ကိုယ်တော်၏အစေအပါးထံမှ မျက်နှာလွှဲတော်မမူပါနှင့်။ အကျွန်ုပ်သည် ဘေးဥပဒ်နှင့်ကြုံတွေ့နေရသည်ဖြစ်၍ အကျွန်ုပ်ကို အလျင်အမြန်ထူးတော်မူပါ။
ကိုယ်တော်ရှင်၏အစေခံအားမျက်နှာတော်ကို လွှဲတော်မမူပါနှင့်။ ကျွန်တော်မျိုးသည်အတိဒုက္ခရောက်လျက် ရှိပါ၏။ ကျွန်တော်မျိုး၏ပန်ကြားချက်ကိုယခုပင် နားညောင်းတော်မူပါ။
ကျွန် တော် မျိုး မှ မျက် နှာ လွှဲ တော် မ မူ ဘဲ၊ အ ကျဉ်း အ ကျပ် သို့ ရောက် ပြီ ဖြစ်၍၊ အ လျင် အ မြန် ထူး တော် မူ ပါ။
ကိုယ်တော်၏ကျွန်မှ မျက်နှာတော်ကို လွှဲတော်မမူပါနှင့်။ ဘေးရောက်ပါပြီ။ အလျင်အမြန် နားထောင်တော်မူပါ။
အကျွန်ုပ်ကျူးလွန်မိသောအပြစ်ကို အဘယ်ကြောင့်ခွင့်လွှတ်တော်မမူပါသနည်း။ အကျွန်ုပ်၏ဒုစရိုက်ကို အဘယ်ကြောင့် ဖယ်ရှားတော်မမူပါသနည်း။ ယခု မြေမှုန့်၌ အကျွန်ုပ်အိပ်ရပါတော့မည်။ ကိုယ်တော်သည် အကျွန်ုပ်ကိုကြိုးစားရှာသော်လည်း တွေ့ရတော့မည်မဟုတ်ပါ”ဟု ညည်းဆိုလေ၏။
ဘေးဥပဒ်နှင့် အကျွန်ုပ်ကြုံတွေ့ရသောအချိန်တွင် အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မမူပါနှင့်။ အကျွန်ုပ်ကို ဂရုစိုက်နားထောင်တော်မူပါ။ အကျွန်ုပ်ခေါ်သောအခါ အကျွန်ုပ်ကို အလျင်အမြန်ထူးတော်မူပါ။
အို ထာဝရဘုရား၊ မည်မျှကြာပါမည်နည်း။ ကိုယ်တော်သည် အကျွန်ုပ်ကို အစဉ်မေ့လျော့တော်မူမည်လော။ မျက်နှာတော်ကို အကျွန်ုပ်ထံမှ မည်မျှကြာအောင် လွှဲ၍နေတော်မူမည်နည်း။
အို ထာဝရဘုရား၊ အကျွန်ုပ်ကို အလျင်အမြန်ထူးတော်မူပါ။ အကျွန်ုပ်၏ဝိညာဉ်သည် အားအင်ကုန်ခန်းပါပြီ။ အကျွန်ုပ်သည် သေတွင်းထဲသို့ ဆင်းသွားသောသူတို့ကဲ့သို့ မဖြစ်ရပါမည့်အကြောင်း အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မမူပါနှင့်။
အို ထာဝရဘုရား၊ အကျွန်ုပ်၏ရန်သူတို့လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၌ခိုလှုံပါ၏။
အကြောင်းမူကား ကိုယ်တော်သည် အဖိနှိပ်ခံရသောသူကြုံတွေ့ရသည့်ဖိနှိပ်မှုကို မထီမဲ့မြင်ပြုတော်မမူ။ ရွံရှာခြင်းလည်းရှိတော်မမူ။ မျက်နှာတော်ကိုလည်း သူ့ထံမှလွှဲတော်မမူဘဲ အကူအညီအော်ဟစ်တောင်းခံသောအခါ သူ့ကိုနားညောင်းတော်မူ၏။
အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မမူပါနှင့်။ အမျက်တော်ထွက်၍ ကိုယ်တော်၏အစေအပါးကို ငြင်းပယ်တော်မမူပါနှင့်။ ကိုယ်တော်သည် အကျွန်ုပ်ကိုကူညီမစသောအရှင် ဖြစ်ပါ၏။ အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားသခင်၊ အကျွန်ုပ်ကိုပစ်ပယ်တော်မမူပါနှင့်။ အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။
အို ထာဝရဘုရား၊ အကျွန်ုပ်ကိုကယ်နုတ်ရန် အလိုရှိတော်မူပါ။ အို ထာဝရဘုရား၊ အကျွန်ုပ်ကိုကူညီမစရန် အလျင်အမြန်ကြွလာတော်မူပါ။
ကိုယ်တော်သည် အဘယ်ကြောင့် မျက်နှာလွှဲတော်မူပါသနည်း။ အကျွန်ုပ်တို့ခံစားရသော ဖိစီးနှိပ်စက်မှုနှင့်ညှဉ်းပန်းမှုကို အဘယ်ကြောင့် မေ့လျော့တော်မူပါသနည်း။
၎င်းတို့သည် အကျွန်ုပ်ဆင်းရဲဒုက္ခထဲရောက်စဉ်က အကျွန်ုပ်၏နှုတ်ခမ်းကိုဖွင့်ဟ၍ အကျွန်ုပ်၏နှုတ်ဖြင့်မြွက်ဆိုခဲ့သည့် ကတိသစ္စာများဖြစ်ကြပါ၏။
အို ဘုရားသခင်၊ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အို ထာဝရဘုရား၊ အကျွန်ုပ်ကိုကူညီမစရန် အလျင်အမြန်ကြွလာတော်မူပါ။
ထာဝရဘုရား၏မေတ္တာကရုဏာတော်ကြောင့် ငါတို့သည် ပျက်စီးခြင်းသို့မရောက်ပါ။ ကိုယ်တော်၏သနားစုံမက်ခြင်းသည်လည်း အဆုံးမရှိပါ။
“ငါ၏စိတ်ဝိညာဉ်သည် သေလုမတတ် အလွန်ဝမ်းနည်းခြင်းရှိ၏။ ဤနေရာ၌နေ၍ ငါနှင့်အတူ သတိနှင့်စောင့်နေကြလော့”ဟု မိန့်တော်မူ၏။
မွန်းလွဲသုံးနာရီခန့်တွင် ယေရှုသည် ကျယ်လောင်သောအသံဖြင့်“ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ”ဟု အော်ဟစ်တော်မူ၏။ ၎င်း၏အဓိပ္ပာယ်မှာ“အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကို အဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း”ဟူ၍ ဖြစ်၏။