ကိုယ်တော့်ကိုပြစ်မှားမိ၍ ကိုယ်တော်သည် သူတို့ကို ဆုံးမသောအားဖြင့် ကောင်းကင်တံခါးကိုပိတ်လျက် မိုးခေါင်စေသောအခါ သူတို့သည် အပြစ်လမ်းမှပြန်လှည့်၍ ကိုယ်တော်၏နာမတော်ကိုဝန်ခံလျက် ဤနေရာသို့မျက်နှာမူပြီး ဆုတောင်းအသနားခံလျှင်
ဆာလံ 5:7 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်မူကား ကိုယ်တော်၏ ကြီးမားသောမေတ္တာကရုဏာတော်ကြောင့် ကိုယ်တော်၏အိမ်တော်သို့ရောက်၍ ကိုယ်တော်ကိုကြောက်ရွံ့သောစိတ်ဖြင့် ကိုယ်တော်၏သန့်ရှင်းသောဗိမာန်တော်ဘက်သို့ မျက်နှာမူလျက် ရှိခိုးကိုးကွယ်ပါမည်။ Common Language Bible ကျွန်တော်မျိုးအဖို့မှာမူကိုယ်တော်၏ကြီး မားသော မေတ္တာတော်ကိုခံစားရသဖြင့် အိမ်တော်သို့ဝင်နိုင်ပါ၏။ ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောဗိမာန်တော်တွင် ကိုးကွယ်ဝတ်ပြုကာ ကိုယ်တော်အားရိုသေလေးမြတ်စွာ ဦးညွှတ်ရှိခိုးနိုင်ပါ၏။ Garrad Bible အ ကျွန်ုပ် မူ ကား၊ မေ တ္တာ ကျေး ဇူး တော် မြောက် မြား သည့် အ လျောက်၊ စံ ရာ တော် သို့ ဝင် လာ ပါ မည်။ ခန့် ညား သည့် အ လျောက်၊ သန့်ရှင်း သော ဗိ မာန် တော် ရှေ့ ပျပ် ဝပ် ရှိ ခိုး ပါ မည်။ Judson Bible အကျွန်ုပ်မူကား၊ များစွာသော ကျေးဇူးတော်ကိုခံစားရသဖြင့်၊ အိမ်တော်သို့ရောက်၍၊ ကိုယ်တော်ကို ကြောက်ရွံ့သောစိတ်နှင့် သန့်ရှင်းသောဗိမာန်တော်တွင် ကိုးကွယ်ပါလိမ့်မည်။ |
ကိုယ်တော့်ကိုပြစ်မှားမိ၍ ကိုယ်တော်သည် သူတို့ကို ဆုံးမသောအားဖြင့် ကောင်းကင်တံခါးကိုပိတ်လျက် မိုးခေါင်စေသောအခါ သူတို့သည် အပြစ်လမ်းမှပြန်လှည့်၍ ကိုယ်တော်၏နာမတော်ကိုဝန်ခံလျက် ဤနေရာသို့မျက်နှာမူပြီး ဆုတောင်းအသနားခံလျှင်
တစ်စုံတစ်ယောက်ဖြစ်စေ၊ ကိုယ်တော်၏လူမျိုးတော်အစ္စရေးအပေါင်းတို့ဖြစ်စေ ကိုယ့်ဝေဒနာကိုယ်သိမှတ်လျက် ဤအိမ်တော်သို့မျက်နှာမူပြီး လက်ကိုဆန့်လျက် ဆုတောင်းအသနားခံလျှင်
လိမ်လည်ကောက်ကျစ်မှုကိုပြုသောသူသည် အကျွန်ုပ်၏အိမ်ထဲ၌ နေထိုင်ရလိမ့်မည်မဟုတ်ပါ။ မုသားပြောဆိုသောသူသည် အကျွန်ုပ်၏မျက်စိရှေ့တွင် ရပ်တည်နိုင်မည်မဟုတ်ပါ။
သို့သော် ကိုယ်တော်သည် ခွင့်လွှတ်တော်မူသောကြောင့် လူတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ရိုသေကြပါ၏။
ကိုယ်တော်ကိန်းဝပ်တော်မူရာတဲတော်သို့ သွားကြကုန်စို့။ ကိုယ်တော်၏ခြေတင်ခုံရှေ့၌ ပျပ်ဝပ်ကြကုန်စို့။
အကျွန်ုပ်သည် ကိုယ်တော်၏သန့်ရှင်းသော ဗိမာန်တော်သို့မျက်နှာမူ၍ ရှိခိုးကိုးကွယ်ပါမည်။ ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့်သမ္မာတရားအတွက် နာမတော်ကိုချီးမွမ်းပါမည်။ အကြောင်းမူကား ကိုယ်တော်သည် နာမတော်နှင့်ကတိတော်တို့ကို အရာခပ်သိမ်းတို့ထက် ချီးမြှောက်တော်မူပြီ။
အကျွန်ုပ်သည် ကိုယ်တော့်ထံ အကူအညီ အော်ဟစ်တောင်းခံသောအခါ၌လည်းကောင်း၊ ကိုယ်တော်၏သန့်ရှင်းသောဗျာဒိတ်ဌာနဘက်သို့ အကျွန်ုပ်လက်ကိုမြှောက်သောအခါ၌လည်းကောင်း၊ အကျွန်ုပ်အသနားခံသောအသံကို နားညောင်းတော်မူပါ။
ဖြောင့်မတ်သောသူတို့ အော်ဟစ်တောင်းလျှောက်ကြသောအခါ ထာဝရဘုရားသည်နားညောင်း၍ သူတို့၏ဆင်းရဲဒုက္ခအပေါင်းတို့မှ သူတို့ကိုကယ်နုတ်တော်မူ၏။
အို ဘုရားသခင်၊ ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့်အညီ အကျွန်ုပ်ကိုသနားတော်မူပါ။ ကိုယ်တော်၏ကြီးမားသောသနားစုံမက်ခြင်းနှင့်အညီ အကျွန်ုပ်ကျူးလွန်သောအပြစ်များကို ပယ်ဖျက်တော်မူပါ။
သို့သော် ငါသည် ဘုရားသခင်၏အိမ်တော်၌ စိမ်းလန်းသောသံလွင်ပင်ကဲ့သို့ဖြစ်၏။ ငါသည် ဘုရားသခင်၏မေတ္တာကရုဏာတော်ကို ကာလအစဉ်အဆက်ယုံကြည်ကိုးစား၏။
အို ထာဝရဘုရား၊ အကျွန်ုပ်မူကား နှစ်သက်ဖွယ်သောအချိန်၌ ကိုယ်တော့်ထံ ဆုတောင်းပါ၏။ အို ဘုရားသခင်၊ ကိုယ်တော်၏ကြီးမားသောမေတ္တာကရုဏာနှင့်အညီ ကိုယ်တော်၏ကယ်တင်ခြင်းနှင့်ဆိုင်သော သမ္မာတရားဖြင့် အကျွန်ုပ်ကိုထူးတော်မူပါ။
အို ထာဝရဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာသည် ကောင်းမြတ်သည်ဖြစ်၍ အကျွန်ုပ်ကိုထူးတော်မူပါ။ ကိုယ်တော်၏ကြီးမားသောသနားစုံမက်ခြင်းနှင့်အညီ အကျွန်ုပ်ဘက်သို့လှည့်တော်မူပါ။
ထာဝရဘုရားမုန်းတော်မူသောအရာခြောက်ပါးမက ကိုယ်တော်၏စိတ်ဝိညာဉ် စက်ဆုပ်ရွံရှာတော်မူသောအရာခုနစ်ပါးမှာ
ထောင်လွှားသောမျက်နှာ၊ မုသားသုံးသောလျှာ၊ အပြစ်ကင်းသောသူကိုသတ်ဖြတ်သောလက်၊
ဆိုးယုတ်သောသူသည် မိမိလမ်းကိုလည်းကောင်း၊ အပြစ်ဒုစရိုက်ပြုသောသူသည် မိမိအကြံအစည်တို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြန်လှည့်လာပါစေ။ သို့ပြုလျှင် ကိုယ်တော်သည် သူ့ကို သနားတော်မူမည်။ ငါတို့၏ဘုရားသခင်ထံတော်သို့ ပြန်လှည့်လာပါစေ။ အကြွင်းမဲ့ခွင့်လွှတ်တော်မူမည်။
အကျွန်ုပ်တို့၏ဘိုးဘေးများ ကိုယ်တော်ကိုချီးမွမ်းရာအရပ်ဖြစ်သည့် သန့်ရှင်း၍ ဂုဏ်ကျက်သရေရှိသော အကျွန်ုပ်တို့၏အိမ်တော်သည် မီးလောင်သွားလေပြီ။ ကျွန်ုပ်တို့နှစ်သက်မြတ်နိုးသောအရာရှိသမျှတို့သည် ပျက်စီးသွားလေပြီ။
ထိုအမိန့်စာကို ဒါရိမင်းကြီးလက်မှတ်ရေးထိုးကြောင်း ဒံယေလကြားသိသော်လည်း သူသည် အိမ်သို့ပြန်၍အပေါ်ထပ် မိမိအခန်းသို့ဝင်ကာ ဂျေရုဆလင်မြို့ဘက်သို့မျက်နှာမူထားသော ပြတင်းပေါက်ကိုဖွင့်ပြီး ဘုရားသခင်ရှေ့တော်တွင် ယခင်ကတစ်နေ့သုံးကြိမ်ဒူးထောက်ဆုတောင်းခဲ့သည့်အတိုင်း ဆုတောင်းလျက်ကျေးဇူးတော်ကို ချီးမွမ်းလေ၏။
ထို့နောက်မှ အစ္စရေးအမျိုးသားတို့သည် ပြန်လာ၍ မိမိတို့၏ဘုရားသခင်ထာဝရဘုရားကို ရှာကြလိမ့်မည်။ သူတို့၏ဘုရင် ဒါဝိဒ်မင်းကြီးကို ရှာကြလိမ့်မည်။ နောက်ဆုံးသောနေ့တွင် ထာဝရဘုရားထံမှ ကောင်းချီးခံစားရမည့်အကြောင်း ထာဝရဘုရားထံ ကြောက်ရွံ့ရိုသေစွာ ပြန်လာကြလိမ့်မည်။
ဤသို့ဖြင့် ယုဒနယ်၊ ဂါလိလဲနယ်နှင့် ရှမာရိနယ်တစ်လျှောက်လုံး၌ အသင်းတော်သည် ငြိမ်းချမ်းမှုကိုရရှိ၍ တည်ဆောက်မြှင့်တင်ခြင်းခံရကာ သခင်ဘုရားကိုကြောက်ရွံ့ခြင်း၌လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏တိုက်တွန်းအားပေးခြင်း၌လည်းကောင်း လျှောက်လှမ်းလျက် တိုးပွားလေ၏။
ထို့ကြောင့် ငါတို့သည် ကရုဏာတော်နှင့်ကျေးဇူးတော်တို့ကိုခံစားရလျက် သင့်လျော်သောအချိန်၌ ကူညီမစမှုကိုရရှိမည့်အကြောင်း ယုံကြည်စိတ်ချစွာဖြင့် ကျေးဇူးတော်ပလ္လင်သို့ တိုးဝင်ချဉ်းကပ်ကြကုန်စို့။
ထာဝရဘုရားကို ဝတ်မပြုသင့်ဟု သင်တို့ထင်မှတ်လျှင် ယနေ့ သင်တို့ဝတ်ပြုလိုသည့်ဘုရားကို သင်တို့ရွေးချယ်လော့။ ယူဖရေးတီးမြစ်တစ်ဖက်ကမ်း၌ သင်တို့ဘိုးဘေးဝတ်ပြုခဲ့သောအခြားဘုရားများကို ဝတ်ပြုမည်လော၊ သင်တို့နေထိုင်ရာပြည်ရှိ အာမောရိလူမျိုးတို့၏ဘုရားကို ဝတ်ပြုမည်လော။ ငါနှင့်ငါ့အိမ်သူအိမ်သားတို့မူကား ထာဝရဘုရားကိုသာ ဝတ်ပြုမည်”ဟု ဆို၏။