ငါ့တဲ၌နေသောသူတို့က ‘သူကျွေးသောအသားကို ဝလင်စွာမစားရသောသူ ရှိသလော’ဟု ဆိုလေ့ရှိသည်မဟုတ်လော။
ဆာလံ 57:3 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ကောင်းကင်မှစေလွှတ်၍ ငါ့ကိုကယ်တင်တော်မူလိမ့်မည်။ ငါ့ကိုနင်းချေသောသူတို့ကို ပြစ်တင်ဆုံးမတော်မူလိမ့်မည်။(စေလာ) ဘုရားသခင်သည် မိမိ၏မေတ္တာကရုဏာတော်နှင့် သမ္မာတရားကို စေလွှတ်တော်မူလိမ့်မည်။ Common Language Bible ကိုယ်တော်သည်ကောင်းကင်ဘုံမှထူးတော်မူ၍ ငါ့ကိုကယ်တော်မူလိမ့်မည်။ ငါ့ကိုညှဉ်းဆဲနှိပ်စက်သူတို့အားနှိမ်နင်း တော်မူလိမ့်မည်။ ဘုရားသခင်သည်မိမိ၏ခိုင်မြဲသောမေတ္တာ တော်နှင့် သစ္စာတော်ကိုငါ့အားပြတော်မူလိမ့်မည်။ Garrad Bible ငါ့ ကို နှိပ် နှင်း လို သူ ကဲ့ ရဲ့ သော်၊ ကောင်း ကင် ဘုံ က စေ လွှတ် ကယ် တင်၍၊ က ရု ဏာ တော် နှင့် သ စ္စာ တော် ကို ဘု ရား သ ခင် စေ လွှတ် တော် မူ မည်။ Judson Bible ကောင်းကင်ကလက်တော်ကို ဆန့်တော်မူမည်။ ငါ့ကိုကိုက်စားအံ့သောသူကို အရှက်ခွဲသဖြင့်၊ ငါ့ကို ကယ်တင်တော်မူမည်။ ကရုဏာတော်နှင့် သစ္စာတော်ကို ဘုရားသခင် စေလွှတ်တော်မူမည်။ |
ငါ့တဲ၌နေသောသူတို့က ‘သူကျွေးသောအသားကို ဝလင်စွာမစားရသောသူ ရှိသလော’ဟု ဆိုလေ့ရှိသည်မဟုတ်လော။
ထာဝရဘုရားသည် ငါ့အမှုကို ပြီးပြည့်စုံစေတော်မူလိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်ပါ၏။ ကိုယ်တော်၏လက်တော်ဖြင့် ပြုလုပ်သောအရာများကို ပစ်ထားတော်မမူပါနှင့်။
အို ထာဝရဘုရား၊ အကျွန်ုပ်အား သနားစုံမက်ခြင်းကို ချုပ်တည်းတော်မမူပါနှင့်။ ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့် ကိုယ်တော်၏သမ္မာတရားသည် အကျွန်ုပ်ကို အစဉ်ကာကွယ်စောင့်ရှောက်ပါစေသော။
ကိုယ်တော်၏အလင်းနှင့် ကိုယ်တော်၏သမ္မာတရားကို စေလွှတ်တော်မူပါ။ ၎င်းတို့သည် အကျွန်ုပ်ကို ကိုယ်တော်၏ သန့်ရှင်းသောတောင်တော်သို့လည်းကောင်း၊ ကိုယ်တော်၏ကိန်းဝပ်တော်မူရာ တဲတော်သို့လည်းကောင်း ဦးဆောင်လမ်းပြလျက် ခေါ်ဆောင်သွားကြပါစေသော။
သူသည် ဘုရားသခင်၏ရှေ့တော်၌ အစဉ်အမြဲစိုးစံပါစေသော။ မေတ္တာကရုဏာနှင့်သမ္မာတရားသည် သူ့ကိုကာကွယ်စောင့်ရှောက်မည့်အကြောင်း စီရင်တော်မူပါ။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့အား ငြိမ်သက်ခြင်းကို ပေးတော်မူပါပြီ။ အကယ်စင်စစ် အကျွန်ုပ်တို့၏အမှုရှိသမျှတို့ကို အကျွန်ုပ်တို့အတွက် ကိုယ်တော်ပြုတော်မူပါပြီ။
ဤလူမျိုးသည် ခြင်္သေ့မကဲ့သို့ထကြွ၍ ခြင်္သေ့ထီးကဲ့သို့ မာန်ဝင့်နေ၏။ သူသည် သားကောင်ကိုမစားရမီ၊ သူကိုက်သတ်သောအကောင်၏သွေးကိုမသောက်ရမီ လဲလျောင်းနေမည်မဟုတ်”ဟု ဆိုလေ၏။
အကြောင်းမူကား ပညတ်တရားကို မောရှေအားဖြင့်ပေးတော်မူ၏။ ကျေးဇူးတော်နှင့်သမ္မာတရားမူကား ယေရှုခရစ်တော်အားဖြင့်ဖြစ်လာ၏။
ထိုအခါ ပေတရုသည် သတိပြန်ဝင်လာ၍ “သခင်ဘုရားသည် မိမိ၏ကောင်းကင်တမန်ကိုစေလွှတ်ပြီး ဟေရုဒ်မင်း၏လက်မှလည်းကောင်း၊ ဂျူးလူမျိုးတို့မျှော်မှန်းထားသောအရာအားလုံးမှလည်းကောင်း ငါ့ကိုကယ်နုတ်တော်မူသည်ကို ယခု ငါအမှန်သိပြီ”ဟု ဆို၏။