ထိုသို့ ငါအသံကုန်အော်ဟစ်သည်ကို သူကြားသောအခါ သူ့အဝတ်ကို ငါ့လက်၌စွန့်ထားခဲ့၍ အပြင်သို့ပြေးထွက်သွားလေ၏”ဟု ဆိုပြီးလျှင်
ဆာလံ 64:6 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် မတရားမှုများကိုကြံစည်လျက် “ငါတို့သည် ပြည့်စုံသောအကြံအစည်ကို ကြံစည်ကြပြီ”ဟု ဆိုကြ၏။ အကယ်စင်စစ် လူ၏အတွင်းနှလုံးသားသည် နက်လှ၏။ Common Language Bible သူတို့သည်ဆိုးညစ်သည့်အမှုများကိုကြံစည် ပြီးလျှင် ``လွန်စွာပါးနပ်လိမ္မာသည့်အမှုကိုငါတို့ကြံစည်၍ ပြီးလေပြီ'' ဟုဆိုကြ၏။ လူ၏စိတ်နှလုံးနှင့်အကြံအစည်ကိုသိရှိရန် လွန်စွာပင်ခက်ခဲနက်နဲလှပါသည်တကား။ Garrad Bible မ ကောင်း မှု ကို ကြံ ဖန် ၍၊ မ ရ မ နေ ကြံ စည် တတ် ကြ ပါ ၏။ လူ တို့ အ တွင်း သ ဘော သည် အ လွန် နက် နဲ ပါ ၏။ Judson Bible မတရားသောအမှုတို့ကို ကိုယ်အဖို့ စစ်ဆေးရှာဖွေတတ်ကြ၏။ အကုန်အစင်စစ်ဆေးရှာဖွေတတ်ကြ၏။ အသီးအသီး စိတ်နှလုံးထဲမှာ ကြံစည်သောအရာတို့သည် အလွန်နက်နဲကြ၏။ |
ထိုသို့ ငါအသံကုန်အော်ဟစ်သည်ကို သူကြားသောအခါ သူ့အဝတ်ကို ငါ့လက်၌စွန့်ထားခဲ့၍ အပြင်သို့ပြေးထွက်သွားလေ၏”ဟု ဆိုပြီးလျှင်
သူက “ဘုရားသခင် မေ့လျော့တော်မူပြီ။ မျက်နှာတော်လွှဲ၍ မည်သည့်အခါမျှ မြင်တော်မမူ”ဟု စိတ်နှလုံးထဲ၌ပြောဆိုတတ်၏။
ရက်စက်ကြမ်းကြုတ်သောသက်သေတို့သည် ထကြ၍ ငါမသိသောအရာများကို ငါ့အားမေးမြန်းကြ၏။
ထိုသူတို့က မိမိတို့အိမ်သည် အစဉ်အမြဲတည်၍ မိမိတို့နေထိုင်ရာအရပ်သည် မျိုးဆက်အစဉ်အဆက်တည်လိမ့်မည်ဟု ထင်မှတ်လျက် မြေကွက်တို့ကို မိမိတို့အမည်ဖြင့်မှည့်ခေါ်ကြ၏။
အကြောင်းမူကား သူတို့၏နှုတ်တွင် တည်ကြည်မှုမရှိပါ။ သူတို့စိတ်ထဲ၌ ယုတ်မာစဉ်းလဲမှုရှိ၍ သူတို့၏လည်ချောင်းသည် ပွင့်နေသောသင်္ချိုင်းတွင်းဖြစ်ပါ၏။ သူတို့၏လျှာသည် မြှောက်ပင့်ပြောဆိုတတ်ပါ၏။
လူ၏စိတ်နှလုံး၌ရှိသောအကြံဉာဏ်သည် နက်သောရေနှင့်တူ၏။ သို့သော် ထိုးထွင်းဉာဏ်ရှိသောသူသည် ၎င်းကိုခပ်ယူလိမ့်မည်။
ထာဝရဘုရားမသိအောင် မိမိတို့အကြံအစည်ကို အစွမ်းကုန်ဖုံးကွယ်၍ မိမိတို့၏အမှုကို မှောင်မိုက်ထဲ၌ပြုလျက် “ငါတို့ကိုမည်သူမြင်မည်နည်း။ မည်သူသိမည်နည်း”ဟု ပြောဆိုသောသူတို့သည် အမင်္ဂလာရှိကြ၏။
ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် တရားလွှတ်တော်အဖွဲ့ဝင်အားလုံးသည် ယေရှုကို သေဒဏ်ချမှတ်နိုင်ရန် ကိုယ်တော်ကိုဆန့်ကျင်ထွက်ဆိုမည့် မမှန်သောသက်သေကို ရှာကြ၏။
ဂျူးလူမျိုးတို့ကလည်း “အကျွန်ုပ်တို့၌ ပညတ်တရားရှိပါ၏။ ဤသူသည် မိမိကိုယ်ကို ဘုရားသခင်၏သားတော်ဖြစ်သည်ဟုကြေညာသောကြောင့် ထိုပညတ်တရားအရ သေထိုက်ပါ၏”ဟု ပြန်လျှောက်ကြ၏။
သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။
ထိုအခါ ရှောလု၏အမှုထမ်းတစ်ဦးဖြစ်သော ဧဒုံအမျိုးသားဒေါဂက “ယေရှဲ၏သားသည် နောဗမြို့ရှိ အဟိတုပ်၏သား အဟိမလက်ထံသို့လာသည်ကို အကျွန်ုပ်တွေ့ပါ၏။
ဒါဝိဒ်က ရှောလုမင်းကြီးအား “ ‘ဒါဝိဒ်သည် အရှင်မင်းကြီးကို မကောင်းကြံနေပါသည်’ဟု လူတို့ပြောသောစကားအား အဘယ်ကြောင့် နားယောင်ရပါသနည်း။
နာဗလက ဒါဝိဒ်၏အစေအပါးတို့အား “ဒါဝိဒ်ကား မည်သူနည်း။ ယေရှဲ၏သားကား မည်သူနည်း။ ယခုနေ့ရက်တို့တွင် သခင့်ထံမှ ထွက်ပြေးသောအစေအပါး များပြားလှပါတကား။