ထို့ကြောင့် ဒါဝိဒ်မင်းကြီးနှင့် သူနှင့်အတူရှိသော လူအပေါင်းတို့သည် ထ၍ဂျော်ဒန်မြစ်ကို ကူးကြ၏။ နံနက်မိုးလင်းချိန်ရောက်လျှင် တစ်ယောက်မကျန် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းကို ရောက်ကုန်ကြ၏။
ဆာလံ 42:6 - မြန်မာ့စံမီသမ္မာကျမ်း အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် အကျွန်ုပ်အထဲ၌ ညှိုးငယ်လျက်ရှိပါ၏။ ထို့ကြောင့် အကျွန်ုပ်သည် ဂျော်ဒန်မြစ်ဝှမ်းနှင့် ဟေရမုန်တောင်ရိုးတို့မှလည်းကောင်း၊ မိဇရတောင်မှလည်းကောင်း ကိုယ်တော်ကိုအောက်မေ့ပါ၏။ Common Language Bible ယခုပြည်နှင်ဒဏ်ငါခံနေရချိန်၌ငါ၏ စိတ်နှလုံးသည်ကြေကွဲလျက်ရှိ၏။ သို့ဖြစ်၍ငါသည်ကိုယ်တော်ကို အောက်မေ့သတိရပါ၏။ ကိုယ်တော်သည်ဟေရမုန်တောင်နှင့် မိဇရတောင်မှဝမ်းနည်းခြင်းလှိုင်းလုံးများကို စေလွှတ်တော်မူပြီးလျှင် ယော်ဒန်မြစ်မှရေတံခွန်စီးဆင်းလာသကဲ့သို့ အသံဗလံနှင့်ငါ့ကိုလွှမ်းမိုးစေတော်မူပါ၏။ Garrad Bible အို အ ကျွန်ုပ် ဘု ရား သ ခင်၊ စိတ် ဝိ ညာဉ် သည်၊ အ တွင်း၌ ညှိုး ငယ် လျက် ရှိ ပါ၏။ သို့ ဖြစ်၍ ယော် ဒန် မြစ် ဖြာ ရာ၊ ဟေ ရ မုန် တောင် တန်း နှင့် မိ ဇ ရ ကုန်း မှ၊ ကိုယ် တော် ကို အ ကျွန်ုပ် သ တိ ရ ပါ၏။ Judson Bible အကျွန်ုပ်စိတ်ဝိညာဉ်သည် အကျွန်ုပ်အထဲမှာ ညှိုးငယ်လျက်ရှိပါ၏။ အကြောင်းမူကား၊ ယော်ဒန်မြစ်ကမ်း၊ ဟေရမုန်တောင်ရိုး၊ မိဇရကုန်းပေါ်မှာ ကိုယ်တော်ကို အကျွန်ုပ်အောက်မေ့ပါ၏။ |
ထို့ကြောင့် ဒါဝိဒ်မင်းကြီးနှင့် သူနှင့်အတူရှိသော လူအပေါင်းတို့သည် ထ၍ဂျော်ဒန်မြစ်ကို ကူးကြ၏။ နံနက်မိုးလင်းချိန်ရောက်လျှင် တစ်ယောက်မကျန် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းကို ရောက်ကုန်ကြ၏။
ဒါဝိဒ်မင်းကြီးသည် မဟာနိမ်မြို့သို့ ရောက်သောအခါ အမ္မုန်ပြည်၊ ရဗ္ဗာမြို့မှ နာဟတ်၏သား ရှောဘိ၊ လောဒေဗာမြို့မှ အမျေလ၏သား မာခိရ၊ ရောဂေလိမ်မြို့မှ ဂိလဒ်ပြည်သား ဗာဇိလဲ တို့က
ဇိအုန်တောင်များပေါ်သို့ကျသည့် ဟေရမုန်တောင်၏နှင်းစက်ကဲ့သို့လည်းဖြစ်၏။ အကြောင်းမူကား ထိုသို့နေထိုင်ကြသောအရပ်၌ အစဉ်အမြဲအသက်ရှင်ခြင်းတည်းဟူသော ကောင်းချီးမင်္ဂလာကို ထာဝရဘုရားအပ်နှင်းတော်မူ၏။
အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကိုအဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း။ အကျွန်ုပ်ကိုကယ်တင်တော်မမူ၊ အကျွန်ုပ်ညည်းတွားသောစကားတို့ကိုလည်း နားထောင်တော်မမူဘဲ အဘယ်ကြောင့် ဝေးစွာနေတော်မူသနည်း။
ထိုအခါ အကျွန်ုပ်သည် ဘုရားသခင်၏ယဇ်ပလ္လင်တော်သို့လည်းကောင်း၊ အကျွန်ုပ်၏ဝမ်းမြောက်ရွှင်လန်းခြင်းဖြစ်တော်မူသော ဘုရားထံသို့လည်းကောင်း သွားပါမည်။ အို ဘုရားသခင်၊ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်သည် စောင်းတီး၍ ကိုယ်တော်ကို ချီးမွမ်းပါမည်။
အို ငါ၏စိတ်ဝိညာဉ်၊ သင်သည် အဘယ်ကြောင့်ညှိုးငယ်သနည်း။ ငါ့အထဲ၌ အဘယ်ကြောင့် မငြိမ်မသက်ဖြစ်သနည်း။ ဘုရားသခင်ကိုမျှော်လင့်ကိုးစားလော့။ ငါသည် ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါ၏ဘုရားသခင်ကို ထပ်၍ချီးမွမ်းမည်။
အကျွန်ုပ်သည် စိတ်နှလုံးညှိုးငယ်သောအခါ ကိုယ်တော်ကို ကမ္ဘာမြေကြီးအစွန်းမှ ခေါ်ပါ၏။ အကျွန်ုပ်ထက်မြင့်မားသောကျောက်ဆောင်ပေါ်သို့ အကျွန်ုပ်ကိုပို့ဆောင်တော်မူပါ။
အကျွန်ုပ်စိတ်ဝိညာဉ် ညှိုးငယ်သောအခါ ထာဝရဘုရားကို အောက်မေ့ပါ၏။ အကျွန်ုပ်ဆုတောင်းသံသည် ကိုယ်တော်ရှိရာသန့်ရှင်းသောဗိမာန်တော်သို့ ရောက်ပါ၏။
ထို့နောက် ရှေ့သို့အနည်းငယ်ကြွတော်မူပြီး ပျပ်ဝပ်လျက်“အကျွန်ုပ်၏အဖ၊ ဖြစ်နိုင်လျှင် ဤခွက်ကို အကျွန်ုပ်ထံမှ လွန်သွားစေတော်မူပါ။ သို့သော် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်စေတော်မူပါ”ဟု ဆုတောင်းတော်မူ၏။
မွန်းလွဲသုံးနာရီခန့်တွင် ယေရှုသည် ကျယ်လောင်သောအသံဖြင့်“ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ”ဟု အော်ဟစ်တော်မူ၏။ ၎င်း၏အဓိပ္ပာယ်မှာ“အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကို အဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း”ဟူ၍ ဖြစ်၏။