ဆာလံ 35:26 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်ဒုက္ခရောက်သည်ကို ဝမ်းမြောက်သောသူတို့သည် အတူတကွအရှက်ကွဲ၍ မျက်နှာပျက်ကြရပါစေသော။ အကျွန်ုပ်နှင့်ယှဉ်၍ မိမိကိုယ်ကိုချီးမြှောက်သောသူတို့သည် အရှက်ကွဲခြင်းနှင့် အသရေပျက်ခြင်းကို ဝတ်ဆင်ကြရပါစေသော။ Common Language Bible ကျွန်တော်မျိုး၏ဒုက္ခကိုအကြောင်းပြုကာ နှစ်ထောင်းအားရသူတို့သည် မရှုမလှအရေးနိမ့်၍ကစဥ့်ကရဲ ဖြစ်ကြရပါစေသော။ မိမိတို့ကိုယ်ကိုကျွန်တော်မျိုးထက်သာ သည်ဟု ပြောဆိုသူတို့သည်အရှက်ကွဲ၍ မျက်နှာပျက်ကြရပါစေသော။ Garrad Bible အ ကျွန်ုပ် ဒု က္ခ ကြောင့် အား ရ သော သူ တို့ သည်၊ တစ် လုံး တည်း ကျိုး ယုတ် အ ရှက် ရ လျက်၊ အ ကျွန်ုပ် တစ် ဘက် ၌ ထောင် လွှား သူ တို့ သည်၊ အ ရှက် ကွဲ ခြင်း၊ အ သ ရေ ပျက် ခြင်း နှင့် လွှမ်း ခြုံ ရ ကြ ပါ စေ သော၊ Judson Bible အကျွန်ုပ်၌ ဘေးရောက်သည်အကြောင်းကို ဝမ်းမြောက်သောသူအပေါင်းတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော။ အကျွန်ုပ်တစ်ဖက်၌ ကိုယ်ကို ချီးမြှောက်တတ်သော သူတို့အပေါ်မှာ အသရေပျက်ခြင်းနှင့် ရှက်ကြောက်ခြင်း သက်ရောက်ပါစေသော။ |
သင့်ကိုမုန်းသောသူတို့သည် အရှက်ကွဲခြင်းကို ဝတ်ဆင်ရကြလိမ့်မည်။ ဆိုးယုတ်သောသူတို့၏တဲသည်လည်း ပျောက်ကွယ်သွားလိမ့်မည်”ဟု ဆိုလေ၏။
ထိုကျိန်ဆဲခြင်းသည် သူလွှမ်းခြုံထားသော အဝတ်ကဲ့သို့လည်းကောင်း၊ သူအစဉ်မပြတ်ပတ်ထားသော ခါးပတ်ကဲ့သို့လည်းကောင်း သူ၌ဖြစ်ပါစေ။
ဇိအုန်ကိုမုန်းသောသူရှိသမျှတို့သည် အရှက်ကွဲလျက် နောက်သို့ပြန်ဆုတ်ကြရပါစေ။
ငါသည် သူ၏ရန်သူတို့အား အရှက်ကွဲခြင်းကိုဝတ်ဆင်စေမည်။ သူ့အပေါ်၌မူကား သူ၏ဘုန်းသရဖူသည် ပွင့်လန်းတောက်ပလိမ့်မည်”ဟု မိန့်တော်မူ၏။
အကျွန်ုပ်အသက်ကိုရန်ရှာသောသူတို့သည် အရှက်ကွဲ၍ အသရေပျက်ကြရပါစေသော။ အကျွန်ုပ်ဒုက္ခရောက်ရန်ကြံစည်သောသူတို့သည် နောက်သို့ပြန်ဆုတ်၍ မျက်နှာပျက်ကြရပါစေသော။
သို့ဖြစ်၍ “အကျွန်ုပ်ခြေချော်သောအခါ သူတို့သည် အကျွန်ုပ်အကြောင်းကြောင့်ဝမ်းမြောက်ခြင်း၊ အကျွန်ုပ်အပေါ်မိမိကိုယ်ကိုချီးမြှောက်ခြင်း မရှိကြပါစေနှင့်”ဟု အကျွန်ုပ်လျှောက်ပါပြီ။
အမှန်စင်စစ် ငါ့ကိုကဲ့ရဲ့ပြစ်တင်သောသူသည် ရန်သူမဟုတ်။ ဟုတ်လျှင် ငါခံနိုင်ခဲ့ပေလိမ့်မည်။ ငါ့တစ်ဖက်၌ မိမိကိုယ်ကိုချီးမြှောက်သောသူသည် ငါ့ကိုမုန်းသောသူမဟုတ်။ ဟုတ်လျှင် သူမမြင်အောင် ငါပုန်းရှောင်ခဲ့ပေလိမ့်မည်။
အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုပြစ်တင်စွပ်စွဲသောသူတို့သည် အရှက်ကွဲ၍ ပျက်စီးကြရပါစေသော။ အကျွန်ုပ်ဒုက္ခရောက်ရန် ရှာကြံသောသူတို့သည် ကဲ့ရဲ့ပြစ်တင်ခြင်းနှင့်အသရေပျက်ခြင်း၌ နစ်မွန်းကြရပါစေသော။
သင့်ကို အမျက်ထွက်သောသူအားလုံး အရှက်ကွဲရလိမ့်မည်၊ အသရေပျက်ရလိမ့်မည်။ သင့်ကိုရန်ပြုသောသူတို့သည် ဘာမျှမဟုတ်သောသူကဲ့သို့ဖြစ်သွားပြီး ပျက်စီးခြင်းသို့ရောက်ကြရလိမ့်မည်။
သို့သော် ထာဝရဘုရားသည် အားကြီးသောစစ်သူရဲအဖြစ် ငါ့ဘက်၌ ရှိတော်မူ၏။ ထို့ကြောင့် အကျွန်ုပ်ကို လိုက်လံညှဉ်းဆဲသောသူတို့သည် အနိုင်မရဘဲ လဲကျကြလိမ့်မည်။ မအောင်မြင်ဘဲ အရှက်ကွဲအကျိုးနည်း ဖြစ်ကြလိမ့်မည်။ မမေ့ပျောက်နိုင်အောင် အစဉ်အသရေပျက်ကြလိမ့်မည်။
မောဘပြည်သည် ထာဝရဘုရားထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်သောကြောင့် သူ့ကို ယစ်မူးစေကြလော့။ သူသည် မိမိအန်ဖတ်၌ လူးလိမ့်၍ ပြက်ရယ်ပြုစရာဖြစ်လိမ့်မည်။
ထိုဘုရင်သည် မိမိအလိုအတိုင်း ပြုမူလိမ့်မည်။ ဘုရားတကာတို့ထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှင့်မြှောက်စားလိမ့်မည်။ ဘုရားတကာတို့၏ဘုရားကို ရင့်သီးကြမ်းကြုတ်သောစကားတို့ဖြင့် ဆန့်ကျင်ပြောဆိုလိမ့်မည်။ အမျက်တော်ကာလ ပြီးဆုံးသည်အထိ သူသည် အောင်မြင်မှုရလိမ့်မည်။ စီရင်ထားသောအရာသည် ဧကန်ဖြစ်လာလိမ့်မည်။
“သင်၏ဘုရားသခင်ထာဝရဘုရားကား အဘယ်မှာရှိသနည်း”ဟု ငါ့အား ပြောဆိုသောရန်သူသည် ထိုအဖြစ်ကိုမြင်၍ အရှက်ကွဲရလိမ့်မည်။ ယခုတွင် သူသည် လမ်းပေါ်မှ ရွှံ့ကဲ့သို့ နင်းချေခံရသည်ကို ငါ့မျက်စိဖြင့် တပ်အပ်မြင်ရလိမ့်မည်။
ထိုနည်းတူ ငယ်ရွယ်သောသူတို့၊ အသင်းတော်အကြီးအကဲများကို နာခံကြလော့။ သင်တို့အားလုံး တစ်ယောက်အောက်တစ်ယောက် နှိမ့်ချခြင်းတန်ဆာကို ဆင်ယင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မာနထောင်လွှားသောသူတို့ကို ဆန့်ကျင်၍ နှိမ့်ချသောသူတို့အား ကျေးဇူးတော်ကိုခံစားစေတော်မူ၏။