ထာဝရဘုရားက “အဖိနှိပ်ခံရသောသူတို့ကြုံရသည့်ညှဉ်းဆဲခြင်းနှင့် နွမ်းပါးသောသူတို့၏ညည်းတွားခြင်းကြောင့် ယခုပင် ငါထမည်။ သူတို့တမ်းတသောလုံခြုံရာအရပ်၌ သူတို့ကိုငါထားမည်”ဟု မိန့်တော်မူ၏။
ဆာလံ 44:23 - မြန်မာ့စံမီသမ္မာကျမ်း အို ဘုရားရှင်၊ နိုးတော်မူပါ။ အဘယ်ကြောင့် ကျိန်းစက်နေတော်မူသနည်း။ ထတော်မူပါ။ အကျွန်ုပ်တို့ကို အစဉ်ငြင်းပယ်တော်မမူပါနှင့်။ Common Language Bible အို ထာဝရဘုရား၊ နိုးထတော်မူပါ။ ကိုယ်တော်ရှင်သည်အဘယ်ကြောင့်ကျိန်းစက်၍ နေတော်မူပါသနည်း။ ထတော်မူပါ။ ကျွန်တော်မျိုးတို့အားထာဝစဉ်ပစ်ပယ်တော်မမူပါနှင့်။ Garrad Bible အို အ ရှင် ဘု ရား၊ နိုး ကြား တော် မူ ပါ။ အ ဘယ့် ကြောင့် ကျိန်း စက် တော် မူ ပါ သ နည်း။ ထ တော် မူ ပါ။ အ ကျွန်ုပ် တို့ ကို အ စဉ် စွန့် ပယ် တော် မ မူ ပါ နှင့်။ Judson Bible အိုဘုရားရှင်၊ နိုးတော်မူပါ။ အဘယ်ကြောင့် ကျိန်းစက်တော်မူသနည်း။ ထတော်မူပါ။ အကျွန်ုပ်တို့ကို အစဉ်စွန့်ပစ်တော်မမူပါနှင့်။ |
ထာဝရဘုရားက “အဖိနှိပ်ခံရသောသူတို့ကြုံရသည့်ညှဉ်းဆဲခြင်းနှင့် နွမ်းပါးသောသူတို့၏ညည်းတွားခြင်းကြောင့် ယခုပင် ငါထမည်။ သူတို့တမ်းတသောလုံခြုံရာအရပ်၌ သူတို့ကိုငါထားမည်”ဟု မိန့်တော်မူ၏။
အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏အရှင်၊ တရားမျှတမှုကိုအကျွန်ုပ်ရရှိရန်နှင့် အကျွန်ုပ်၏အမှုကိစ္စအတွက် နိုးကြွ၍ထတော်မူပါ။
သို့သော် ကိုယ်တော်သည် အကျွန်ုပ်တို့ကိုငြင်းပယ်၍ အသရေပျက်စေတော်မူပြီ။ အကျွန်ုပ်တို့၏ဗိုလ်ခြေများနှင့်အတူလည်း ချီတက်တော်မမူတော့ပါ။
အို ထာဝရဘုရား၊ အမျက်တော်နှင့်ထတော်မူပါ။ အကျွန်ုပ်ရန်သူတို့၏ဒေါသကိုဆန့်ကျင်လျက် ရပ်တော်မူပါ။ အကျွန်ုပ်အတွက် နိုးကြွတော်မူပါ။ ကိုယ်တော်သည် တရားစီရင်ခြင်းကိုစီမံတော်မူပြီ။
အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ်ငြင်းပယ်တော်မူသနည်း။ ကိုယ်တော်၏အမျက်တော်သည် ကိုယ်တော်၏စားကျက်မှသိုးစုအပေါ် အဘယ်ကြောင့်တငွေ့ငွေ့လောင်တော်မူသနည်း။
ဘုရားရှင်သည် အစဉ်အမြဲငြင်းပယ်တော်မူမည်လော။ ကိုယ်တော်သည် နောက်တစ်ဖန်ထပ်၍ ကျေးဇူးမပြုဘဲ နေတော်မူမည်လော။
ထိုအခါ ဘုရားရှင်သည် အိပ်ပျော်ရာမှနိုးလာသောသူကဲ့သို့လည်းကောင်း၊ စပျစ်ဝိုင်အရှိန်ပြေသွားသော စစ်သူရဲကဲ့သို့လည်းကောင်း နိုးထတော်မူ၍
အို ထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်ကြောင့် အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုစွန့်ပယ်၍ အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မူပါသနည်း။
အို ထာဝရဘုရား၏လက်ရုံးတော်၊ နိုးထတော်မူပါ။ နိုးထတော်မူပါ။ ခွန်အားကိုဆင်ယင်တော်မူပါ။ ရှေးကာလနေ့ရက်များကကဲ့သို့၊ ရှေးလွန်လေပြီးသောမျိုးဆက်တို့ခေတ်ကကဲ့သို့ နိုးထတော်မူပါ။ ရာဟပ်ကိုခုတ်ဖြတ်သောသူ၊ မြွေနဂါးကိုထိုးဖောက်သောသူသည် ကိုယ်တော်ပင်မဟုတ်လော။
သို့သော် ကိုယ်တော်သည် လှေပဲ့ပိုင်းတွင် ခေါင်းအုံးအုံးလျက် အိပ်စက်နေတော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော်ကိုနှိုးလျက် “ဆရာ၊ အကျွန်ုပ်တို့သေရတော့မည်ကို ကိုယ်တော်ဂရုမစိုက်ဘဲနေတော်မူသလော”ဟု လျှောက်ကြ၏။