Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 119:90 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

90 ကိုယ်တော်​၏​သစ္စာ​တော်​သည် မျိုးဆက်​အစဉ်အဆက်​မြဲမြံ​ပါ​၏​။ ကိုယ်တော်​သည် မြေကြီး​ကို​တည်​တော်မူ​သဖြင့် ၎င်း​သည်​တည်မြဲ​လျက်​ရှိ​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

90 သစ္စာ​တော်​သည်​ကာ​လ​အ​စဉ်​အ​ဆက်​တည်​ပါ​၏။ ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​ရှင်​နေ​ရာ​ခ​ထား တော်​မူ​သည့်​အ​တိုင်း​တည်​လက်​ရှိ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

90 မြေ ပ ထ ဝီ ကို မြဲ မြံ စေ တော် မူ၍၊ တည် နေ သည့် အ တိုင်း၊ သ စ္စာ တော် လည်း လူ မျိုး အ ဆက် ဆက် တည် မြဲ ပါ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

90 သ​စ္စာ​တော်​သည် လူ​မျိုး​အ​ဆက်​ဆက် မြဲ​မြံ​ပါ၏။ မြေ​ကြီး​ကို တည်​စေ​တော်​မူ​သ​ဖြင့်၊ သူ​သည် အ​မြဲ​နေ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 119:90
12 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား ထာဝရဘုရား​သည် ကောင်းမြတ်​တော်မူ​၏​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၍ ကိုယ်တော်​၏​သစ္စာ​တော်​သည် မျိုးဆက်​အစဉ်အဆက်​တည်​၏​။


မြေကြီး​ကို ၎င်း​၏​အုတ်မြစ်​များ​ပေါ်တွင် တည်​ထား​တော်မူ​၍ ၎င်း​သည် မည်သည့်​အခါ​မျှ တုန်လှုပ်​လိမ့်မည်​မ​ဟုတ်​။


ကိုယ်တော်​သည် ၎င်း​တို့​ကို ကာလ​အစဉ်အဆက်​တည်​စေ​၍ မ​ပျောက်ပျက်​နိုင်​သော​ပြဋ္ဌာန်းချက်​ကို ပေး​တော်မူ​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် ကောင်းကင်​သို့​ရောက်​၍ ကိုယ်တော်​၏​သစ္စာ​တော်​သည် မိုးတိမ်​ထိ​တိုင်အောင် ရောက်​ပါ​၏​။


ကောင်းကင်​ကို ကိုယ်တော်​ပိုင်​တော်မူ​၏​။ မြေကြီး​ကို​လည်း ကိုယ်တော်​ပိုင်​တော်မူ​၏​။ ကမ္ဘာလောက​နှင့် ၎င်း​၌​ရှိသမျှ​သော​အရာ​တို့​ကို ကိုယ်တော်​တည်​တော်မူ​၏​။


ထာဝရဘုရား​သည် စိုးစံ​တော်မူ​၍ ဘုန်းတန်ခိုး​တော်​ကို ဆင်မြန်း​တော်မူ​၏​။ ထာဝရဘုရား​သည် ထိုသို့​ဆင်မြန်း​၍ မိမိကိုယ်ကို​အစွမ်းသတ္တိ​နှင့်​ပတ်စည်း​တော်မူ​၏​။ ကမ္ဘာလောက​သည်​လည်း မ​တုန်လှုပ်​နိုင်​အောင် တည်မြဲ​လျက်​ရှိ​၏​။


မျိုးဆက်​တစ်​ဆက်​လွန်သွား​၍ မျိုးဆက်​တစ်​ဆက်​ပေါ်လာ​၏​။ သို့သော် ကမ္ဘာမြေကြီး​သည် အစဉ်အမြဲ​တည်​နေ​၏​။


ကိုယ်တော်​သည် ရှေးယခင်​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​သည့်​အတိုင်း ယာကုပ်​အား သစ္စာ​တော်​ကို​လည်းကောင်း​၊ အာဗြဟံ​အား မေတ္တာကရုဏာ​တော်​ကို​လည်းကောင်း ပြ​တော်မူ​မည်​။


သို့ဖြစ်၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သာလျှင် ဘုရား​ဖြစ်​တော်မူ​ပြီး ကိုယ်တော်​ကို​ချစ်​သော​သူ​တို့​နှင့် ပညတ်တော်​တို့​ကို​စောင့်ထိန်း​သော​သူ​တို့​အပေါ် မျိုးဆက်​တစ်ထောင်​တိုင်အောင် ပဋိညာဉ်​တည်​၍ မေတ္တာကရုဏာ​ကို ပြ​တော်မူ​သည့် သစ္စာရှိ​သော​ဘုရား​ဖြစ်​တော်မူ​ကြောင်း​၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ