ကိုယ်တော်၏သစ္စာတော်သည် မျိုးဆက်အစဉ်အဆက်မြဲမြံပါ၏။ ကိုယ်တော်သည် မြေကြီးကိုတည်တော်မူသဖြင့် ၎င်းသည်တည်မြဲလျက်ရှိပါ၏။
ဆာလံ 65:6 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် မိမိကိုယ်မိမိ အစွမ်းတန်ခိုးတော်နှင့်ပတ်စည်းလျက် တောင်များကို မိမိ၏တန်ခိုးတော်ဖြင့် တည်စေတော်မူ၏။ Common Language Bible ကိုယ်တော်ရှင်သည်တန်ခိုးတော်အားဖြင့် တောင်များကိုနေရာချထားတော်မူလျက် တန်ခိုးအာနုဘော်တော်ကိုပြတော်မူပါ၏။ Garrad Bible ခွန် အား ကို ခြုံ ရုံ သော ကိုယ် တော် သည်၊ တန် ခိုး တော် ဖြင့် တောင် များ ကို တည် လျက်၊ သ မု ဒ္ဒ ရာ ဟိန်း သံ၊ Judson Bible ကိုယ်တော်သည် တန်ခိုးနှင့်ပြည့်စုံသဖြင့်၊ အားကြီး၍ တောင်များကိုတည်စေတော်မူ၏။ |
ကိုယ်တော်၏သစ္စာတော်သည် မျိုးဆက်အစဉ်အဆက်မြဲမြံပါ၏။ ကိုယ်တော်သည် မြေကြီးကိုတည်တော်မူသဖြင့် ၎င်းသည်တည်မြဲလျက်ရှိပါ၏။
အကြောင်းမူကား ကိုယ်တော်သည် ၎င်းကို သမုဒ္ဒရာပေါ်တွင်တည်၍ မြစ်များပေါ်တွင်မြဲမြံစေတော်မူ၏။
ထာဝရဘုရားသည် စိုးစံတော်မူ၍ ဘုန်းတန်ခိုးတော်ကို ဆင်မြန်းတော်မူ၏။ ထာဝရဘုရားသည် ထိုသို့ဆင်မြန်း၍ မိမိကိုယ်ကိုအစွမ်းသတ္တိနှင့်ပတ်စည်းတော်မူ၏။ ကမ္ဘာလောကသည်လည်း မတုန်လှုပ်နိုင်အောင် တည်မြဲလျက်ရှိ၏။
ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါသည် ကြောက်ရွံ့ခြင်းမရှိဘဲ ယုံကြည်ကိုးစားမည်။ အကြောင်းမူကား ထာဝရဘုရားသည် ငါ၏ခွန်အား၊ ငါ၏တေးသီချင်း၊ ငါ့ကို ကယ်တင်သောအရှင်ဖြစ်တော်မူ၏”ဟု ဆိုလိမ့်မည်။
မြေကြီးစွန်းရှိသမျှတို့၊ ငါ့ထံသို့ပြန်လှည့်လာ၍ ကယ်တင်ခြင်းကိုခံယူကြလော့။ အကြောင်းမူကား ငါသည် ဘုရားသခင်ဖြစ်၏။ အခြားဘုရားမရှိ။
အို ထာဝရဘုရား၏လက်ရုံးတော်၊ နိုးထတော်မူပါ။ နိုးထတော်မူပါ။ ခွန်အားကိုဆင်ယင်တော်မူပါ။ ရှေးကာလနေ့ရက်များကကဲ့သို့၊ ရှေးလွန်လေပြီးသောမျိုးဆက်တို့ခေတ်ကကဲ့သို့ နိုးထတော်မူပါ။ ရာဟပ်ကိုခုတ်ဖြတ်သောသူ၊ မြွေနဂါးကိုထိုးဖောက်သောသူသည် ကိုယ်တော်ပင်မဟုတ်လော။
အနီရောင်ဝတ်ရုံကိုဝတ်လျက် ဧဒုံပြည်၊ ဗောဇရမြို့မှလာသော ဤသူကား မည်သူနည်း။ ထည်ဝါသောအဝတ်တန်ဆာကိုဆင်လျက် ကြီးမားသောခွန်အားနှင့် ချီတက်လာသော ဤသူကား မည်သူနည်း။ ဖြောင့်မတ်စွာမိန့်ဆိုသော၊ ကယ်တင်နိုင်စွမ်းရှိသော ငါပင်ဖြစ်၏။
အို တောင်များတို့၊ အို ခိုင်ခံ့သောမြေကြီးအုတ်မြစ်တို့၊ ထာဝရဘုရား၏စွဲချက်ကိုနားထောင်ကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် မိမိလူမျိုးတော်ကို စွဲချက်တင်တော်မူပြီ။ အစ္စရေးလူမျိုးနှင့် အချေအတင်ပြောဆိုတော်မူမည်။
ရပ်တော်မူလျှင် မြေကြီးလှုပ်၍ ကြည့်တော်မူလျှင် တိုင်းနိုင်ငံတို့ တုန်လှုပ်ကြလေ၏။ ရှေးတောင်ကြီးများလည်း ကွဲလွင့်၍ ရှေးတောင်ကုန်းများလည်း နိမ့်ဝင်ကုန်၏။ နည်းလမ်းတော်တို့မူကား ထာဝရတည်၏။
သူရဲကောင်းတို့၏လေးသည် ကျိုးလေပြီ။ အားနည်းသောသူတို့မူကား ခွန်အားနှင့်ပတ်စည်းခြင်းကို ခံရလေပြီ။