ထိုသို့ဖြစ်သောကြောင့် ဆီးရီးယားဘုရင်သည် သံသယစိတ်ဝင်လာကာ မိမိအမှုထမ်းတို့ကိုဆင့်ခေါ်ပြီးလျှင် “ငါတို့တွင် မည်သူသည် အစ္စရေးဘုရင်၏လူ ဖြစ်သည်ကို ငါ့အား ပြောပါ”ဟု ဆို၏။
ဆာလံ 48:4 - မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ ရှင်ဘုရင်တို့သည် စုဝေးလျက် အတူတကွချီတက်လာကြ၏။ Common Language Bible ရှင်ဘုရင်တို့သည်စုရုံးလျက်ဇိအုန်တောင်ကို တိုက်ခိုက်ရန်ချီတက်လာကြ၏။ Garrad Bible ဘု ရင် မင်း တို့ သည် စု ပေါင်း ချီ လာ ကြ ရာ၊ မြင် လျှင် မြင် ချင်း အံ့ အား သင့်၍၊ Judson Bible ရှင်ဘုရင်တို့သည် စည်းဝေး၍ အတူလျှောက်သွားကြ၏။ |
ထိုသို့ဖြစ်သောကြောင့် ဆီးရီးယားဘုရင်သည် သံသယစိတ်ဝင်လာကာ မိမိအမှုထမ်းတို့ကိုဆင့်ခေါ်ပြီးလျှင် “ငါတို့တွင် မည်သူသည် အစ္စရေးဘုရင်၏လူ ဖြစ်သည်ကို ငါ့အား ပြောပါ”ဟု ဆို၏။
တိုင်းနိုင်ငံ၏သံတမန်တို့ကို မည်သို့ပြန်ပြောရမည်နည်း။ ထာဝရဘုရားသည် ဇိအုန်မြို့ကိုတည်တော်မူပြီ။ ထိုမြို့၌ အဖိနှိပ်ခံရသောလူမျိုးတော်တို့ ခိုလှုံကြလိမ့်မည်ဟု ပြန်ပြောရမည်။
ထိုနေ့ရက်၌ ယုဒပြည်တွင် ဤသီချင်းကို သီဆိုလိမ့်မည်။ “ငါတို့၌ ခိုင်ခံ့သောမြို့ရှိ၏။ ကိုယ်တော်သည် ကယ်တင်ခြင်းကို မြို့ရိုးသဖွယ်၊ တံတိုင်းသဖွယ် တည်တော်မူမည်။
ဩဇိမင်းကြီး၏သားတော်ယောသံ၊ ယောသံမင်းကြီး၏သားတော် ယုဒဘုရင်အာခတ်မင်းကြီး၏လက်ထက်တွင် ဆီးရီးယားဘုရင်ရေဇိန်မင်းကြီး၊ ရေမလိ၏သား အစ္စရေးဘုရင်ပေကာမင်းကြီးတို့သည် ဂျေရုဆလင်မြို့ကို ချီတက်တိုက်ခိုက်၏။ သို့သော် မအောင်နိုင်ခဲ့ပေ။
သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။