ထာဝရဘုရားပြုတော်မူသောအမှုတို့သည် ကြီးမြတ်လှပေ၏။ ထိုအမှုတို့ကို နှစ်သက်သောသူအပေါင်းတို့သည် ၎င်းတို့ကို ရှာဖွေလေ့လာကြ၏။
ဆာလံ 66:5 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏လုပ်ဆောင်တော်မူချက်တို့ကို လာ၍ကြည့်ကြလော့။ လူသားတို့အတွက် ကိုယ်တော်ပြုတော်မူသောအမှုတို့သည် အံ့ဩဖွယ်ကောင်းပေ၏။ Common Language Bible ဘုရားသခင်ပြုတော်မူသောအမှုအရာများ၊ လူတို့တွင်ကိုယ်တော်ပြုတော်မူသောအံ့သြ ဖွယ်ရာ အမှုများကိုလာ၍ကြည့်ကြလော့။ Garrad Bible ဘု ရား သ ခင့် အ မှု တော် များ၊ လူ သား တို့ ဘောင် တွင် ကြောက် မက် ဖွယ် အ စီ အ ရင် တော် များ ကို၊ လာ ရောက် ရှု ကြည့် ကြ လော့။ Judson Bible ဘုရားသခင် စီရင်တော်မူသောအမှုတော်ကို လာ၍ ကြည့်ကြလော့။ လူသားတို့တွင် စီရင်တော်မူသော အမှုတို့သည် အံ့ဩဖွယ်ဖြစ်ကြ၏။ |
ထာဝရဘုရားပြုတော်မူသောအမှုတို့သည် ကြီးမြတ်လှပေ၏။ ထိုအမှုတို့ကို နှစ်သက်သောသူအပေါင်းတို့သည် ၎င်းတို့ကို ရှာဖွေလေ့လာကြ၏။
ကမ္ဘာမြေကြီးပေါ်တွင် ကြီးစွာသောပျက်စီးခြင်းများဖြစ်ပေါ်စေသည့် ထာဝရဘုရား၏အမှုတော်များကို လာ၍ကြည့်ရှုကြလော့။
ကိုယ်တော်သည် ကမ္ဘာမြေကြီးအစွန်းတိုင်အောင် စစ်ပွဲတို့ကိုအဆုံးသတ်စေတော်မူ၏။ လေးကိုချိုးလျက် လှံကိုအပိုင်းပိုင်းဖြတ်ကာ စစ်ရထားတို့ကို မီးဖြင့်ရှို့တော်မူ၏။
ကိုယ်တော်သည် လူမျိုးတကာတို့ကို ငါတို့အောက်၌လည်းကောင်း၊ တိုင်းသူပြည်သားတို့ကို ငါတို့၏ခြေဖဝါးအောက်၌လည်းကောင်း ငြိမ်ဝပ်ပိပြားစေတော်မူ၏။
ဘုရားသခင်ကိုကြောက်ရွံ့သောသူအပေါင်းတို့၊ လာ၍နားထောင်ကြလော့။ ငါ၏စိတ်ဝိညာဉ်အတွက် ကိုယ်တော်ပြုတော်မူသောအရာကို ငါပြောပြမည်။
“ကိုယ်တော်ပြုတော်မူသောအမှုတို့သည် အံ့ဩဖွယ်ကောင်းလှပါ၏။ ကိုယ်တော်၏အစွမ်းသတ္တိကြီးမားမှုကြောင့် ကိုယ်တော်၏ရန်သူတို့သည် ကိုယ်တော်၏ရှေ့၌ ခယဝပ်တွားကြပါလိမ့်မည်။
ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသော ကိုယ်တော်၏နာမတော်ကို သူတို့ချီးမွမ်းကြပါစေ။ ကိုယ်တော်သည် သန့်ရှင်းတော်မူ၏။
ဘီးခွေတို့သည် အလွန်မြင့်၍ အံ့ဩဖွယ်ကောင်းလှ၏။ ဘီးလေးဘီးစလုံး၏ခွေမှာ မျက်စိအပြည့်ပါရှိ၏။
ယာကုပ်အမျိုးကို မှော်အတတ်ဖြင့်မပြုစားနိုင်။ အစ္စရေးလူမျိုးကို ဂမ္ဘီရပညာဖြင့်မလှည့်ဖြားနိုင်။ ယခုတွင် ‘ဘုရားသခင် မည်သို့ပြုတော်မူပါသနည်း’ဟူ၍ ယာကုပ်အမျိုး၊ အစ္စရေးလူမျိုးကိုရည်ဆောင်၍ ပြောဆိုရလိမ့်မည်။