တစ်ဖန် ဘုရားသခင်က “ရေသည် အုပ်စုလိုက်နေထိုင်သွားလာသောသက်ရှိသတ္တဝါများနှင့်ပြည့်နှက်စေ။ ငှက်တို့သည် မြေကြီးအထက် မိုးကောင်းကင်မျက်နှာကြက်အနှံ့ ပျံသန်းကြစေ”ဟု မိန့်တော်မူ၏။
ဆာလံ 69:34 - မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်နှင့်မြေကြီး၊ သမုဒ္ဒရာနှင့် သမုဒ္ဒရာ၌လှုပ်ရှားသွားလာတတ်သောသတ္တဝါအပေါင်းတို့သည် ကိုယ်တော်ကိုချီးမွမ်းကြပါစေသော။ Common Language Bible ကောင်းကင်နှင့်မြေကြီး၊ပင်လယ်နှင့်ပင်လယ်ရှိ သတ္တဝါအပေါင်းတို့၊ ဘုရားသခင်အားထောမနာပြုကြလော့။ Garrad Bible မိုး၊ မြေ၊ သ မု ဒ္ဒ ရာ နှင့် တ ကွ၊ အ ရပ် ရပ်၌ ကျင် လည် သော သ တ္တ ဝါ အ ပေါင်း တို့ သည်၊ ကိုယ် တော် ကို ချီး မွမ်း ကြ ပါ စေ။ Judson Bible ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာတို့နှင့်တကွ အရပ်ရပ်၌ ကျင်လည်သောသတ္တဝါအပေါင်းတို့သည် ဘုရားသခင်ကို ချီးမွမ်းကြပါစေသော။ |
တစ်ဖန် ဘုရားသခင်က “ရေသည် အုပ်စုလိုက်နေထိုင်သွားလာသောသက်ရှိသတ္တဝါများနှင့်ပြည့်နှက်စေ။ ငှက်တို့သည် မြေကြီးအထက် မိုးကောင်းကင်မျက်နှာကြက်အနှံ့ ပျံသန်းကြစေ”ဟု မိန့်တော်မူ၏။
ဖန်ဆင်းခြင်းခံရမည့်လူတို့သည် ထာဝရဘုရားကို ချီးမွမ်းကြမည့်အကြောင်း ဤအရာကို နောင်လာမည့်မျိုးဆက်အတွက် ရေးမှတ်ထားကြပါစေ။
မိုးကောင်းကင် ဝမ်းမြောက်ပါစေ။ ကမ္ဘာမြေကြီး ရွှင်လန်းပါစေ။ ပင်လယ်နှင့် ပင်လယ်ထဲရှိအရာအားလုံးတို့လည်း မြည်ဟည်းကြပါစေ။
အို မိုးကောင်းကင်၊ ရွှင်လန်းစွာသီချင်းဆိုလော့။ အို မြေကြီး၊ ရွှင်လန်းလော့။ အို တောင်များတို့၊ သီချင်းဟစ်ကြော်သီဆိုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် မိမိလူမျိုးတော်ကို နှစ်သိမ့်တော်မူမည်။ အဖိနှိပ်ခံရသောမိမိလူမျိုးတော်ကို သနားတော်မူမည်။
သင်တို့သည် ဝမ်းမြောက်စွာထွက်ခွာလာ၍ ငြိမ်းချမ်းစွာပို့ဆောင်ခြင်းခံရမည်။ တောင်ကြီး၊ တောင်ငယ်တို့သည် သင်တို့ရှေ့၌ ဝမ်းမြောက်စွာသီချင်းဟစ်ကြော်သီဆိုကြလိမ့်မည်။ တော၌ရှိသောအပင်အားလုံးတို့သည် လက်ခုပ်တီးကြလိမ့်မည်။