အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 68:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကိုယ်တော်​၏​လူစု​တော်​သည် ထို​အရပ်​၌​အခြေချ​ခဲ့​ကြ​ပါ​၏​။ အို ဘုရားသခင်​၊ ကိုယ်တော်​သည် အဖိနှိပ်​ခံရ​သော​သူ​တို့​အတွက် ကိုယ်တော်​၏​ကောင်းမြတ်​တော်မူ​ခြင်း​ထဲမှ ပြင်ဆင်​ပေး​တော်မူ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည်​ထို​အ​ရပ်​တွင် နေ​ထိုင်​ကြ​၏။ ဆင်း​ရဲ​နွမ်း​ပါး​သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏ ကောင်း​မြတ်​တော်​မူ​ခြင်း​ကြောင့်​ဖူ​လုံ​လျက်​ရှိ ကြ​ပါ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

အို ဘု ရား သ ခင်၊ ပ ရိ သတ် တော် ကို နေ ရာ ချ လျက်၊ ဆင်း ရဲ သူ တို့ အ ဖို့၊ ကျေး ဇူး တော် အ လျောက်၊ ပြင် ဆင် တော် မူ ပါ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ကိုယ်​တော်၏ အ​လုံး​အ​ရင်း​သည် နေ​ရာ​ကျ​ရ​ကြ​ပါ၏။ အို​ဘု​ရား​သ​ခင်၊ ဆင်း​ရဲ​သော​သူ​တို့​အ​ဖို့ ကျေး​ဇူး​တော်​အား​ဖြင့် ပြင်​ဆင်​တော်​မူ၏။

အခန်းကိုကြည့်ပါ။



ဆာ​လံ 68:10
18 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​၍ ကိုယ်တော်​၏​အစေအပါး​တို့​နှင့် ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​၏​အပြစ်​များ​ကို ခွင့်လွှတ်​တော်မူ​ပါ​။ မှန်ကန်​သော​လမ်း​ကို လိုက်လျှောက်​နိုင်​ရန် သွန်သင်​တော်မူ​ပါ​။ ကိုယ်တော်​၏​လူမျိုး​တော်​အား အမွေ​ပေး​တော်မူ​သော ကိုယ်တော်​၏​မြေ​ပေါ်တွင် မိုး​ကို​ရွာ​စေ​တော်မူ​ပါ​။


ကိုယ်တော်​သည် ထို​မြေ​ပေါ်မှ​ထွန်ကြောင်း​တို့​ကို စိုစွတ်​စေ​၍ ထယ်စာ​တို့​ကို ညီညာ​စေ​တော်မူ​၏​။ ရွာသွန်း​သော​မိုး​အားဖြင့် ထို​မြေ​ကို​ပျော့ပျောင်း​စေ​၍ ၎င်း​၌​ပေါက်​သော​အပင်​ကို ကောင်းချီးပေး​တော်မူ​၏​။


ကိုယ်တော်​သည် တစ်နှစ်တာကာလ​ကို မိမိ​၏​ကောင်းမြတ်​ခြင်း​သရဖူ ဆောင်း​ပေး​တော်မူ​၏​။ ကိုယ်တော်​၏​လမ်း​တော်​တို့​သည်​လည်း ကြွယ်ဝခြင်း​နှင့်​ပြည့်လျှံ​လျက်​ရှိ​ပါ​၏​။


ကိုယ်တော်​သည် ကမ္ဘာမြေကြီး​ကို အကြည့်အရှု​ကြွလာ​တော်မူ​၍ ၎င်း​အပေါ် ရေ​ကို​သွန်းဖြိုး​စေ​လျက် အလွန်​ကြွယ်ဝ​စေ​တော်မူ​၏​။ ဘုရားသခင်​၏​မြစ်​သည် ရေ​နှင့်​ပြည့်​လျက်​ရှိ​၏​။ ကိုယ်တော်​သည် ကမ္ဘာမြေကြီး​ကို ထိုသို့​ပြင်ဆင်​၍ လူ​တို့​အား ကောက်ပဲသီးနှံ​များ​ကို​ပေး​တော်မူ​၏​။


ကိုယ်တော့်​ချိုးငှက်​၏​အသက်​ကို သားရဲတိရစ္ဆာန်​အား ပေး​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​၏​အဖိနှိပ်​ခံရ​သော​လူ​တို့​၏​အသက်​ကို အစဉ်​မေ့လျော့​တော်​မ​မူ​ပါ​နှင့်​။


ကျောက်ဆောင်​ကို​ရိုက်​သောအခါ ရေ​များ​စီးထွက်​လာ​ပါ​၏​။ စမ်းချောင်း​များ​စီးဆင်း​ပါ​၏​။ သို့သော် မုန့်​ကို​ကား ပေး​နိုင်​ပါ​မည်​လော​။ မိမိ​လူမျိုး​တော်​အတွက် အသား​ကို ပြင်ဆင်​ပေး​နိုင်​ပါ​မည်​လော​”​ဟု ဘုရားသခင်​ကို ဆန့်ကျင်​ပြောဆို​ကြ​၏​။


ကိုယ်တော်​သည် မောပန်း​သော​သူ​တို့​ကို ခွန်အား​ပေး​တော်မူ​၏​။ အစွမ်း​မ​ရှိ​သော​သူ​တို့​ကို စွမ်းအား​နှင့်​ပြည့်စုံ​စေ​တော်မူ​၏​။


ထို​သူ​တို့​သည် စုရုံး​၍ မောရှေ​နှင့်​အာရုန်​အား “​သင်​တို့ တရားလွန်​နေ​ပြီ​။ လူထု​အပေါင်း​တို့​သည် တစ်ယောက်မကျန် သန့်ရှင်း​ကြ​၏​။ ထာဝရဘုရား​သည်​လည်း သူ​တို့​နှင့်အတူ​ရှိ​တော်မူ​၏​။ ထာဝရဘုရား​၏​လူအစုအဝေး​အပေါ် သင်တို့ကိုယ်သင်တို့ အဘယ်ကြောင့် ချီးမြှောက်​ရ​သနည်း​”​ဟု ဆို​လေ​၏​။


မျက်မမြင်​တို့​သည် မျက်စိ​မြင်​ရ​ကြ​၏။ ခြေ​မသန်စွမ်း​သူ​တို့​သည် လမ်းလျှောက်​နိုင်​ကြ​၏။ အနာကြီး​ရောဂါသည်​တို့​သည် စင်ကြယ်​ခြင်း​သို့​ရောက်​ကြ​၏။ နားမကြား​သော​သူ​တို့​သည် ကြား​ရ​ကြ​၏။ သေ​သော​သူ​တို့​သည် ထမြောက်​စေ​ခြင်း​ကို​ခံ​ရ​ကြ​၏။ ဆင်းရဲသား​တို့​သည် ကောင်းမြတ်​သော​သတင်း​ကို ကြား​ရ​ကြ​၏။


ဆာလောင်​သော​သူ​တို့​ကို ကောင်း​သော​အရာ​များ​ဖြင့်​ပြည့်ဝ​စေ​၍ ကြွယ်ဝ​သော​သူ​တို့​ကို လက်ချည်း​သက်သက်​ပြန်လွှတ်​တော်မူ​၏။


ထိုအခါ သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ ‘​အကျွန်ုပ်​၏​ဘိုးဘေး​သည် လှည့်လည်​သွားလာ​နေ​သူ အာရံ​လူမျိုး​ဖြစ်​ပါ​၏​။ သူ​သည် အီဂျစ်​ပြည်​သို့ လူ​အနည်းငယ်​နှင့် ဆင်းသွား​၍ ထို​ပြည်​၌​တည်းခိုနေထိုင်​ပါ​၏​။ သို့သော် ထို​ပြည်​၌ပင် အင်အားကြီး​၍​များပြား​သော​လူမျိုး​ကြီး​ဖြစ်လာ​ပါ​၏​။


သင်​တို့​အား​ခွဲဝေ​ပေးအပ်​ထား​သော​သူ​တို့​အပေါ် စိုးမိုး​ခြယ်လှယ်​ခြင်း​မ​ပြု​ဘဲ သိုးစု​အတွက် စံနမူနာ​ဖြစ်​ကြ​လော့။


ဆင်းရဲသား​ကို မြေမှုန့်​ထဲမှ ဆွဲထူ​၍ နွမ်းပါး​သူ​ကို ပြာပုံ​ထဲမှ​ချီမ​တော်မူ​ပြီး မင်းသား​တို့​နှင့်အတူ​ထိုင်​စေ​တော်မူ​၏​။ ဘုန်းကြီး​သော​ပလ္လင်​ကို အမွေဆက်ခံ​စေ​တော်မူ​၏​။ အကြောင်းမူကား ထာဝရဘုရား​သည် ကမ္ဘာမြေကြီး​၏​အုတ်မြစ်​ကို ပိုင်​တော်မူ​၍ ကမ္ဘာလောက​ကို ထို​အုတ်မြစ်​ပေါ်တွင် ချထား​တော်မူ​၏​။