မိန်းမမှမွေးလာသောလူသည် အသက်တာတိုတောင်း၍ ဆင်းရဲဒုက္ခများနှင့် ပြည့်နှက်နေပါ၏။
ဆာလံ 39:6 - မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် လူသည်အရိပ်ကဲ့သို့သွားလာပါ၏။ သူတို့သည် အချည်းနှီးသောအရာကြောင့်သာ မငြိမ်မသက်ဖြစ်တတ်ကြပါ၏။ လူသည် ဥစ္စာများစုဆောင်းသော်လည်း ၎င်းတို့အား မည်သူရမည်ကိုမသိပါ။ Common Language Bible အရိပ်တမျှခဏသာအသက်ရှင်ပါ၏။ သူပြုသမျှသောအမှုအရာတို့သည်ဘာမျှ အကျိုးမရှိ။ သူသည်စည်းစိမ်ဥစ္စာကိုစုဆောင်းသော်လည်း အဘယ်အရာကိုအဘယ်သူရရှိလိမ့်မည်ကို သူမသိ။ Garrad Bible အ သွင် ဆောင်၍ သာ သွား လာ လျက်၊ အ ခိုး အ ငွေ့ ကို သာ ကြံ ဖန် လျက်၊ ထိန်း သိမ်း မည့် သူ့ ကို မ သိ ဘဲ၊ ဥစ္စာ ကို ဆည်း ပူး တတ် ၏။ Judson Bible အကယ်စင်စစ်လူသည် အရိပ်၌သာ ကျင်လည်ပါ၏။ အကယ်စင်စစ် လူတို့သည် အကျိုးမဲ့ ပင်ပန်းကြပါ၏။ ဥစ္စာကိုဆည်းပူးသော်လည်း အဘယ်သူရအံ့သည်ကို မသိရပါ။ |
မိန်းမမှမွေးလာသောလူသည် အသက်တာတိုတောင်း၍ ဆင်းရဲဒုက္ခများနှင့် ပြည့်နှက်နေပါ၏။
ကိုယ့်ကိုယ်ကိုယ် ရွံ့ရှာမိပါ၏။ ထာဝစဉ်အသက်ရှင်ရမည်လည်း မဟုတ်ပါ။ အကျွန်ုပ်၏နေ့ရက်များလည်း အချည်းနှီးပင်ဖြစ်သောကြောင့် အကျွန်ုပ်ကို ပစ်ထားလိုက်ပါ။
ငါ့အသက်သည် လေသက်သက်သာဖြစ်ကြောင်း အောက်မေ့တော်မူပါ။ ကောင်းစားခြင်းကို ပြန်ကြုံတွေ့ရတော့မည်မဟုတ်ပါ။
စောစောထလျက်၊ ညဥ့်နက်မှအိပ်လျက်၊ ခက်ခဲပင်ပန်းစွာ လုပ်ကိုင်စားသောက်လျက်နေခြင်းသည် သင့်အတွက် အချည်းနှီးဖြစ်၏။ အကြောင်းမူကား ကိုယ်တော်သည် မိမိချစ်တော်မူသောသူအား အိပ်စက်ရသောအခွင့်ကိုပေးတော်မူ၏။
လူသည် အခိုးအငွေ့ကဲ့သို့ဖြစ်ပါ၏။ သူ၏နေ့ရက်တို့သည် ရိပ်ကနဲဖြတ်သွားသော အရိပ်ကဲ့သို့ဖြစ်ကြပါ၏။
မည်သူသည် သေခြင်းကိုမမြင်ရဘဲ အသက်ရှင်နိုင်သနည်း။ မည်သူသည် မိမိ၏စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၏တန်ခိုးမှ လွတ်မြောက်စေနိုင်သနည်း။(စေလာ)
သူတော်ကောင်းသည် သားမြေးတို့အတွက် အမွေကိုချန်ထားတတ်၏။ အပြစ်ပြုသောသူ၏ဥစ္စာပစ္စည်းမူကား ဖြောင့်မတ်သောသူအတွက် သိုမှီးထားခြင်းခံရ၏။
ထိုချမ်းသာကြွယ်ဝမှုကို သင်၏မျက်စိဖြင့် ဝေ့ကြည့်လိုက်သောအခါ ၎င်းသည် ရှိတော့မည်မဟုတ်။ အကြောင်းမူကား ၎င်းသည် ရုတ်တရက်အတောင်ပေါက်၍ လင်းယုန်ကဲ့သို့ ကောင်းကင်သို့ပျံသန်းသွားလိမ့်မည်။
အကြောင်းမူကား စည်းစိမ်သည် အစဉ်အမြဲတည်သည်မဟုတ်။ ရာဇသရဖူသည်လည်း မျိုးဆက်အစဉ်အဆက် တည်သည်မဟုတ်။
နေအောက်တွင်ပြုသမျှသောအမှုအားလုံးကို ငါမြင်၏။ ကြည့်ရှုလော့။ အားလုံးသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
သို့ဖြစ်၍ ပူဆွေးခြင်းကို သင်၏စိတ်နှလုံးထဲမှဖယ်ရှားလော့။ ဒုက္ခကိုလည်း သင်၏ကိုယ်ခန္ဓာမှပယ်ထုတ်လော့။ အကြောင်းမူကား ပျိုရွယ်ခြင်းနှင့် အရွယ်ကောင်းခြင်းတို့သည် အချည်းနှီးဖြစ်ကြ၏။
အားလုံးကိုကြားရပြီးသည့်နောက် နိဂုံးချုပ်စကားဟူမူကား ဘုရားသခင်ကိုကြောက်ရွံ့၍ ကိုယ်တော်၏ပညတ်တော်တို့ကိုစောင့်ထိန်းလော့။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် လူတို့ပြုရမည့်အရာအလုံးစုံ၏အချုပ်ဖြစ်၏။
အချည်းနှီး၊ အချည်းနှီး၊ ခပ်သိမ်းသောအရာတို့သည် အချည်းနှီးဖြစ်ကြ၏ဟု ဒေသနာဆရာဆို၏။
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မိမိစိတ်တော်နှင့်တွေ့သောသူအား ဉာဏ်ပညာ၊ အသိပညာနှင့်ဝမ်းမြောက်ခြင်းတို့ကို ပေးတော်မူ၏။ အပြစ်ပြုသောသူကိုကား ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူအားပေးအပ်ရန်အတွက် စုသိမ်း၍သိုမှီးထားရသည့်အလုပ်ကို ပေးတော်မူ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
ရွှေနှင့်ငွေတို့ကိုလည်းကောင်း၊ ရှင်ဘုရင်များနှင့်တိုင်းပြည်တို့၏ဘဏ္ဍာကိုလည်းကောင်း ငါစုဆောင်း၏။ အမျိုးသားသီချင်းသည်နှင့် အမျိုးသမီးသီချင်းသည်တို့ကိုလည်းကောင်း၊ လူသားတို့ပျော်မွေ့ရာဖြစ်သောမောင်းမမိဿံများကိုလည်းကောင်း ငါခေါ်ယူ၏။
ထိုဓနဥစ္စာသည် အဖြစ်ဆိုးတစ်ခုကြောင့်ဆုံးရှုံးသွား၍ ထိုသူသည် သားကိုရသော်လည်း ထိုသား၏လက်တွင် မည်သည့်အရာမျှမရှိချေ။
အစားအစာမဟုတ်သောအရာအတွက် သင်တို့ငွေကိုလည်းကောင်း၊ ရောင့်ရဲမှုမပေးသောအရာအတွက် သင်တို့ချွေးနှဲစာကိုလည်းကောင်း အဘယ်ကြောင့် သင်တို့အသုံးပြုကြသနည်း။ ငါ့စကားကို စေ့စေ့နားထောင်လော့။ ကောင်းသောအစားအစာကို စားကြလော့။ သင်တို့၏စိတ်ဝိညာဉ်သည် အဆီအနှစ်နှင့်ပြည့်သောအစာနှင့် ဝအီလိမ့်မည်။
ထိုသို့ သေးငယ်သောအမှုကိုပင် မတတ်နိုင်ကြလျှင် အဘယ်ကြောင့် အခြားသောအမှုများအတွက် စိုးရိမ်ကြသနည်း။
ထို့ကြောင့် သင်တို့သည် မည်သည့်အရာကိုစားရမည်နည်း၊ မည်သည့်အရာကိုသောက်ရမည်နည်းဟု မရှာကြံကြနှင့်။ စိုးရိမ်ပူပန်ခြင်းလည်းမရှိကြနှင့်။
လောကအရာကိုသုံးစွဲသောသူတို့သည်လည်း ၎င်းကိုအပြည့်အဝမသုံးစွဲသကဲ့သို့ နေကြပါစေ။ အကြောင်းမူကား ဤလောက၏ပုံစံအဖြစ်သနစ်သည် ရွေ့လျားကွယ်ပျောက်သွားမည်။
သင်တို့သည် မနက်ဖြန် မည်သို့ဖြစ်မည်ကို မသိကြ။ သင်တို့၏အသက်သည် မည်သို့သောအရာဖြစ်သနည်း။ သင်တို့သည် ခေတ္တခဏပေါ်လာပြီးနောက် ပျောက်ကွယ်သွားတတ်သော အခိုးအငွေ့ဖြစ်ကြ၏။
သင်တို့၏ရွှေငွေများသည် အချေးတက်လျက်ရှိပြီ။ ထိုအချေးသည်လည်း သင်တို့တစ်ဖက်၌ သက်သေဖြစ်၍ သင်တို့အသားကို မီးကဲ့သို့ လှိုက်စားလိမ့်မည်။ သင်တို့သည် နောက်ဆုံးသောနေ့ရက်ကာလ၌ ဥစ္စာများကိုသိုမှီးထားကြသည်တကား။
အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့သည် မြက်ပင်ကဲ့သို့ဖြစ်၍ သူတို့၏ဘုန်းအသရေရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းခြောက်သွေ့သွား၍ အပွင့်သည်လည်း ကြွေတတ်၏။
ဘုရားသခင်သည် သင်တို့ကို ဂရုစိုက်တော်မူသည်ဖြစ်၍ သင်တို့၏စိုးရိမ်ပူပန်ခြင်းရှိသမျှတို့ကို အထံတော်၌ အပ်နှံကြလော့။