ဆာလံ 96:11 - မြန်မာ့စံမီသမ္မာကျမ်း11 မိုးကောင်းကင် ဝမ်းမြောက်ပါစေ။ ကမ္ဘာမြေကြီး ရွှင်လန်းပါစေ။ ပင်လယ်နှင့် ပင်လယ်ထဲရှိအရာအားလုံးတို့လည်း မြည်ဟည်းကြပါစေ။ အခန်းကိုကြည့်ပါ။Common Language Bible11 အချင်းကုန်းမြေနှင့်ကောင်းကင်တို့၊ရွှင်လန်း ဝမ်းမြောက်ကြလော့။ အချင်းပင်လယ်နှင့်ပင်လယ်ထဲရှိ သတ္တဝါအပေါင်းတို့၊အသံကျယ်စွာ ကြွေးကြော်ကြလော့။ အခန်းကိုကြည့်ပါ။Garrad Bible11 မိုး ကောင်း ကင် သည် ဝမ်း မြောက် ခြင်း၊ မြေ ပ ထ ဝီ သည် ရွှင် လန်း ခြင်း၊ သ မု ဒ္ဒ ရာ နှင့် ကြွယ် ဝ ပြည့် စုံ သ မျှ သည် ဟုန်း ခြင်း၊ အခန်းကိုကြည့်ပါ။Judson Bible11 ကောင်းကင်သည် ဝမ်းမြောက်ခြင်းရှိစေ။ မြေကြီးသည်လည်း ရွှင်လန်းခြင်းရှိစေ။ ပင်လယ်နှင့် ပင်လယ်တန်ဆာသည် အသံဗလံကိုပြုစေ။ အခန်းကိုကြည့်ပါ။ |
အို မိုးကောင်းကင်၊ ထိုသို့ ထာဝရဘုရား ပြုတော်မူပြီဖြစ်၍ ရွှင်လန်းစွာသီချင်းဆိုလော့။ မြေကြီး၏နက်ရှိုင်းသောအရပ်တို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ အို တောင်တို့၊ ဟစ်ကြော်ကြလော့။ တောနှင့်တကွ သစ်ပင်အပေါင်းတို့၊ သီချင်းဆိုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ယာကုပ်အမျိုးကို ရွေးနုတ်တော်မူပြီ။ အစ္စရေးလူမျိုး၌ ဘုန်းထင်ရှားတော်မူပြီ။