ကိုယ်တော်ကိုမသိသော လူမျိုးတို့အပေါ်သို့လည်းကောင်း၊ ကိုယ်တော်၏နာမတော်ကို တသခေါ်ဆိုခြင်းမပြုသော တိုင်းနိုင်ငံတို့အပေါ်သို့လည်းကောင်း ကိုယ်တော်၏အမျက်ဒေါသကို သွန်းလောင်းတော်မူပါ။
ဆာလံ 69:24 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏အမျက်တော်ကို သူတို့အပေါ်သွန်းလောင်းတော်မူပါ။ ကိုယ်တော်၏ပြင်းထန်သောအမျက်တော်သည် သူတို့ကိုကျော်နင်းလွှမ်းမိုးပါစေ။ Common Language Bible ကိုယ်တော်ရှင်၏အမျက်တော်ကိုသူတို့ အပေါ်သို့ သွန်းလောင်းတော်မူ၍အမျက်တော်အဟုန်သည် သူတို့အားမီစေတော်မူပါ။ Garrad Bible သူ တို့ အ ပေါ် သို့ အ မျက် တော် ကို သွန်း လောင်း ၍၊ အ မျက် တော် ရှိန် ဖြင့် အုပ် မိ ကြ ပါ စေ။ Judson Bible သူတို့အပေါ်မှာ အမျက်တော်ကို သွန်းလောင်းတော်မူ၍၊ အမျက်တော်အရှိန်သည် သူတို့ကို မီပါစေ။ |
ကိုယ်တော်ကိုမသိသော လူမျိုးတို့အပေါ်သို့လည်းကောင်း၊ ကိုယ်တော်၏နာမတော်ကို တသခေါ်ဆိုခြင်းမပြုသော တိုင်းနိုင်ငံတို့အပေါ်သို့လည်းကောင်း ကိုယ်တော်၏အမျက်ဒေါသကို သွန်းလောင်းတော်မူပါ။
ဧဒုံအမျိုးအနွယ်သူကြီးတို့သည်လည်း ထိတ်လန့်ကြလိမ့်မည်။ မောဘလူမျိုးအကြီးအကဲတို့သည် ထိတ်လန့်တုန်လှုပ်ခြင်းနှင့် ကြုံတွေ့ရလိမ့်မည်။ ခါနာန်ပြည်သားအပေါင်းတို့သည် စိတ်အားလျော့ကြလိမ့်မည်။
ထိတ်လန့်လိမ့်မည်။ ပြင်းထန်သောဝေဒနာ၊ မချိတင်ကဲဝေဒနာသည် သူတို့ကို ဆုပ်ကိုင်ထားလိမ့်မည်။ သားဖွားသောမိန်းမကဲ့သို့ လူးလွန့်ရလိမ့်မည်။ တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်လိမ့်မည်။ သူတို့မျက်နှာသည် မီးလျှံကဲ့သို့ဖြစ်လိမ့်မည်။
ယုဒအကြီးအကဲတို့သည် နယ်နိမိတ်မှတ်တိုင်ကိုရွှေ့ပစ်သူများနှင့်တူ၏။ ထို့ကြောင့် ရေကိုသွန်ချသကဲ့သို့ သူတို့အပေါ်ငါ့အမျက်ကို သွန်ချမည်။
သို့သော် ငါ့အစေအပါးပရောဖက်တို့အား ငါမိန့်မှာထားသောစကားများနှင့် ပြဋ္ဌာန်းချက်များသည် သင်တို့ဘိုးဘေးတို့အပေါ်ကျရောက်လာခဲ့သည်မဟုတ်လော။ ထို့နောက် သူတို့ပြန်လှည့်လာ၍ ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်ပိုင်းဖြတ်ထားသည့်အတိုင်း ငါတို့အပြုအမူအကျင့်အကြံတို့နှင့်အညီ ငါတို့ကို အပြစ်ပေးတော်မူပြီ’ဟူ၍ ဆိုကြသည်”ဟု မိန့်ဆို၏။
အကြောင်းမူကား ထိုနေ့ရက်များသည် ကျမ်းစာ၌ရေးထားသောအရာအားလုံးပြည့်စုံမည့် ပြစ်ဒဏ်ပေးရာနေ့ရက်များဖြစ်၏။
ထိုနေ့ရက်၌ ငါသည် သူတို့ကိုအမျက်ထွက်၍ စွန့်ပစ်မည်။ သူတို့ထံမှ မျက်နှာလွှဲမည်။ သူတို့သည် ဝါးမျိုခြင်းခံရမည်။ ဘေးအန္တရာယ်နှင့်ဆင်းရဲဒုက္ခများစွာတို့နှင့် ကြုံတွေ့ရမည်။ သို့ဖြစ်၍ ထိုနေ့ရက်၌ သူတို့က ‘ငါတို့၏ဘုရားသခင်သည် ငါတို့နှင့်အတူမရှိသောကြောင့် ဤဘေးအန္တရာယ်များနှင့် ငါတို့ကြုံတွေ့ရသည်မဟုတ်လော’ဟု ဆိုကြလိမ့်မည်။
ထို့နောက် ဗိမာန်တော်ထဲမှကျယ်လောင်သောအသံက “သွားကြလော့။ ဘုရားသခင်၏ပြင်းစွာသောဒေါသဖလားခုနစ်လုံးကို မြေကြီးပေါ်သို့သွန်းလောင်းကြလော့”ဟု ကောင်းကင်တမန်ခုနစ်ပါးတို့အား ဆိုသည်ကို ငါကြားရ၏။