ကြည့်ရှုလော့။ ဆိုးယုတ်သောသူတို့သည် စိတ်နှလုံးဖြောင့်မှန်သောသူတို့ကို မှောင်ကြီးမည်းကြီးထဲမှပစ်ခတ်ရန် လေးကြိုးပေါ်တွင် မြားကိုတင်၍ ချိန်ရွယ်ထားကြပြီ။
ဆာလံ 64:3 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် မိမိတို့လျှာကို ဓားကဲ့သို့ထက်စေပြီး မိမိတို့၏ခါးသီးသောစကားများကို မြားကဲ့သို့ချိန်ရွယ်လျက် Common Language Bible သူတို့သည်မိမိတို့၏လျှာကိုဋ္ဌားသဖွယ် သွေးကြပါ၏။ သနားကြင်နာခြင်းကင်းမဲ့သောစကား များဖြစ်သော မြားများကိုချိန်ရွယ်ကြ၏။ Garrad Bible ထို သူ တို့ သည် ကိုယ့် လျှာ ကို ဓား ကဲ့ သို့ ကျင်း ခြင်း၊ နစ် နာ ရာ စ ကား ဖြစ် သော မြှား ကို ရွယ် ခြင်း၊ စုံ လင် သော သူ့ ကို၊ အောင်း ရာ မှ ပစ် ခြင်း ကြံ လျက်၊ ရှောင် တ ခင် ဘေး ကင်း စွာ ပစ် တတ် ကြ သည် တ ကား။ Judson Bible ထိုသူတို့သည် မိမိတို့လျှာကို ဓားကဲ့သို့ သွေးတတ်ကြ၏။ |
ကြည့်ရှုလော့။ ဆိုးယုတ်သောသူတို့သည် စိတ်နှလုံးဖြောင့်မှန်သောသူတို့ကို မှောင်ကြီးမည်းကြီးထဲမှပစ်ခတ်ရန် လေးကြိုးပေါ်တွင် မြားကိုတင်၍ ချိန်ရွယ်ထားကြပြီ။
အကျွန်ုပ်အတွက် သူတို့ထောင်ထားသော ကျော့ကွင်းမှလည်းကောင်း၊ အပြစ်ဒုစရိုက်ပြုသောသူတို့၏ ထောင်ချောက်မှလည်းကောင်း အကျွန်ုပ်ကိုစောင့်ရှောက်တော်မူပါ။
ငါ၏စိတ်ဝိညာဉ်သည် ခြင်္သေ့တို့အလယ်၌ရှိ၏။ အငမ်းမရဝါးမျိုတတ်သည့် လူသားတို့အလယ်၌ ငါလဲလျောင်းနေ၏။ သူတို့၏သွားသည် လှံနှင့်မြားကဲ့သို့ဖြစ်၏။ သူတို့၏လျှာသည်လည်း ထက်သောဓားကဲ့သို့ဖြစ်၏။
သူတို့သည် စီးသွားသောရေကဲ့သို့ ပျောက်ကွယ်သွားကြပါစေ။ လေးကိုတင်သောအခါ မြားတို့သည် မြားဦးကျိုးသကဲ့သို့ဖြစ်ကြပါစေ။
ဓားနှင့်ထိုးသကဲ့သို့ မဆင်မခြင်ပြောဆိုတတ်သောသူရှိ၏။ ပညာရှိသောသူတို့၏စကားမူကား ဒဏ်ရာဒဏ်ချက်ကို ပျောက်ကင်းစေတတ်၏။
အဖိနှိပ်ခံရသောသူတို့ကို မြေကြီးပေါ်မှလည်းကောင်း၊ နွမ်းပါးသောသူတို့ကို လူထုထဲမှလည်းကောင်း ဝါးမျိုပစ်ရန် သန်လျက်ကဲ့သို့သောသွားနှင့် ဓားကဲ့သို့သောအစွယ်ရှိသောသူများရှိ၏။
သင့်ကိုတိုက်ခိုက်ရန် ထုတ်လုပ်သောလက်နက်ရှိသမျှသည် အထမြောက်မည်မဟုတ်။ သင်နှင့်တရားဆိုင်၍ သင့်ကိုဆန့်ကျင်သောလျှာရှိသမျှတို့ကို သင်က အောင်နိုင်လိမ့်မည်။ ဤသည်ကား ထာဝရဘုရား၏အစေအပါးတို့ ရရှိသောအမွေ၊ ငါ့ထံမှရရှိသောဖြောင့်မတ်ခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။
“သူတို့သည် မုသားလေးကို မိမိတို့လျှာပေါ် တင်ကြ၏။ တိုင်းပြည်တွင် သစ္စာတရားမလွှမ်းမိုးနိုင်။ သူတို့သည် မကောင်းမှုကိုတစ်ခုပြီးတစ်ခုပြုကြ၏။ ငါ့ကိုကား အသိအမှတ်မပြုကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။