ရှေးကာလကပင်တည်ရှိသည့် အမြင့်ဆုံးကောင်းကင်ကိုစီးတော်မူသောအရှင်ကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်သည် မိမိအသံ၊ တန်ခိုးကြီးသောအသံကို လွှင့်တော်မူ၏။
အစအဦး၌ အထက်ကောင်းကင်ဘဝဂ်ကို စီး၍နေတော်မူသော ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့။ အသံတော်ကို လွှတ်တော်မူ၍၊ အားကြီးသောအသံဖြစ်၏။
အကယ်စင်စစ် ဘုရားသခင်သည် ဤမြေကြီးပေါ်တွင် ကိန်းဝပ်တော်မူမည်လော။ ကြည့်ရှုလော့။ ကောင်းကင်သာမက အမြင့်ဆုံးသောကောင်းကင်ကြီးပင် ကိုယ်တော်နှင့်မဆံ့နိုင်ပါ။ သို့ဖြစ်၍ အကျွန်ုပ်ဆောက်ထားသောဤအိမ်တော်ကား အဘယ်ဆိုဖွယ်ရာရှိပါလိမ့်မည်နည်း။
ကိုယ်တော်သည် ရှေးကာလ၌ မြေကြီးကိုတည်တော်မူ၏။ ကောင်းကင်သည်လည်း ကိုယ်တော်၏လက်တော်ဖြင့်ပြုလုပ်သောအရာ ဖြစ်ပါ၏။
ကိုယ်တော်သည် မိမိအထက်ခန်းတို့၏ရက်မများကို ရေပေါ်တွင်တည်ထားပြီး တိမ်တိုက်များကို မြင်းရထားအဖြစ်စီးလျက် လေ၏တောင်ပံများဖြင့် သွားလာတော်မူ၏။
ကိုယ်တော်သည် ခေရုဗိမ်ကိုစီး၍ ပျံသန်းတော်မူ၏။ လေအတောင်ပံများအားဖြင့် ထိုးဆင်းတော်မူ၏။
လူမျိုးတကာတို့သည် မငြိမ်မသက်ဖြစ်ကြ၏။ တိုင်းနိုင်ငံတို့သည် တုန်လှုပ်ကြ၏။ ကိုယ်တော်သည် မိမိအသံကိုလွှင့်တော်မူသောအခါ ကမ္ဘာမြေကြီးသည် အရည်ပျော်လေ၏။
မြေကြီးသားအပေါင်းတို့၊ ဘုရားသခင်ထံသို့ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။
နာမတော်၏ဘုန်းအသရေကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်အား ချီးမွမ်းခြင်းဘုန်းအသရေကို ဆက်သကြလော့။
ဘုရားသခင်ထံသို့ သီချင်းဆိုကြလော့။ ကိုယ်တော်၏နာမတော်ကို သီဆိုချီးမွမ်းကြလော့။ မိုးတိမ်များကိုစီးတော်မူသောအရှင်ကို ချီးကျူးထောမနာပြုကြလော့။ ကိုယ်တော်၏နာမတော်ကား ထာဝရဘုရားပေတည်း။ ကိုယ်တော်၏ရှေ့တော်၌ ရွှင်မြူးကြလော့။
ကိုယ်တော်၏ပလ္လင်တော်သည် ရှေးကာလမှစ၍ တည်လျက်ရှိပါ၏။ ကိုယ်တော်သည် ထာဝရကတည်းကပင် ရှိတော်မူ၏။
ထိုအခါ ခေရုဗိမ်တို့၏တောင်ပံခတ်သံကို အနန္တတန်ခိုးရှင်ဘုရားသခင် မိန့်မြွက်တော်မူသောစကားသံကဲ့သို့ အပြင်ဝင်းတိုင်အောင် ကြားရ၏။
သင်၏ဘုရားသခင်ထာဝရဘုရားသည် မိုးကောင်းကင်နှင့် အမြင့်ဆုံးမိုးကောင်းကင်ကိုလည်းကောင်း၊ မြေကြီးနှင့် မြေကြီး၌ရှိသောအရာအားလုံးကိုလည်းကောင်း ပိုင်ဆိုင်သောအရှင်ဖြစ်သော်လည်း
အို ယေရှုရုန်၊ သင်၏ဘုရားနှင့်တူသောဘုရားမရှိ။ ကိုယ်တော်သည် သင့်ကိုကူညီမစရန် မိုးကောင်းကင်ကိုစီးနင်းတော်မူ၏၊ မိမိအာနုဘော်တော်ဖြင့်မိုးတိမ်ကို စီးနင်းတော်မူ၏။
ထိုအခါ ကောင်းကင်မှကြီးသောအသံက “ဤအရပ်သို့တက်လာခဲ့ကြလော့”ဟု ထိုသူနှစ်ဦးတို့အားဆိုသည်ကို ကြားလျှင် သူတို့သည် မိုးတိမ်ဖြင့် ကောင်းကင်သို့တက်သွားကြ၏။ သူတို့၏ရန်သူများသည်လည်း သူတို့ကိုကြည့်နေကြ၏။
သတ္တမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ ကောင်းကင်၌ ကျယ်လောင်သောအသံဖြစ်ပေါ်လျက် “ကမ္ဘာ့နိုင်ငံသည် ငါတို့၏ထာဝရအရှင်နှင့် ကိုယ်တော်၏ခရစ်တော်ပိုင်ဆိုင်တော်မူရာဖြစ်လေပြီ။ ကိုယ်တော်သည်လည်း ကမ္ဘာအဆက်ဆက်စိုးစံတော်မူလိမ့်မည်”ဟု ဆို၏။
ထို့နောက် ကောင်းကင်၌ရှိသော ဘုရားသခင်၏ဗိမာန်တော်သည်ပွင့်၍ ထိုဗိမာန်တော်ထဲတွင် ကိုယ်တော်၏ပဋိညာဉ်သေတ္တာတော်ကို တွေ့မြင်ရ၏။ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးချုန်းခြင်း၊ ငလျင်လှုပ်ခြင်းနှင့် ကြီးမားသောမိုးသီးကျခြင်းတို့လည်း ဖြစ်ပေါ်လေ၏။