့ ဒေါ သ ကို ခံ ရပ် တော် မူ ပါ။ ဆုံး ဖြတ် ခြင်း စီ ရင် ချက် ကို စီ မံ တော် မူ ပြီး သည့် အ လျောက်၊ အ ကျွန်ုပ် အ ဖို့ နိုး ကြား တော် မူ ပါ။
အိုထာဝရဘုရား၊ အမျက်တော်ထွက်၍ ထတော်မူပါ။ အကျွန်ုပ်၏ရန်သူတို့ ပြင်းထန်ခြင်းကို ဆီးတား၍ အားထုတ်တော်မူပါ။ အကျွန်ုပ်အဖို့ နိုးတော်မူပါ။ တရားစီရင်ဆုံးဖြတ်တော်မူပါ။
ထိုအခါ အဗရှလုံနှင့် အစ္စရေးအမျိုးသားအပေါင်းတို့က “အာခိလူမျိုး ဟုရှဲပေးသောအကြံသည် အဟိသောဖေလပေးသောအကြံထက် ကောင်းသည်”ဟု ထောက်ခံကြ၏။ အကြောင်းမှာ အဗရှလုံကို ဘေးတွေ့စေမည့်အကြောင်း အဟိသောဖေလပေးသောအကြံပျက်ပြားရန် ထာဝရဘုရား စီစဉ်တော်မူပြီ။
ထာဝရဘုရားသည် နှိပ်စက်ခြင်းခံရသူ အပေါင်းတို့အတွက် ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းကို စီရင်ပေးတော်မူ၏။
ထာဝရဘုရားက “အဖိနှိပ်ခံရသောသူတို့ကြုံရသည့်ညှဉ်းဆဲခြင်းနှင့် နွမ်းပါးသောသူတို့၏ညည်းတွားခြင်းကြောင့် ယခုပင် ငါထမည်။ သူတို့တမ်းတသောလုံခြုံရာအရပ်၌ သူတို့ကိုငါထားမည်”ဟု မိန့်တော်မူ၏။
အကျွန်ုပ်သည် ဆင်းရဲဒုက္ခထဲ၌ ကျင်လည်ရသော်လည်း ကိုယ်တော်သည် အကျွန်ုပ်ကိုအသက်ရှင်စေတော်မူမည်။ ကိုယ်တော်သည် အကျွန်ုပ်ရန်သူတို့၏အမျက်ဒေါသအပေါ်၌ မိမိ၏လက်တော်ကိုဆန့်၍ ကိုယ်တော်၏လက်ယာလက်တော်ဖြင့် အကျွန်ုပ်ကိုကယ်တင်တော်မူမည်။
အကယ်စင်စစ် ရန်သူသည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုလိုက်လံညှဉ်းဆဲပါ၏။ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို မြေပြင်အထိချိုးဖဲ့ခြေမွှပါ၏။ အကျွန်ုပ်ကို ကာလကြာမြင့်စွာကသေဆုံးသွားသူကဲ့သို့ မှောင်မိုက်သောအရပ်ထဲ၌နေစေပါ၏။
အို ထာဝရဘုရား၊ ထတော်မူပါ။ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကိုကယ်တင်တော်မူပါ။ အကယ်စင်စစ် ကိုယ်တော်သည် အကျွန်ုပ်ရန်သူရှိသမျှတို့၏ပါးကိုရိုက်၍ ဆိုးယုတ်သောသူတို့၏သွားကို ချိုးတော်မူ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်ကိုဆန့်ကျင်ဘက်ပြုသောသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူပါ။ အကျွန်ုပ်ကိုတိုက်ခိုက်သောသူတို့ကို တိုက်ခိုက်တော်မူပါ။
အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏အရှင်၊ တရားမျှတမှုကိုအကျွန်ုပ်ရရှိရန်နှင့် အကျွန်ုပ်၏အမှုကိစ္စအတွက် နိုးကြွ၍ထတော်မူပါ။
အို ဘုရားရှင်၊ နိုးတော်မူပါ။ အဘယ်ကြောင့် ကျိန်းစက်နေတော်မူသနည်း။ ထတော်မူပါ။ အကျွန်ုပ်တို့ကို အစဉ်ငြင်းပယ်တော်မမူပါနှင့်။
ထတော်မူပါ။ အကျွန်ုပ်တို့ကို ကူညီမစတော်မူပါ။ ကိုယ်တော်၏မေတ္တာကရုဏာတော်ကိုထောက်၍ အကျွန်ုပ်တို့ကို ရွေးနုတ်ကယ်တင်တော်မူပါ။
ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် အစ္စရေးလူမျိုး၏ဘုရားသခင်ဖြစ်ပါ၏။ လူမျိုးအပေါင်းတို့ကိုဒဏ်ခတ်ရန် ထတော်မူပါ။ သစ္စာမဲ့သောယုတ်ညံ့သူတစ်စုံတစ်ဦးကိုမျှ သနားတော်မမူပါနှင့်။(စေလာ)
အိပ်မက်မှ နိုးလာသကဲ့သို့ အို ဘုရားရှင်၊ ကိုယ်တော်နိုးတော်မူသောအခါ သူတို့၏ရုပ်သွင်ကို မေ့ပျောက်တော်မူလိမ့်မည်။
ထာဝရပျက်စီးဆိတ်သုဉ်းသောအရပ်သို့ ခြေဦးလှည့်တော်မူပါ။ ရန်သူတို့သည် သန့်ရှင်းရာဌာနတော်ထဲ၌ ရှိသမျှတို့ကို ဖျက်ဆီးကြပါပြီ။
ထိုအခါ ဘုရားရှင်သည် အိပ်ပျော်ရာမှနိုးလာသောသူကဲ့သို့လည်းကောင်း၊ စပျစ်ဝိုင်အရှိန်ပြေသွားသော စစ်သူရဲကဲ့သို့လည်းကောင်း နိုးထတော်မူ၍
ထာဝရဘုရားသည် စွဲချက်တင်ရန် ရပ်တော်မူ၏။ လူတို့ကို တရားစီရင်ရန် ထတော်မူ၏။
ထာဝရဘုရားက “ယခုပင် ငါထမည်။ ငါ့ကိုယ်ငါချီးမြှောက်မည်။ ငါသည် ချီးမြှောက်ခြင်းခံရမည်။
အို အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာ ထာဝရဘုရားဖြစ်တော်မူကြောင်းကို မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံး သိမြင်စေရန် အကျွန်ုပ်တို့ကို ထိုဘုရင်၏လက်မှ ယခုကယ်နုတ်တော်မူပါ”ဟု ဆုတောင်းလေ၏။
အို ထာဝရဘုရား၏လက်ရုံးတော်၊ နိုးထတော်မူပါ။ နိုးထတော်မူပါ။ ခွန်အားကိုဆင်ယင်တော်မူပါ။ ရှေးကာလနေ့ရက်များကကဲ့သို့၊ ရှေးလွန်လေပြီးသောမျိုးဆက်တို့ခေတ်ကကဲ့သို့ နိုးထတော်မူပါ။ ရာဟပ်ကိုခုတ်ဖြတ်သောသူ၊ မြွေနဂါးကိုထိုးဖောက်သောသူသည် ကိုယ်တော်ပင်မဟုတ်လော။