ငါ့ညီအစ်ကိုတို့ကို ငါနှင့် ဝေးကွာစေတော်မူပြီ။ ငါနှင့်သိကျွမ်းသောသူတို့သည်လည်း ငါ့ကို ကျောခိုင်းသွားကြပြီ။
ဆာလံ 38:12 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်အသက်ကိုရန်ရှာသောသူတို့သည် အကျွန်ုပ်ကိုထောင်ဖမ်းကြပါ၏။ အကျွန်ုပ်ဒုက္ခရောက်ရန်ရှာကြံသောသူတို့သည် ပျက်စီးခြင်းအကြောင်းများပြောဆို၍ လိမ်လည်လှည့်ဖြားမှုများကို တစ်နေ့လုံးကြံစည်ကြပါ၏။ Common Language Bible ကျွန်တော်မျိုးအားသတ်ဖြတ်လိုသူတို့သည် ကျော့ကွင်းများကိုထောင်ကြပါ၏။ ကျွန်တော်မျိုးအားဥပဒ်ပြုလိုသူတို့သည် ခြိမ်းခြောက်ပြောဆိုကြပါ၏။ သူတို့သည်ကျွန်တော်မျိုးအားလုပ်ကြံရန် အစဉ်မပြတ်ကြံစည်လျက်နေကြပါ၏။ Garrad Bible အ ကျွန်ုပ် အ သက် အ န္တ ရာယ် ကို ရှာ ကြံ သူ တို့ သည်၊ ကျော့ ကွင်း များ ထောင် ထား လျက်၊ နာ ကျင် စေ လို သူ တို့ လည်း၊ အ ကျိုး ပျက် အောင် လိမ် လည် မှု များ ကို နေ့ ရှိ သ မျှ ကြံ စည် ကြ ပါ၏။ Judson Bible အကျွန်ုပ်အသက်ကို ရှာသောသူတို့သည် ကျော့ကွင်းများကို ထောင်ထားကြပါ၏။ အကျွန်ုပ်၌ အပြစ်ပြုခြင်းအခွင့်ကို ရှာသောသူတို့သည် တစ်နေ့လုံး မနာလိုသောစကားကိုပြော၍၊ မကောင်းသောပရိယာယ်ကို ကြံစည်ကြပါ၏။ |
ငါ့ညီအစ်ကိုတို့ကို ငါနှင့် ဝေးကွာစေတော်မူပြီ။ ငါနှင့်သိကျွမ်းသောသူတို့သည်လည်း ငါ့ကို ကျောခိုင်းသွားကြပြီ။
သူသည် ပုန်းအောင်းနေသောခြင်္သေ့ကဲ့သို့ ကွယ်ရာမှ ချောင်းမြောင်းနေတတ်၏။ အဖိနှိပ်ခံရသောသူကိုဖမ်းဆီးရန် ချောင်းမြောင်းနေတတ်၏။ အဖိနှိပ်ခံရသောသူကို သူ၏ပိုက်ကွန်ထဲသို့ဆွဲယူဖမ်းဆီးတတ်၏။
ဆိုးယုတ်သောသူတို့သည် အကျွန်ုပ်အတွက် ကျော့ကွင်းထောင်ထားကြပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသများမှ လမ်းလွဲမသွားပါ။
မောက်မာသောသူတို့သည် ကြိုးများဖြင့် အကျွန်ုပ်အတွက်ကျော့ကွင်းကို လျှို့ဝှက်စွာထောင်ထားကြပါ၏။ သူတို့သည် လမ်းပေါ်တွင်ပိုက်ကွန်ကိုဖြန့်ထားလျက် အကျွန်ုပ်အတွက် ထောင်ချောက်များဆင်ထားကြပါ၏။(စေလာ)
အကျွန်ုပ်အတွက် သူတို့ထောင်ထားသော ကျော့ကွင်းမှလည်းကောင်း၊ အပြစ်ဒုစရိုက်ပြုသောသူတို့၏ ထောင်ချောက်မှလည်းကောင်း အကျွန်ုပ်ကိုစောင့်ရှောက်တော်မူပါ။
အကျွန်ုပ်သည် သေလွန်ပြီးသောသူကဲ့သို့ လူတို့၏စိတ်ထဲမှမေ့လျော့ခြင်းခံရ၍ ကွဲပျက်သောအိုးကဲ့သို့ဖြစ်ပါပြီ။
အကြောင်းမူကား သူတို့သည် ငြိမ်းချမ်းရေးစကားကိုမပြောဘဲ အေးချမ်းစွာနေထိုင်သောပြည်သားတို့တစ်ဖက်၌ လိမ်လည်လှည့်ဖြားသောစကားတို့ကို လုပ်ကြံပြောဆိုကြပါ၏။
အကျွန်ုပ်အသက်ကိုရန်ရှာသောသူတို့သည် အရှက်ကွဲ၍ အသရေပျက်ကြရပါစေသော။ အကျွန်ုပ်ဒုက္ခရောက်ရန်ကြံစည်သောသူတို့သည် နောက်သို့ပြန်ဆုတ်၍ မျက်နှာပျက်ကြရပါစေသော။
ငါ၏ရန်သူတို့က “မည်သည့်အချိန်မှ သူသေ၍ သူ၏အမည်ပျောက်ကွယ်သွားမည်နည်း”ဟု ငါ့ကိုမကောင်းပြောဆိုကြ၏။
အကြောင်းမူကား သူစိမ်းတို့သည် အကျွန်ုပ်ကိုဆန့်ကျင်လျက်ထကြွကြပါ၏။ ကြမ်းကြုတ်သောသူတို့သည်လည်း အကျွန်ုပ်အသက်ကိုရန်ရှာကြပါ၏။ သူတို့သည် ဘုရားသခင်ကို ဦးထိပ်ထားခြင်းမရှိကြပါ။(စေလာ)
အကြောင်းမူကား ကိုယ်တော်၏အိမ်တော်အတွက် ထက်သန်သောစိတ်သည် အကျွန်ုပ်ကိုလွှမ်းမိုးလျက်ရှိပါ၏။ ကိုယ်တော်ကိုကဲ့ရဲ့ပြစ်တင်သောသူတို့၏ ကဲ့ရဲ့ပြစ်တင်သောစကားသည် အကျွန်ုပ်အပေါ်သို့ကျရောက်ပါ၏။
ဖိစီးနှိပ်စက်မှုကြောင့် အကျွန်ုပ်၏မျက်စိသည် မှုန်ဝါးနေပါ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို နေ့စဉ်နေ့တိုင်းခေါ်လျက် ကိုယ်တော့်ထံ အကျွန်ုပ်၏လက်ကို ဆန့်တန်းနေပါ၏။
ဆင်းရဲသောသူကို သူ၏ညီအစ်ကိုအားလုံးကပင် မုန်းတတ်ကြ၏။ သူ၏မိတ်ဆွေတို့သည် သူ့ကိုဝေးဝေးရှောင်ကြသည်မှာ အဘယ်ဆိုဖွယ်ရှိသနည်း။ သူသည် သူတို့နောက်သို့လိုက်၍ စကားပြောသော်လည်း မည်သူမျှ သူနှင့်စကားမပြောကြပေ။